
မိုင်းယောင်း ဒီဇင်ဘာ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် ဝမ်ပုံ ကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ထပ်ဟိုဖိုင်စေတီ တော် ပရိဝုဏ်အတွင်း၌ နဂါးရုံဘုရား တည်ထား ပြီးစီးမှုအတွက် ရေစက်ချမင်္ဂလာအခမ်းအနားကို ဒီဇင်ဘာ ၁၉ ရက်က ကျင်းပခဲ့ကြောင်း မြို့နယ် သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ သိရသည်။
ပရိတ်တရားတော်များ နာယူ
ရှေးဦးစွာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံ ပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ဂန္ဓရသဝံသောထံမှ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူ၊ အဖွဲ့ဝင်(၂) ဦးစိုင်းဘွန်းစီနှင့် ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော် များ ရွတ်ပွားသရဇ္ဇျာယ်တော်မူသည့် ပရိတ်တရား တော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆရာ တော်၊ သံဃာတော်များထံ ဆက်ကပ်လှူဒါန်းပြီး အနုမောဒနာတရား နာယူကာ လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်ချအမျှပေးဝေကြသည်။
ပါဝင်လှူဒါန်းမှုဖြင့် တည်ထားကိုးကွယ်
မြို့နယ်အတွင်း ကပ်ရောဂါအန္တရာယ်ကင်းဝေး စေရန် စသည့်ကောင်းမှုကုသိုလ်အတွက် မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက် ဆရာတော်၏ ဩဝါဒမိန့်ကြားမှုကိုခံယူပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူ၏ မတည် လှူဒါန်းမှု၊ အဖွဲ့ဝင်(၂) ဦးစိုင်းဘွန်းစီ၏ ကြီးကြပ် ဆောင်ရွက်မှုနှင့် ရွာသူရွာသားများ၏ ပါဝင်လှူဒါန်းမှု များဖြင့် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
စိုင်းအောင်ဇော်လင်း