အုတ်တွင်းမြို့နယ်ရှိ သက်တော် ၇၅ နှစ်အထက်နှင့် ဝါတော် ၅၅ နှစ်အထက် သက်တော်ရှည်ဆရာတော်ကြီးများအား ဆဋ္ဌမအကြိမ်မြောက် မဟာထေရပူဇာနှင့် ဩဝါဒခံယူပွဲ ကျင်းပ

 

နေပြည်တော်    ဒီဇင်ဘာ    ၁၉


ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်ရှိ သက်တော် ၇၅   နှစ်အထက်နှင့်   ဝါတော်   ၅၅  နှစ်အထက် သက်တော်ရှည်  ဆရာတော်ကြီးများအား   ဆဋ္ဌမ အကြိမ်မြောက် မဟာထေရပူဇာနှင့် ဩဝါဒခံယူပွဲကို အုတ်တွင်းမြို့နယ်ရှိ   ဗောဓိကုန်းကျောင်းတိုက်၌ ကျင်းပရာ သက်တော်ရှည်ဆရာတော်ကြီး ၁၇ ပါး၊ အုတ်တွင်းမြို့နယ်သံဃာ့ဝန်ဆောင်   သံဃာတော် ၉၄ ပါးနှင့်    သာသနာ့နွယ်ဝင်သီလရှင်   ၄၁ ပါး ကြွရောက်တော်မူကြပြီး     အုတ်တွင်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊    စေတနာရှင်   အလှူရှင်များ   တက်ရောက် ကြသည်။

 


ဦးစွာ သက်တော်ရှည်ဆရာတော်ကြီးများအား သံဃာတော်များနှင့် တက်ရောက်လာကြသူများက မေတ္တသုတ်ပရိတ်နှင့် ဗောဇ္ဈင်္ဂသုတ်ပရိတ်တော်များ  ရွတ်ဆို၍ ပူဇော်ကန်တော့ကြပြီး ညောင်ခြေထောက် ကျေးရွာအုပ်စု ပစ္ဆိမာရုံကျောင်းတိုက်ရှိ သက်တော် ရှည်ဆရာတော် ဘဒ္ဒန္တကောသလ္လ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ 

 


၎င်းနောက် အုတ်တွင်းမြို့နယ် သံဃနာယက အဖွဲ့ဥက္ကဋ္ဌ   ဗောဓိကုန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝဿရဒက ပူဇော်ပွဲကျင်းပရခြင်းနှင့် ပတ်သက် ၍ လျှောက်ထား ပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊  စေတနာရှင် အလှူ ရှင်များ၊   သက်တော်ရှည်  ဆရာတော်ကြီးများနှင့် သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။

 


ဆက်လက်၍   တက်ရောက်လာကြသူများက အုတ်တွင်းမြို့နယ် လက်စွပ်ကျကျောင်းတိုက် နိုင်ငံ တော်ဗဟိုသံဃာ့ဝန်ဆောင်  ဘဒ္ဒန္တ ဉာဏောဒယ ထံမှ အနုမောဒနာ တရားနာယူကြပြီး သံဃာတော် များအား လှူဖွယ်ပစ္စည်းများ  လောင်းလှူပူဇော်ကာ နေ့ဆွမ်း     ဆက်ကပ်လှူဒါန်းခဲ့ကြောင်း    သတင်း ရရှိသည်။ 


သတင်းစဉ်