ဗန်းမောက်မြို့နယ်၌ တိုင်းလိုင်(သျှမ်းနီ) နှစ်သစ်ကူးအထိမ်းအမှတ် ကောက်ဦးဆွမ်းဆက်ကပ်လှူဒါန်းပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

 

ဗန်းမောက်    ဒီဇင်ဘာ   ၁၉


စစ်ကိုင်းတိုင်းဒေသကြီး  ဗန်းမောက် မြို့နယ်   နမ့်မားအုပ်စု  နမ့်အော့ ကျေးရွာ ဘုန်းတော်ကြီးကျောင်း ၌ တိုင်းလိုင်(သျှမ်းနီ)နှစ်သစ်ကူး အထိမ်းအမှတ် ကောက်ဦးဆွမ်း ဆက်ကပ်လှူဒါန်းပွဲကို ဒီဇင်ဘာ ၁၈ ရက်(နတ်တော်လပြည့်)နေ့ တွင်    စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

 


ရှေးဦးစွာ မြတ်စွာဘုရားရှင် အား ဆရာတော် သံဃာတော်များ နှင့်     တက်ရောက်လာကြသော သျှမ်းနီလူမျိုးများက စုပေါင်းပြီး ကောက်ဦးဆွမ်းထမင်းဟင်းလျာ များ၊ သစ်သီဝလံများနှင့် သျှမ်းနီ ရိုးရာ      မုန့်ပဲသရေစားများအား လှူဒါန်းပူဇော်ကြကာ နန့်အော့ ဆရာတော် ဦးဂန္ဓာမာထံမှ ငါးပါး သီလနှင့် တရားတော်အားနာယူ ကြည်ညိုကြပြီး    ဆရာတော် သံဃာတော်များကို ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကာ ဧည့်ပရိသတ်များ အား ထမင်းဟင်းများဖြင့် တည်ခင်း ကျွေးမွေးကြသည်။    ထို့နောက်   ရှမ်းသက္ကရာဇ် ၂၁၁၅ ခုနှစ်မှ ၂၁၁၆ ခုနှစ်သို့ကူးပြောင်းသည့် တိုင်းလိုင် (သျှမ်းနီ)  နှစ်သစ်ကူး အထိမ်း အမှတ်     ကောက်ဦးဆွမ်းကပ်  လှူဒါန်းပွဲကျင်းပရာသို့   တက် ရောက်လာကြသော စစ်ကိုင်းတိုင်း အထက်ပိုင်း   သျှမ်းနီလူမျိုးများ နေထိုင်ကြသည့်     ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်နှင့် ကချင်ပြည် နယ်အတွင်းရှိ   မိုးညှင်းမြို့နယ်  အင်းတော်ကြီးဒေသတို့မှ  သျှမ်းနီ လူမျိုးများ၊ ဗန်းမောက်မြို့နယ်မှ သျှမ်းနီလူမျိုးများက ရိုးရာဝတ်စား ဆင်ယင်မူများ၊ အတီးအမှုတ်များ နှင့်      ရိုးရာအက၊   အလှများဖြင့် တင်ဆက်ကပြဖြေဖျော်ကြသည်။

 


ဗန်းမောက်မြို့နယ်၌ တိုင်လိုင် (သျှမ်းနီ)နှစ်သစ်ကူးကောက်ဦး ဆွမ်း ဆက်ကပ်လှူဒါန်းပွဲကို ရှမ်း သက္ကရာဇ်   ၂၁၀၇ မှစ၍ နှစ်စဉ် ကျင်းပလာခဲ့ရာ   ယခုနှစ်   ရှမ်း သက္ကရာဇ် ၂၁၁၅ ခုနှစ်မှ ၂၁၁၆ ခုနှစ်သို့ ကူးပြောင်းသည့် နှစ်သစ် ကူး ကောက်ဦးဆွမ်း  ဆက်ကပ် လှူဒါန်းပွဲသည် (၁၀)ကြိမ်မြောက် နှစ်သစ်ကူးအထိမ်းအမှတ်ပွဲတော် ဖြစ်ကြောင်း သိရသည်။


    လိူင်ဘွား
(ဗန်းမောက်)