မန်းရွှေစက်တော်ဘုရား ဓာတ်လှေကားတာဝါဆောက်လုပ်မှု ၈၅ ရာခိုင်နှုန်းကျော်ပြီးစီး

 

မင်းဘူး  ဒီဇင်ဘာ   ၁၉


မကွေးတိုင်းဒေသကြီး   မင်းဘူး (စကု)မြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားကြီးတွင်  တည်ဆောက် လျက်ရှိသော   ဓာတ်လှေကား တာဝါဆောက်လုပ်နေမှု လုပ်ငန်း များအားလုံး ၈၅ ရာခိုင်နှုန်းကျော်    ပြီးစီးနေပြီဖြစ်ကြောင်း  ဓာတ် လှေကား ဆောက် လုပ်ရေးကုမ္ပဏီ        ပရောဂျက်မန်နေဂျာ             ဦးသန်း လွင်ထံမှ သိရသည်။

 


ဓာတ်လှေကားတာဝါ  (Lift Tower နှင့် Walk Way Bridge) တည်ဆောက်ရေး     Phase-1 အပိုင်းအနေဖြင့်    ဓာတ်လှေကား အပေါ်ပိုင်းအမိုးအတွက်  ကွန် ကရစ်လောင်း         ပြင်ဆင်နေ ကြောင်း၊      ဓာတ်လှေကား   လျှောက်လမ်း    တတိယအပိုင်း အတွက်    ကွန်ကရစ်လောင်းပြီး ဖြစ်၍   လျှောက်လမ်းတိုင်ထူပြီး အမိုးမိုးရန်  ပြင်ဆင်နေကြောင်း၊   ဓာတ်လှေကား နောက်ဆုံးအပိုင်း       အနေဖြင့် လျှောက်လမ်းကြမ်းခင်း အတွက် တာရာဇိုခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေကြောင်း၊    ယနေ့ အထိ  ၈၅ ရာခိုင်နှုန်းကျော်ပြီးစီး နေပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ အကုန်တွင်  အပြီးတည်ဆောက် သွားမည်ဖြစ်ကြောင်း   ၎င်းက  ပြောသည်။

 


မန်းရွှေစက်တော်     ဘုရား ဓာတ်လှေကားတာဝါကို Phase-1 အဖြစ် နှစ်ကျိပ်ရှစ်ဆူစေတီတော် အနီးမှ  ကိုးခန်းကြီးဘုရားအထိ (အလျား ပေ ၂၁၀ x အမြင့် ၁၁၉ ပေ  x အကျယ် ၁၂ ပေ)ရှိပြီး ဘုရား ကြီး ဘဏ္ဍာငွေမှ ခွင့်ပြု‌ငွေကျပ် သိန်းပေါင်း   ၁၆၀၀၀  ခန့်ဖြင့် တည်ဆောက်နေကြောင်း၊ ဓာတ် လှေကားအဆောက်အအုံ တည် ဆောက်ပြီးစီးပါက   Phase-2 အဖြစ် AGT ကုမ္ပဏီက စပိန်နိုင်ငံ ထုတ် Orona ဓာတ်လှေကားအမျိုး အစား  Lift  Tower နှစ်စင်းကို ခွင့်ပြု‌ငွေကျပ်သိန်းပေါင်း ၂၃၀၀ ခန့်ဖြင့်  အတက်နှင့် အဆင်းဟူ၍ တပ်ဆင်    ဆောင်ရွက်သွားမည်  ဖြစ်ပြီး   ဓာတ်လှေကားတစ်စင်း လျှင် လူ ၂၀ နှုန်းဖြင့် စုစုပေါင်း လူ ၄၀   လိုက်ပါစီးနင်းနိုင်မည်ဖြစ် ကြောင်း၊  ဓာတ်လှေကားပြီးစီး သွားပါက သက်ကြီးဘိုးဘွားများ၊ ကလေးသူငယ်များနှင့် မသန်စွမ်း သူများအပါအဝင်        ဘုရားဖူး ပြည်သူများ    အလွယ်တကူ  တက်ရောက်ဖူးမြော်နိုင်မည်ဖြစ် ကြောင်း   မန်းရွှေစက်တော်    ဘုရားဂေါပကအဖွဲ့ထံမှ      သိရ သည်။      

 

မောင်မောင်(မင်းဘူး)