
ရန်ကုန် ဒီဇင်ဘာ ၁၉
“ကိုဗစ် - ၁၉ ကပ်ရောဂါ လက်တွဲညီညာ တိုက်ဖျက်ပါ” ပညာရှင်အဆင့်နှင့် “ကိုဗစ်-၁၉ ကာကွယ်ရေး ပြည်သူအားလုံး ပါဝင်ပေး” ဝါသနာရှင်အဆင့် ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စုဝေးခန်းမတွင် ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးများ၊ ဌာန ဆိုင်ရာ အကြီးအကဲများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဓာတ်ပုံပြိုင်ပွဲ အကဲဖြတ်အဖွဲ့ဝင်များ၊ ဓာတ်ပုံ ပညာရှင်များနှင့် ဆုရရှိသူများ တက်ရောက်ကြသည်။
ဖော်ညွှန်းရိုက်ကူးထား
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက ကိုဗစ် -၁၉ ကပ် ရောဂါကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းစဉ် တွင် ပြည်သူများ ပူးပေါင်းပါဝင် လာစေရန်၊ ကိုဗစ် -၁၉ ရောဂါ ဆိုင်ရာ ပြည်သူအသိပညာပေး လုပ်ငန်းများကို ပိုမိုမြှင့်တင် ဆောင်ရွက်နိုင်စေရန်နှင့် စနစ် တကျ မှတ်တမ်းတင်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် ယခုကဲ့သို့ “ကိုဗစ်-၁၉ ကပ်ရောဂါ လက်တွဲ ညီညာတိုက်ဖျက်ပါ” နှင့် “ကိုဗစ်- ၁၉ ကာကွယ်ရေး ပြည်သူအားလုံး ပါဝင်ပေး” ခေါင်းစဉ်များဖြင့် ရောင်စုံဓာတ်ပုံပြိုင်ပွဲကို ပညာရှင် အဆင့်နှင့် ဝါသနာရှင် အဆင့်ဟူ၍ ယှဉ်ပြိုင်စေခဲ့ပါကြောင်း။
အဆိုပါ ရောင်စုံဓာတ်ပုံပြိုင်ပွဲ တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ဆိုးကျိုးများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ လုပ်ငန်းများတွင် ပြည်သူ များ ပူးပေါင်းပါဝင်နေမှုများ၊ အသိပညာပေး ဆောင်ရွက်နေမှု များ၊ ကျန်းမာရေးဝန်ထမ်း များ၊ ပရဟိတအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများ ပါဝင်ကူညီ ဆောင်ရွက်နေမှုနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှု စသည့် အကြောင်းအရာများ ကို ဖော်ညွှန်းရိုက်ကူးထားသည့် ဓာတ်ပုံများ ပါဝင်ယှဉ်ပြိုင်ခဲ့ပါ ကြောင်း။
ပြန်ကြားရေး ဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေး ဦးစီးဌာနအနေဖြင့် နိုင်ငံ့ အကျိုးပြုနှင့် ပြည်သူ့အကျိုးပြု ဖိတ်ခေါ်ရောင်စုံ ဓာတ်ပုံပြိုင်ပွဲများ ကို တစ်နှစ်လျှင် နှစ်ကြိမ်ဖြင့် နှစ်စဉ်ပုံမှန် ကျင်းပပြုလုပ်ပြီး ဓာတ်ပုံပညာရှင်များ ပေါ်ထွက် လာစေရန် ရိုက်ကူးယှဉ်ပြိုင်စေခဲ့ ပါကြောင်း၊ ထိုသို့ရိုက်ကူးယှဉ်ပြိုင် ကြသည့် ဓာတ်ပုံများကို ဖော်ကျူး ပြသနိုင်မှုဖြင့် ပြည်သူလူထု အတွင်း ကပ်ရောဂါ၏ ဆိုးကျိုး များကို ပိုမိုသိမြင်လာပြီးကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ် များတွင် ပိုမိုပူးပေါင်းပါဝင် လုပ်ဆောင်လာကြမည် ဖြစ်ပါ ကြောင်း၊ ရောဂါ စိန်ခေါ်မှုများ မည်သို့ပင်ရှိရှိ၊ အခက်အခဲ အတား အဆီးများကို ပြည်သူများအနေ ဖြင့် ဖြတ်သန်းကျော်လွှားနိုင်ကြ မည်၊ တိုက်ဖျက်နိုင်ကြမည်ဆို သည့် စိတ်အားတက်ကြွမှုများ စိမ့်ဝင်ပျံ့နှံ့လာမည်ဟု ထင်မြင်မိ ပါကြောင်း။
လိုက်နာဆောင်ရွက်
ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာ့ နိုင်ငံများတွင် ဆက်လက်ဖြစ်ပွား နေဆဲဖြစ်ရာ ပေါ့ဆ၍မရဘဲထပ်မံ ကူးစက်မှု မရှိစေရန် ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို နိုင်ငံတော်အနေဖြင့် အရှိန် အဟုန်မပျက် ထိထိရောက်ရောက် ဆောင်ရွက်နေမှုကို အားလုံးသိရှိ မည်ဖြစ်ပြီး ကာကွယ်ကုသခြင်း ကဏ္ဍကို ကျေးလက်နေပြည်သူ များနှင့် ရဟန်သံဃာတော်များပါ မကျန် နိုင်ငံတစ်ဝန်း ကာကွယ် ဆေးထိုးနှံမှုကို အလေးထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ အသက် (၁၂) နှစ်အထက် ကျောင်းသား ကျောင်းသူများကို လည်း ရောဂါကာကွယ်ဆေး ထိုးနှံ ပေးရာတွင် အတိုင်းအတာတစ်ခု အထိ ထိုးနှံပေးပြီးဖြစ်၍ ဒီဇင်ဘာ လအတွင်း နိုင်ငံ့လူဦးရေ၏ (၅၀)ရာခိုင်နှုန်းကျော်ကိုကာကွယ် ဆေးအပြည့်အဝ ထိုးနှံပေးနိုင်မည် ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံ၏ အစောပိုင်းကာလများဖြစ်သည့် ဇူလိုင်လတွင် ရောဂါကြောင့် သေဆုံးနှုန်းမြင့်တက်ခဲ့ပြီး ယခု အချိန်၌ ရောဂါကူးစက်နှုန်း လျော့ကျလာသည်ကို တွေ့မြင် ရမည် ဖြစ်ပါကြောင်း။
နိုင်ငံအချို့တွင် သေဆုံးနှုန်း များလာသော ယခုလိုအချိန်တွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားနှုန်းနှင့် သေဆုံးနှုန်း လျော့ကျလာခြင်း သည် ကိုဗစ်ရောဂါကို ကြိုတင် ကာကွယ်နိုင်ရန် ပြည်သူအားလုံး ပူးပေါင်းပါဝင်ခဲ့သည့် အကျိုး ကျေးဇူးကြောင့်ဖြစ်ပြီး ဆက်လက် ၍ မိမိတို့အားလုံး ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထား သော စည်းကမ်းချက်များနှင့် အညီ လိုက်နာဆောင်ရွက်သွားကြ ရန် လိုအပ်ပါကြောင်း၊ ဤအချိန် တွင် ယခုကဲ့သို့ ရောင်စုံဓာတ်ပုံ ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခြင်း သည် လွန်စွာပင် သင့်လျော်သော ရည်ရွယ်ချက်ပါရှိသည့် လုပ်ငန်း စဉ် တစ်ခုဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင် ဓာတ်ပုံများကို ဓာတ်ပုံပညာရှင် ကြီးများနှင့် အကဲဖြတ်အဖွဲ့ဝင် များက သတ်မှတ်ထားသော ရည်ရွယ်ချက်၊ စည်းကမ်းချက်များ နှင့်အညီ အကဲဖြတ်စိစစ်ပြီး ဆုရဓာတ်ပုံများအဖြစ် စနစ်တကျ ရွေးချယ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ရောင်စုံဓာတ်ပုံပြိုင်ပွဲတွင် ဆုရ ဓာတ်ပုံများနှင့် ပြိုင်ပွဲဝင်များ၏ ရိုက်ကူးပုံဖော်ထားသော ဓာတ်ပုံ ကောင်းများကို ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် နိုင်ငံတော်နှင့်ပြည်သူ အတွက် အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းဆောင်ရွက်ချက်များတွင် လိုအပ်သလို ဖော်ထုတ်ပြသပေး သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်ဓာတ်ပုံ ပညာရှင်၊ ဝါသနာရှင်များအနေဖြင့် မိမိတို့၏လက်ရာ ဓာတ်ပုံများကို ပြည်သူများ ကြည့်ရှုခံစားနိုင်မည် ဖြစ်ရာ ပြိုင်ပွဲဝင်များအနေဖြင့် လည်း တစ်ဖက်တစ်လမ်းမှ နိုင်ငံ တော်အတွက် အကျိုးပြုသူများ အဖြစ် ဂုဏ်ယူနိုင်ကြမည်ဖြစ် ပါကြောင်း။
ဝိုင်းဝန်းကူညီပေးခဲ့ကြ
ယနေ့ ကျင်းပပြုလုပ်သော “ကိုဗစ်-၁၉ ကပ်ရောဂါ လက်တွဲ ညီညာ တိုက်ဖျက်ပါ”နှင့် “ကိုဗစ်-၁၉ ကာကွယ်ရေး ပြည်သူအားလုံး ပါဝင်ပေး” ခေါင်းစဉ်ဖြင့် ပြုလုပ် သည့် ရောင်စုံဓာတ်ပုံပြိုင်ပွဲ တွင် ဝိုင်းဝန်းကူညီပေးခဲ့ကြ သည့် ဓာတ်ပုံပညာရှင်ကြီးများနှင့် အကဲဖြတ်အဖွဲ့ဝင်များအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ နောင်ကျင်းပမည့် ပွဲများတွင် လည်း ယခုကဲ့သို့ ဝိုင်းဝန်းပံ့ပိုး ကူညီပေးရန် မေတ္တာရပ်ခံပါ ကြောင်းနှင့် ဓာတ်ပုံပညာရှင်နှင့် ဝါသနာရှင်များအနေဖြင့် နောင် ဆက်လက်ကျင်းပမည့် ပြိုင်ပွဲများ တွင်လည်း ယခုထက် ပိုမိုအနှစ် သာရပြည့်ဝသော ဓာတ်ပုံများ နှင့် နိုင်ငံအကျိုးပြုဓာတ်ပုံများ ကို ရိုက်ကူးပုံဖော် ပါဝင်ယှဉ်ပြိုင် ကြပါရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုးက ၂၀၂၁ ခုနှစ်တွင် ကိုဗစ်-၁၉ တတိယလှိုင်းကြောင့် ရန်ကုန်မြို့ ၌ ထိခိုက်မှုကြီးမားခဲ့ပါကြောင်း၊ ယင်းအချိန်တွင် ရန်ကုန်တိုင်း ဒေသကြီးတွင် ဆေးကုသရန် အတွက် ခုတင်တစ်လုံးရရှိရန်ပင် ခက်ခဲခဲ့ပါကြောင်း၊ သို့ရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအနေဖြင့် တစ်ဦးနှင့် တစ်ဦး မေတ္တာထားကာ ဆေးဝါး နှင့် အထောက်အကူပစ္စည်းများ မျှဝေပေးခဲ့ပါကြောင်း၊ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါကို မိမိတို့အနေ ဖြင့် အချိန်မီ ထိန်းချုပ်ဆောင်ရွက် နိုင်ခဲ့ပါကြောင်း။
ယခုဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇသစ်သည် ကူးစက်မှုမြန်ဆန်သည့်အတွက် ပြည်သူများ အထူးဂရုစိုက်ရန် သတိပေးလိုပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကာလ တွင် ရန်ကုန်တိုင်းဒေသကြီး၌ တည်ငြိမ်ရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးကို ဦးစွာဆောင်ရွက်ခဲ့ ရပါကြောင်း၊ သို့မှသာ ပြည်သူများ ၏ စားဝတ်နေရေး အဆင်ပြေမည် ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့တွင် လူဦးရေသိပ်သည်းမှု များပြား သည့်အတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးရသည့် ပမာဏ များပြားပါကြောင်း၊ အထူးသဖြင့် ကိုဗစ်ရောဂါ ဖြစ်ပွားမှုကာလတွင် ပြည်သူများ၏ ကျန်းမာရေး အတွက် စွန့်စားဆောင်ရွက်ခဲ့ကြ သည့် ပရဟိတသူရဲကောင်း များ၊ စေတနာရှင်ပြည်သူများ၏ လုပ်ဆောင်ခဲ့မှုများကို အသိ အမှတ်ပြု မှတ်တမ်းတင်ရမည်ဖြစ် ကြောင်း၊ ၂၀၂၁ ခုနှစ် ဇွန်လမှ ဩဂုတ်လထိကာလသည်ကူးစက် မှု အများဆုံးဖြစ်ခဲ့ပါကြောင်း။
ရန်ကုန် တိုင်းဒေသကြီးတွင် လူဦးရေ ၇ ဒသမ၈ သန်းခန့်ရှိပြီး ကုသရေးစင်တာ ၁၇ ခု ဖွင့်လှစ် ထားရှိပါကြောင်း၊ သံဃာ တော်များနှင့် သီလရှင်များအား တပ်မတော်ဆေးတပ်ဖွဲ့၏ အကူ အညီဖြင့် ဆေးကုသမှုလုပ်ငန်းများ ကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကို အချိန်တို အတွင်း ကာကွယ်ထိန်းချုပ်နိုင် ခဲ့သည့် အဓိကအကြောင်းရင်းများ မှာ ပြည်သူများ၏ ပူးပေါင်းကူညီမှု မြင့်မားခဲ့ခြင်းနှင့် ကာကွယ်ဆေး များ အချိန်မီထိုးနှံ ဆောင်ရွက် ပေးနိုင်ခဲ့ခြင်းတို့ကြောင့် ဖြစ်ပါ ကြောင်း ပြောကြားသည်။
ဆုများပေးအပ်ချီးမြှင့်
ထို့နောက် ပြိုင်ပွဲဝင်ဆုရ ဓာတ်ပုံများ ရွေးချယ်မှုနှင့် ပတ်သက်၍ ဆုရွေးချယ်စိစစ်ရေး ဥက္ကဋ္ဌ ဒါရိုက်တာ ပန်းချီစိုးမိုးက ပြိုင်ပွဲဝင်ဓာတ်ပုံများအပေါ် စိစစ် အကဲဖြတ် ရွေးချယ်မှုနှင့် စပ်လျဉ်း ၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက ပညာရှင်အဆင့် ဓာတ်ပုံပြိုင်ပွဲ တွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိခဲ့သူများအား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးလှစိုးက ဝါသနာရှင်အဆင့် ဓာတ်ပုံပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိခဲ့သူများအား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသ ကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်း၊ ရန်ကုန်တိုင်း ဒေသကြီး ဥပဒေချုပ် ဦးဌေးအောင် တို့က အထူးဆုရရှိသူများအား လည်းကောင်း ဆုများ ပေးအပ် ချီးမြှင့်ကြသည်။
ထို့နောက် ဆုရရှိသူများ ကိုယ်စားဆုရရှိသူ ဦးစိုင်းထွန်း နေလှိုင်က ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ တိုင်းဒေသကြီးဝန်ကြီး များနှင့် ဆုရရှိသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။
သတင်းစဉ်