ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ကော်မတီအဖွဲ့ဝင်များ ရခိုင်ပြည်နယ်အတွင်းရှိ IDP စခန်းများ၊ တိုက်ပွဲရှောင်စခန်းများနှင့် ပြန်လည်လက်ခံရေးစခန်းများအား ကွင်းဆင်းကြည့်ရှုပြီး နေရပ်စွန့်ခွာသူများကို တွေ့ဆုံထောက်ပံ့

 

နေပြည်တော်     ဒီဇင်ဘာ    ၁၉


ရခိုင်ပြည်နယ်    တည်ငြိမ်အေးချမ်းရေးနှင့်   ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ် ရေး ကော်မတီဥက္ကဋ္ဌ   နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင်၊    ဒုတိယဥက္ကဋ္ဌ(၁)    အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး  ဦးကိုကိုလှိုင်နှင့်  ဒုတိယဥက္ကဋ္ဌ (၂)  လူမှု ဝန်ထမ်း၊   ကယ်ဆယ်ရေးနှင့်    ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်တို့သည် ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ပေါက်တောမြို့နယ် ကြိမ်နီပြင် IDP စခန်း သို့ ရောက်ရှိပြီး IDP စခန်းတာဝန်ခံနှင့် ကိုယ်စားလှယ် များကို  တွေ့ဆုံအမှာစကားပြောကြားကာ တင်ပြ ချက်များအပေါ်     ပြန်လည်ရှင်းလင်းဆောင်ရွက် ပေးသည်။

 


ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း


ထို့နောက်    ကြိမ်နီပြင်   IDP  စခန်းအတွင်း နေထိုင်သူများကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံနေမှုနှင့် ဒေသန္တရဆေးပေးခန်း၊ အခြေခံပညာအလယ်တန်းကျောင်းခွဲများကို   လိုက်လံကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် စစ်တွေမြို့ သက္ကယ်ပြင် IDP စခန်းနှင့် မင်းဂံရပ်ကွက်    ဥဿလင်းဘုန်းတော်ကြီးကျောင်း တို့သို့  သွားရောက်၍  တိုက်ပွဲရှောင်ပြည်သူများနှင့် တွေ့ဆုံကာ     တည်ငြိမ်အေးချမ်းရေးနှင့်     ဖွံ့ဖြိုး တိုးတက်ရေး၊   လူသားချင်းစာနာထောက်ထားမှု အကူအညီရရှိရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်လည်နေရာချထားရေးဆိုင်ရာ   ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး      ဥဿလင်းကျောင်းထိုင် ဆရာတော်အား   ဝတ္ထုငွေများ   ဆက်ကပ်လှူဒါန်း သည်။

 


ဆက်လက်၍      နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၁-၂၀၂၂ ခြောက်လ ဘဏ္ဍာရေးကာလ    ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော  စစ်တွေမြို့နယ် ကံ့ကော် ကျွန်း-ဇော်မတက်- ချောင်းနွယ်   လမ်းဆုံအထိ ကွန်ကရစ်လမ်း  ၁ မိုင် ၁ ဖာလုံ ဆောင်ရွက်နေမှု၊ ပေ ၁၅၀ အရှည်   ဇော်မတက်ချောင်းကူးတံတား တည်ဆောက်ပြီးစီးမှုနှင့်   စစ်တွေမြို့    ရွှေစေတီ ဘုန်းတော်ကြီး သင်ပညာရေးကျောင်း  RC သုံးထပ် ကျောင်းဆောင် ဆောက်လုပ်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေး၍  ဆရာတော်အား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

 


လှည့်လည်ကြည့်ရှုစစ်ဆေး


ပြည်ထောင်စုဝန်ကြီးများ၊     ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒီဇင်ဘာ ၁၇ ရက် နံနက် ပိုင်းတွင်     မောင်တောမြို့နယ်   တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းသို့ရောက်ရှိပြီး စခန်းတွင် တာဝန်ထမ်းဆောင်နေသော     ဝန်ထမ်းများနှင့် တွေ့ဆုံ၍  ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍   စခန်းတာဝန်ခံက  ရှင်းလင်းတင်ပြမှု အပေါ်  ပြည်ထောင်စုဝန်ကြီးများနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်တို့က   လိုအပ်သည်များကို    ရှင်းလင်း ဖြည့်စွက်မှာကြားကာ ထောက်ပံ့ငွေများပေးအပ်၍ ပြန်လည်လက်ခံရေး  ဆောင်ရွက်မည့်လုပ်ငန်းစဉ် အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 


မွန်းလွဲပိုင်းတွင်   ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည်    ငါးခူရ   ပြန်လည်လက်ခံရေးစခန်းသို့  ရောက်ရှိခဲ့ကြပြီး      ဝန်ထမ်းများနှင့်    တွေ့ဆုံ၍ စခန်းအတွင်း          လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍  လိုအပ်သည်များကို ရှင်းလင်းမှာကြားကာ ဝန်ထမ်း များအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။

 


ဖြည့်စွက်မှာကြား


ယင်းနောက် လှဖိုးခေါင်ကြားစခန်းသို့ ရောက်ရှိ ရာ ပြန်လည်လက်ခံရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ စခန်းတာဝန်ခံ၏  ရှင်းလင်းတင်ပြမှုအပေါ်  လိုအပ် သည်များကို     ရှင်းလင်းဖြည့်စွက်    မှာကြားခဲ့ပြီး ဝန်ထမ်းများအား   ထောက်ပံ့ငွေများပေးအပ်ကာ ပြန်လည်လက်ခံရေးစခန်းကို   လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 


ဒေသတည်ငြိမ်အေးချမ်းမှုကို ဆက်လက်ထိန်းသိမ်း


ပြည်ထောင်စုဝန်ကြီးများ၊       ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒီဇင်ဘာ ၁၈ ရက် နံနက် ပိုင်းတွင် စစ်တွေမြို့မှ ပလက်ဝမြို့သို့ ရောက်ရှိကြပြီး ကီမိုခန်းမတွင်  ဌာနဆိုင်ရာများ၊  မြို့မိ/မြို့ဖများ၊ ယဉ်ကျေးမှုအဖွဲ့များ၊     တိုက်ပွဲရှောင်စခန်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံကာ ဒေသတည်ငြိမ် အေးချမ်းမှုကို ဆက်လက်ထိန်းသိမ်းကာ မူလနေရပ် အသီးသီးသို့  ပြန်လည်နေထိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။

 


ထို့နောက် တက်ရောက်လာသူများ၏ တင်ပြ ချက်များအပေါ်     ပြည်ထောင်စုဝန်ကြီး  ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားပြီး    ပြည်ထောင်စုဝန်ကြီးများ က    တိုက်ပွဲရှောင်များနှင့်   သဘာဝဘေးဆိုင်ရာ ကိစ္စရပ်များအတွက်  ထောက်ပံ့မှုများ  ပေးအပ်ကြ သည်။  ယင်းနောက်  နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည်   ပလက်ဝမြို့  နယ်စပ် ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်းမှ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၍ ကျောင်းဝင်းအတွင်း   လှည့်လည်ကြည့်ရှု    စစ်ဆေး သည်။ 

 


တိုက်ပွဲရှောင်စခန်းသို့ရောက်ရှိ


မွန်းလွဲပိုင်းတွင်   ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည်      မြောက်ဦးမြို့နယ်    တိမ်ညိုကျေးရွာ တိုက်ပွဲရှောင်စခန်းသို့     ရောက်ရှိ၍    တိုက်ပွဲရှောင် စခန်းနေပြည်သူများ၊ မိသားစုဝင်များနှင့် တွေ့ဆုံကာ ပြည်ထောင်စုဝန်ကြီးများက အမှာစကားပြောကြား ကြသည်။     ထို့နောက်     တိုက်ပွဲရှောင်စခန်းရှိ ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံ ၄၀၀ နှင့် ကျောင်းသုံးဗလာစာအုပ်  ဒါဇင် ၄၀၀ ကို လည်းကောင်း၊ တိုက်ပွဲရှောင်စခန်းရှိ အိမ်ထောင်စု ၇၇၃ စု၊   လူဦးရေ  ၂၈၆၂  ဦးတို့အတွက်  တစ်လစာ ဆန် ၈၉၄ အိတ်ကိုလည်းကောင်း ထောက်ပံ့ပေးအပ် သည်။

 


အားပေးစကားပြောကြား


ယင်းနောက် မြောက်ဦးမြို့နယ် လက္ကာကျေးရွာ တွင် ပြန်လည်နေထိုင်ကြသည့် ပြည်သူများအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၊   ပြည်ထောင်စုရန်ပုံငွေ ဖြင့်  ဆောင်ရွက်လျက်ရှိသော  ကျေးရွာအဝင်လမ်း ၄  ဖာလုံကို        မြေသားတာပေါင်တိုးချဲ့ခြင်း ဆောင်ရွက်နေမှု၊ ကျေးရွာဘုန်းကြီးကျောင်း ၆၀x၄၈ ပေ RC နှစ်ထပ် ဆောက်လုပ်နေမှုနှင့် နေအိမ် ၃၂၃လုံး ပြုပြင်ဆောက်လုပ်ပြီးစီးမှုတို့ကို   လိုက်လံကြည့်ရှု စစ်ဆေး၍  ကျေးရွာနေပြည်သူများကို  ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်     အားပေးစကားပြောကြားခဲ့ ကြောင်း သိရသည်။


သတင်းစဉ်