ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကွင်းဆင်းပြုလုပ်ပေး

 

ဇေယျာသီရိ    ဒီဇင်ဘာ    ၁၈
လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု နယ်မြေ နေပြည်တော် ဇေယျာသီရိ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်  ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြား  ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယနေ့ နံနက်ပိုင်းက တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း) နဝဒေးခန်းမ ၌ ကွင်းဆင်းဆောင်ရွက်သည်။  

 


အဆိုပါ ကွင်းဆင်းဆောင်ရွက် နေမှုကို   တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)       စခန်းမှူး ဗိုလ်မှူးချုပ် ဇော်နိုင်ဦး လာရောက်      ကြည့်ရှုစစ်ဆေးရာ    ဇေယျာသီရိ မြို့နယ်ဦးစီးမှူး ဦးစန်းလွင်က စီမံ ကိန်း ဆောင်ရွက်နေမှု ရှင်းလင်းပြော ကြားသည်။    ထို့နောက်   စခန်းမှူးက ဇေယျာသီရိမြို့နယ် ဦးစီးမှူးရုံးသို့ Desktop       ကွန်ပျူတာတစ်လုံး လှူဒါန်းသည်။

 

ဇေယျာသီရိမြို့နယ်ရုံး အနေဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ သက်ဆိုင်ရာ မြို့နယ်များသို့ ပုံစံ(၁၀) သွားရောက် ယူရန်       အခက်အခဲရှိသူများအား မြို့နယ်ဦးစီးမှူးရုံးအချင်းချင်း ညှိနှိုင်း ဆောင်ရွက်ပေးသည့်  အိမ်ထောင်စု လူဦးရေစာရင်း ၈၄ စုနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား    ၆၂   ကတ်ကို နေ့ချင်းပြီး One Stop Servic ဖြင့် ဆောင်ရွက်ပေးကြောင်း၊    မြို့နယ် အတွင်းရှိ   ပြည်သူများ ပန်းခင်းစီမံ ချက် ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်လိုပါက  ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှတစ်ဆင့် ချိတ်ဆက်ပြီး မြို့နယ်ရုံးသို့ လာရောက် ပြုလုပ်နိုင်ကြောင်း  သိရသည်။ 


  မြို့နယ် (ပြန်/ဆက်)