
နမ္မတူ ဒီဇင်ဘာ ၁၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန နမ္မတူမြို့နယ် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက နမ္မတူမြို့နယ် IDPs စခန်းသုံးခုရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် အခြေခံစားသောက်ကုန်လေးမျိုး ကို ဒီဇင်ဘာ ၁၆ ရက်က မြို့လယ် ဓမ္မာရုံ၌ ထောက်ပံ့ပေးအပ်သည်။
နမ္မတူမြို့နယ် တိုက်ပွဲရှောင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်း၊ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့် နှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ခံ ဒေါ်ကုဋေဦးတို့က ကြူဆော့ IDPs စခန်း၊ ကချင် IDPs စခန်းနှင့် လီဆူ IDPs စခန်းတို့ရှိ တိုက်ပွဲ ရှောင် ပြည်သူများအတွက် တစ်အိမ် ထောင်လျှင် ဆီ တစ်ပိဿာ၊ ကုလားပဲ တစ်ပိဿာ၊ ဆား ၅၀ ကျပ်သားနှုန်းဖြင့် စုစုပေါင်း အိမ်ထောင်စု ၁၂၀ အတွက် ဆီပိဿာ ၁၂၀ ၊ ကုလား ပဲ ပိဿာ ၁၂၀၊ ဆား ပိဿာ ၆၀ နှင့် လူဦးရေ ၅၄၉ ဦးတို့အတွက် တစ်ဦးလျှင် ဆန်နို့ဆီဘူး ၂၈ ဘူးနှုန်းဖြင့် စုစုပေါင်း ဆန်အိတ် ၈၀ ကို တိုက်ပွဲရှောင်ပြည်သူ များထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သည်။
အလားတူ မန်တုံမြို့နယ် အတွင်းရှိ မြို့မကတ်သလစ် IDPs စခန်းနှင့် ကချင် IDPs စခန်းတို့ရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင် စု ၅၇ စု၊ လူဦးရေ ၃၀၀ တို့အတွက် ဆီ ၅၇ ပိဿာ၊ ကုလားပဲ ၅၇ ပိဿာ၊ ဆား ၅၇ ပိဿာနှင့် ဆန် ၄၄ အိတ်ကိုလည်း ဆက်လက် ထောက်ပံ့ ပေးအပ်မည်ဖြစ် ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)