
နေပြည်တော် ဒီဇင်ဘာ ၁၈
စာရေးဆရာမ ဒေါက်တာ ခင်စန်းမော် ရေးသားသည့် ပညာရှင်စိတ်ထား (Profe- ssionalism)စာအုပ်ကို ဒုတိယအကြိမ် ထုတ်ဝေဖြန့်ချိထားပြီဖြစ်သည်။
တိရစ္ဆာန်ဆေးကုဆရာဝန် တစ်ဦးဖြစ် သည့် စာရေးသူအနေဖြင့် ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါကာလတွင် အွန်လိုင်းမှ အင်တာ ဗျူးများကို ဖြေကြားခြင်းနှင့် ဆောင်းပါး များစွာ ရေးဖြစ်ခဲ့သည်။ ဤပညာရှင်စိတ်ထား စာအုပ်သည် ဟောပြောပွဲတွင် ဟောပြောခဲ့ သည်များကို စာဖတ်သူများအတွက် ထုတ်ဝေ ခြင်းဖြစ်ပြီး မေးခွန်းများအပေါ် ဖြေကြား ချက်များလည်းပါရှိသည်။
စာအုပ်ထုတ်ဝေဖြစ်မှုနှင့် ပတ်သက်၍ စာရေးဆရာက “၂၀၂၀ ပြည့်နှစ်ကား တစ်ကမ္ဘာလုံး ကိုဗစ်- ၁၉ ကပ်ရောဂါကြီးကို အုတ်အော်သောင်းတင်း ရင်ဆိုင်ခဲ့ကြရသော နှစ်တစ်နှစ် ဖြစ်ခဲ့ပါသည်။ ကျွန်မကိုယ်တိုင် လည်း အများနည်းတူ အိမ်တွင်သာ အကန့် အသတ်နှင့် နေထိုင်ရင်း ပင်တိုင်အလုပ်ဖြစ် သော ဆေးခန်းကို လုံးလုံးလျားလျား ပိတ် သည့်အခါ ပိတ်၊ ထုံ့ပိုင်းထုံ့ပိုင်း ဖွင့်သည့်အခါ ဖွင့်နှင့် အခြေအနေပေါ် မူတည်ပြီး စီမံခဲ့ရ သော်လည်း ဆေးခန်းပိတ်ထားရသည့် ကာလက ပိုမိုရှည်လျားခဲ့ပါသည်။
ထိုနှစ်တစ်နှစ်လုံး သတင်းစာများတွင် ဆောင်းပါးများစွာ ရေးသားဖြစ်ခဲ့ပြီး ဆောင်းပါးအများစုကို ရေဒီယိုမှ လည်း ကောင်း၊ ရုပ်မြင်သံကြားမှလည်းကောင်း ထပ်ဆင့်ထုတ်လွှင့်ခဲ့ကြပါသည်။ အွန်လိုင်း မီဒီယာအမျိုးမျိုးမှ မေးမြန်းရိုက်ကူးကြသော အွန်လိုင်းအင်တာဗျူးများအပြင် Live Interview များကိုလည်း အချိန်နှင့်တစ်ပြေး ညီ ဖြေကြားပေးခဲ့ရသောကြောင့် ပညာကို ဦးစားပေးသည့် ကိစ္စများစွာ ကြုံတွေ့ခဲ့ရ သော နှစ်တစ်နှစ်ဖြစ်ခဲ့သည်။ ထို့ပြင် Zoom Media မှတစ်ဆင့် ဖိတ်ကြားခဲ့သော ဟောပြောပွဲများတွင် ဆေးပညာရှင်စာရေးဆရာအနေဖြင့်လည်းကောင်း၊ မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ်မှ ဖိတ်ကြားသော Panel Discussion တွင် ဆွေးနွေးဟောပြောသူ အဖြစ်လည်းကောင်း ဟောပြောခဲ့ပါသည်။
ဤ “ပညာရှင်စိတ်ထား”Zoom ဟောပြော ပွဲသည် Youth Forward လူငယ်များအဖွဲ့က ဖိတ်ကြားသဖြင့် ၂၀၂၀ ဒီဇင်ဘာ ၁ ရက်(Sweet December) ညတွင် ဟောပြောခဲ့သော အကြောင်းအရာ၊ မေးခွန်းများနှင့် အဖြေများ ဖြစ်ပါသည်။ ဟောပြောပွဲမတိုင်ခင် နှစ်ပတ် အလိုခန့်တွင် ရှိရင်းစွဲ ပန်းနာရင်ကျပ်ရောဂါ ထကြွလာရာ ဟောပြောနိုင်ပါ့မလားဟု စိုးတထိတ်ထိတ် ဖြစ်ခဲ့ရသေးသည်။ သောက် ဆေးများချည်းနှင့် မသက်သာသောကြောင့် Inhaler ရှူဆေးများ၊ Nebulizer တို့ကိုပါ အသုံးပြု၍ ရင်ကျပ်သက်သာအောင် ကြိုးစား အားထုတ်ခဲ့ရပါသည်။ တကယ်တမ်းလက်တွေ့ တွင် တစ်ချက်တစ်ချက် ချောင်းဆိုးသည်မှအပ နှစ်နာရီလုံးလုံး အားပါးတရ ပြောပေးနိုင်ခဲ့ သဖြင့် အားရကျေနပ်မိသော ပွဲတစ်ပွဲဖြစ်ခဲ့ သည်။
ဟောပြောချက်များကို စိတ်ဝင်စားကြပြီး စာအုပ်အဖြစ် သိမ်းဆည်းထားချင်သူများ၊ နားမထောင်လိုက်ရသော သူများအတွက် ရည်ရွယ်၍ ‘ပညာရှင်စိတ်ထား’ စာအုပ်ကို ရသယဉ်စွန်းတန်းစာပေမှ ထုတ်ဝေခဲ့ပါ သည်။ ပထမအကြိမ်ထုတ် စာအုပ်ကို ဖတ်ရှု ရသော စာဖတ်ပရိသတ်တချို့က ကျွန်မထံ ဆက်သွယ်ပြီး မေးခွန်းများ ထပ်မေးကြပြန် သည်။ သူတို့မေးကြသော မေးခွန်းများကို ဖတ်ကြည့်ပြီး ပြည့်ပြည့်စုံစုံ ဖြေကြားပေး လိုစိတ် ဖြစ်ပေါ်လာပါသည်။ ထို့ကြောင့် ဤ စာအုပ်ကို ဒုတိယအကြိမ် ရိုက်နှိပ်သော အခါတွင် မေးခွန်းအသစ်များနှင့် အဖြေများ ကို ထည့်သွင်းပေးထားသဖြင့် ကျေနပ်ကြ လိမ့်မည်ဟု ယုံကြည်ပါသည်ဟု အမှာစာ တွင် ရေးသားဖော်ပြထားသည်။
အဆိုပါ စာအုပ်တွင် ဘဝလှေကား ထစ်များ၊ ရွေးချယ်မှု၊ ကျန်းမာမှချမ်းသာ စသည့်ခေါင်းစဉ်များဖြင့် အခန်းငယ်များ ပါရှိပြီး ဖြည့်စွက်ချက် မေးခွန်းများနှင့် အဖြေများပါရှိပါသည်။ စာမျက်နှာ ၁၃၅ မျက်နှာ ပါရှိကာ ရသယဉ်စွန်းတန်းစာပေ အမှတ် ၇၅(H)ဗညားဒလလမ်း ဗဟန်းမြို့ နယ် ရန်ကုန်မြို့ ဖုန်း ၀၉-၂၅၀၁၅၁၉၆၃ က တန်ဖိုးငွေကျပ် ၂၅၀၀ဖြင့် ဒုတိယအကြိမ် ထုတ်ဝေဖြန့်ချိထားပြီဖြစ်ကြောင်း စာဖတ် သူများအတွက် သတင်းကောင်း ပါးအပ် ပါသည်။
မြန်မာ့အလင်း