ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများအား ပြည်ပမှအဆင်ပြေချောမွေ့စွာတင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်  ဒီဇင်ဘာ  ၁၇


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ  ပစ္စည်းများကို လေကြောင်း၊    ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး   စခန်းများ မှ      နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက်    အချိန် နှင့်တစ်ပြေးညီ   စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ         ယနေ့တွင် အပြည်ပြည်ဆိုင်ရာ    ဆိပ်ကမ်း/ လေဆိပ်များ၊  မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းတို့မှ ကုမ္ပဏီ သုံးခု၊       ယာဉ်ရှစ်စီးဖြင့် အိမ်သုံး       အောက်ဆီဂျင်စက်        Oxygen Concentrator  ၂၅  ခု၊  COVID Test Kit     ၁၉၅၇ ခု၊  လက်အိတ် သုံးတန်နှင့် နှာခေါင်းစည်း (Mask)    တန်  ၅၀ တို့ကို     တင်သွင်းခဲ့ သည်။

 


ကိုဗစ်-၁၉ ရောဂါ   ကာကွယ်၊ ထိန်းချုပ်၊    ကုသရေးဆိုင်ရာ ပစ္စည်းများကို  သက်ဆိုင်ရာဌာန များနှင့်  ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်း ခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများတင်သွင်းခြင်းနှင့် ဆက်စပ်သည့် အသိပေး    ကြေညာချက်များကို လည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm       တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး      စီစဉ် ဆောင်ရွက်   ပေးထားကြောင်း သိရသည်။ 

သတင်းစဉ်