ဖိလစ်ပိုင်နိုင်ငံ၌ အိုမီခရွန် ဗိုင်းရပ်စ်သစ်ကူးစက်ဖြစ်ပွားသူ နှစ်ဦးရှိ

 

မနီလာ  ဒီဇင်ဘာ  ၁၇ 


ဖိလစ်ပိုင်နိုင်ငံတွင် ဒီဇင်ဘာ ၁၇  ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၅၈၂ ဦး တိုးလာပြီးနောက် နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၂၈၃၇၄၆၄ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာန   (ဒီအိုအိတ်ချ်) က သတင်းထုတ်ပြန်ဖော်ပြလိုက်သည်။

 


နိုင်ငံအတွင်း   ကိုဗစ်-၁၉  ကြောင့် ၇၄  ဦးထပ်မံသေဆုံးမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ သေဆုံးသူပေါင်း   ၅၀၅၇၀ အထိ ရှိလာခဲ့သည်။ 

 


လွန်ခဲ့သောနှစ် ကိုဗစ်-၁၉   စတင် ဖြစ်ပွား ချိန်မှစကာ ဖိလစ်ပိုင်နိုင်ငံသည် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု လှိုင်းဂယက် သုံးခု ရိုက်ခတ်ခြင်းကို ခံခဲ့ရသည်။ 

 


နောက်ဆုံး  ကိုဗစ်-၁၉ လှိုင်းသည် စက်တင်ဘာလတွင်      မြင့်တက်ခဲ့ပြီး စက်တင်ဘာ ၁၁ ရက်      တစ်နေ့တည်း ကိုဗစ်-၁၉ ဖြင့် သေဆုံးသူ ၂၆၃၀၃ ဦးနှုန်း ရှိ၍   ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားနှုန်း အမြင့်ဆုံး ဖြစ်ခဲ့သည်။

 


ကိုဗစ်-၁၉ စတင်ဖြစ်ပွားရာ မတ် ၁ ရက်မှစကာ ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူစုစုပေါင်းမှာ သန်း ၁၀၀ ကျော်လွန်သွားပြီဖြစ်သည်။ ဒီဇင်ဘာ ၁၆ ရက်အထိ ၄၃ သန်းမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့်အဝထိုးပြီးဖြစ်သည်။  ထို့အပြင်   အစိုးရသည် နောက်ထပ်  တစ်သန်းကျော်ကို    အပို ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ ပေးခဲ့သည်။ 

 


ဖိလစ်ပိုင်နိုင်ငံတွင်        အိုမီခရွန် ဗိုင်းရပ်စ်သစ်ကူးစက်ဖြစ်ပွားသူ  နှစ်ဦး ရှိလာပြီဖြစ်ပြီး နိုဝင်ဘာ ၂၄ ရက်မှစကာ နေ့စဉ်  ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားသူ   ၁၀၀၀ အောက်ကျဆင်းခဲ့ကြောင်း ဒီအို အိတ်ချ်က ဖော်ပြသည်။  

 


အရှေ့တောင်အာရှ  နိုင်ငံတစ်နိုင်ငံ ဖြစ်သော   ဖိလစ်ပိုင်နိုင်ငံတွင်   လူဦးရေ သန်း ၁၁၀ ရှိသည့်အနက်   ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေးပြီးသူပေါင်း ၂၃ သန်း ကျော်လွန်လာပြီဖြစ်သည်။  

   
ဆင်ဟွာ