နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အခြေခံပညာကျောင်းများ လှည့်လည်ကြည့်ရှုစစ်ဆေး

စစ်တွေ   ဒီဇင်ဘာ   ၁၆


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် ရခိုင်ပြည်နယ် စီးပွားရေးရာဝန်ကြီး  ဦးစံရွှေမောင်တို့သည်  ယနေ့ မွန်းလွဲပိုင်းတွင် စစ်တွေမြို့      အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍  ကျောင်းသား  ကျောင်းသူများ  အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုကို အားပေးကာ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမ များနှင့် တွေ့ဆုံသည်။


မှာကြား


တွေ့ဆုံစဉ် မိမိပြည်နယ်၊ မိမိမြို့နယ်၊ မိမိတို့ကျောင်း ပညာရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် ညီညီညွတ်ညွတ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး ကြစေလိုကြောင်း၊ ကျောင်းသား ကျောင်းသူများကို အမှန်တကယ်  စာတတ်မြောက်အောင်သင်ကြား၍ ပညာတတ်လူငယ်များကို မွေးထုတ် ပေးကြစေလိုကြောင်း စသည်ဖြင့် မှာကြားကာ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊   ကျောင်းနှင့်ဝန်းကျင်   သန့်ရှင်းသာယာရေးတို့ကို ဆောင်ရွက်ကြရန်နှင့်  ကျောင်းဆောင်၊  စာသင်ဆောင်လိုအပ်ချက်၊ ကွန်ပျူတာလိုအပ်ချက်၊   အားကစားကွင်း  လိုအပ်ချက်  စသည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးတို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်‌ ပေးသည်။
ထိုမှတစ်ဆင့်     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်ထောင်စုဝန်ကြီးသည် စစ်တွေမြို့ ဘောက်သီးစုအခြေခံပညာ မူလတန်းကျောင်း၊ ရူပမြောက်အခြေခံပညာမူလတန်းကျောင်း၊ တရားသီး အခြေခံပညာမူလတန်းကျောင်းနှင့် မန်ကျည်းမြိုင်အခြေခံပညာအထက် တန်းကျောင်းခွဲများသို့ သွားရောက်ကာ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှုများကို  လှည့်လည်ကြည့်ရှုအားပေး၍  လိုအပ် ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။


အလားတူ ပြည်ထောင်စုဝန်ကြီးသည် ဒီဇင်ဘာ (၁၄၊ ၁၅)ရက်တို့ တွင်  စစ်တွေမြို့  အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၇) အခြေခံပညာ အလယ်တန်းကျောင်းနှင့် ကျောင်းတက်လမ်းအခြေခံပညာမူလတန်း လွန်ကျောင်းများသို့  သွားရောက်၍  ကျောင်းသား  ကျောင်းသူများ ပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး ကျောင်းများ အတွက်  စာသင်ဆောင်လိုအပ်ချက်များ၊ ဆရာ ဆရာမ လိုအပ်ချက်များ၊ အားကစားကွင်းလိုအပ်ချက်  စသည်တို့ကို  ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။                                      

 

       သတင်းစဉ်