
ပဲခူး ဒီဇင်ဘာ ၁၆
ပဲခူးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ် ရေး၊ လျှပ်စစ်မီးလင်းရေးလုပ်ငန်း များနှင့် ရပ်ရွာအေးချမ်းသာယာ လုံခြုံမှုရှိစေရေး လုပ်ဆောင် ရာတွင် သက်ဆိုင်ရာဌာနများနှင့် အတူ ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေးမှူးများ၏ ကူညီပံ့ပိုးပေးမှု ကြောင့် အောင်မြင်မှုများရရှိခဲ့ခြင်း ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြားသည်။
ဒီဇင်ဘာ ၁၅ ရက် နံနက် ပိုင်းက ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့်အောင် ပူးပေါင်း ဆောင်ရွက်ခဲ့သည့် ပဲခူးမြို့နယ် အတွင်းရှိ မြို့နယ်/ ရပ်ကွက်/ ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စီမံအုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် မိမိတို့ မြို့ ရပ်ကွက်/ ကျေးရွာများ လုံခြုံမှုရရှိ ရေးအတွက် လုံခြုံရေးအမြင်ရှိရန် လိုအပ်ကြောင်း၊ နိုင်ငံသားတိုင်း မှတ်ပုံတင် ကိုင်ဆောင်နိုင်ရေး ပန်းခင်းစီမံချက်ဖြင့် လုပ်ဆောင် ပေးရာတွင် ပဲခူးမြို့နယ်အနေဖြင့် လျာထားချက် ကျော်လွန်ပြီဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာ ကြသည့် ပဲခူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ စီမံအုပ်ချုပ် ရေး အဖွဲ့ဥက္ကဋ္ဌများက ဒေသဖွံ့ဖြိုး ရေးလိုအပ်ချက်များကို ရှင်းလင်း တင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေး ပြောကြားကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
သတင်းစဉ်