နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ် လမ်းတစ်လျှောက် မြို့သန့်ရှင်းသာယာ လှပရေးလုပ်ငန်းများ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ဒီဇင်ဘာ ၁၆


နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၊   ဒုတိယမြို့တော်ဝန် ဦးမောင်မောင်သည်  ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ     လေဆိပ် လမ်းတစ်လျှောက်     သန့်ရှင်း သာယာလှပရေးလုပ်ငန်း  ဆောင် ရွက်နေမှုအခြေအနေ၊         ပန်း ဥယျာဉ်နှင့်  အားကစားကွင်းများ ဌာန၏     ပုံမှန်ထိန်းသိမ်းခြင်း လုပ်ငန်းများဖြစ်သည့် လမ်းမကြီး တစ်လျှောက်    မြက်ဖြတ်ခြင်း၊ ပုံသွင်းခြင်း၊    အကိုင်းရှင်းခြင်း၊ သဲကျွေးခြင်းနှင့် ရေလောင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု  အခြေ အနေများကို ကြည့်ရှုစစ်ဆေးပြီး မကြာမီ ခြောက်သွေ့သော ရာသီသို့ ရောက်ရှိတော့မည်ဖြစ်၍ လမ်းမ ကြီးများတစ်လျှောက်   စိမ်းလန်း စိုပြည်ရေး      လုပ်ငန်းများကို ထိရောက်စွာ  ဆောင်ရွက်ထားရှိ ရန် မှာကြားခဲ့သည်။

 


ဆက်လက်၍ ဒုတိယမြို့တော် ဝန်သည်         နေပြည်တော် အပြည်ပြည်ဆိုင်ရာ   လေဆိပ် အနီးရှိ    နှင်းဆီပန်းအဝိုင်းတွင် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို      ကြည့်ရှု စစ်ဆေးပြီး           အဝိုင်းပေါ်ရှိ သက်တမ်းရင့် အလှပန်းပင်များကို အစားထိုးလဲလှယ်  စိုက်ပျိုးသွား ရန်၊ ရေ/မီးစနစ်များကို    စနစ် တကျ   ကိုင်တွယ်ထိန်းသိမ်းရန်၊ ပုံသွင်းရသည့် ပန်းအလှပင်များကို ညီညာသေသပ်စွာ ပုံသွင်းဆောင် ရွက်ရန်နှင့်  နှင်းဆီပန်းအဝိုင်းကို အစဉ်အမြဲ          သာယာလှပရေး ဆောင်ရွက်ထားရှိရန်   မှာကြား ခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်