
စစ်တွေ ဒီဇင်ဘာ ၁၆
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင် နှင့် ဦးမောင်းဟာ တို့သည် ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်းနှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင် တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့မှ မြောက်ဦးမြို့သို့ သွားရောက် လေ့လာ၍ ရှေးဟောင်းအမွေအနှစ် ယဉ်ကျေးမှုလက်ရာများ မပျောက် ပျက်အောင် စနစ်တကျထိန်းသိမ်း စောင့်ရှောက်ရန် ဆွေးနွေးမှာကြား သည်။
စနစ်တကျထိန်းသိမ်း
ရှေးဦးစွာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ နှင့်အဖွဲ့သည် ကိုးသောင်း ဘုရား၊ သျှစ်သောင်းဘုရားများရှိ ရှေးဟောင်းဗိသုကာလက်ရာများ၊ ယဉ်ကျေးမှု အမွေအနှစ်လက်ရာ များကို ကြည့်ရှုလေ့လာပြီး နှစ်ပေါင်းထောင်ချီ ဖြစ်တည်လာ ခဲ့သည့် ရခိုင်တိုင်းရင်းသားများ၏ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု အမွေ အနှစ်များကို လေးစားတန်ဖိုးထား ရေးနှင့် စနစ်တကျထိန်းသိမ်း စောင့်ရှောက်ရေးတို့ကို ဆွေးနွေး မှာကြားသည်။
စနစ်တကျပြင်ဆင်ပြသ
ထို့နောက် ရှေးဟောင်းသုတေ သနပြတိုက်သို့ ရောက်ရှိပြီး ခင်းကျင်း ပြသထားသည့် ရှေးဟောင်းပစ္စည်းများကို ကြည့်ရှု ကာ ပြတိုက်အား နိုင်ငံခြားသား များ စိတ်ဝင်စားဖွယ်ဖြစ်အောင် စနစ်တကျ ပြင်ဆင်ပြသပေးရန် လိုအပ်ကြောင်း၊ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်အောင် ဝိုင်းဝန်း ထိန်းသိမ်း ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြား ခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ သည် ပေါ်တော်မူရန်ပြေမာန်ပြေ ဘုရားသို့ သွားရောက်ဖူးမြော်၍ ဘုရားကြီးအတွက် လိုအပ်သော တန်ဆောင်းများ တည်ဆောက် ရေးနှင့် ပြည်သူများ စနစ်တကျ ဖူးမြော်နိုင်ရေးအတွက် လိုအပ် သည်များ စီစဉ်ဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားသည်။
ကြည့်ရှုလေ့လာ
ထို့နောက် စန္ဒသူရိယစက္ကမင်း ပူဇော်ခဲ့သော စန္ဒမုနိ (ပေါ်တော်မူ) ဆုတောင်းပြည့် မဟာကျန်ဘုရား ကြီးအား ဖူးမြော်ကြည်ညိုကာ ထိန်းသိမ်းစောင့်ရှောက်ထားသည့် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ နှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေ အနှစ်ပစ္စည်းများကို ကြည့်ရှု လေ့လာသည်။
ညနေပိုင်းတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ နှင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီးတို့သည် တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာန ရခိုင် ပြည်နယ် ညွှန်ကြားရေးမှူးရုံး၌ ရခိုင်ပြည်နယ်အတွင်းရှိ ရခိုင်၊ မြို၊ ခမီ၊ ဒိုင်းနက်၊ သက် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အဖွဲ့များနှင့် တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်က မိမိတို့ဒေသတွင် တွေ့ကြုံရသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ပြောကြား ပေးစေလိုကြောင်း၊ ဒေသလိုအပ်ချက်များရှိပါက မိမိထံ စာရေးသားပေးပို့ ဆက်သွယ်နိုင်ပါ ကြောင်း၊ တိုင်းရင်းသားများ၏ စာပေ မပျောက်ပျက်အောင် ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြ စေလိုကြောင်း ပြောကြားသည်။
သတိပြုကြစေလို
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးမောင်းဟာက တိုင်းရင်းသား များအနေဖြင့် မည်သည့်ဒေသတွင် နေထိုင်သည်ဖြစ်စေ မိမိတို့ဘာသာ စကားကို မပျောက်ပျက်အောင် သင်ကြားရမည် ဖြစ်ကြောင်း၊ စာပေပျောက်လျှင် လူမျိုးပျောက် သွားနိုင်သည်ကို သတိပြုကြစေ လိုကြောင်းနှင့် ထုတ်ပြန်ထား သည့် ဥပဒေများကို လေးစား လိုက်နာကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာ ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယ ဝန်ကြီး ဦးဇော်အေးမောင်နှင့် တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့ဝင် များက ဒေသလိုအပ်ချက်များ အပေါ် ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ ကြသည်။
သတင်းစဉ်