ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဘုရားအမှတ် ၆၂၉ ၊ ၆၂၈ ပတ်ဝန်းကျင်၌သန့်ရှင်းရေးပြုလုပ်

 

ညောင်ဦး    ဒီဇင်ဘာ  ၁၅


မန္တလေးတိုင်းဒေသကြီး ညောင်ဦး မြို့နယ်  ပုဂံရှေးဟောင်းယဉ်ကျေး မှုနယ်မြေရှိ  ဘုရားအမှတ် ၆၂၉  နှင့် ဘုရားအမှတ် ၆၂၈ အတွင်း အပြင်တို့တွင်    ညောင်ဦးမြို့နယ် ဖောင်ဖွဲ့ရေးရုံး   ဝန်ထမ်းများနှင့် ပလင်းဆင်စခန်းရှိ     ဆင်ထိန်း ဝန်ထမ်းများ   ယမန်နေ့နံနက် ပိုင်းက    စုပေါင်းသန့်ရှင်းရေး   ပြုလုပ်ကြောင်း သိရသည်။

 


ဘုရားအမှတ် ၆၂၉   ဘုရား အတွင်းရှိ        ဆင်းတုတော်အား မျက်နှာတော် ရောင်တော်ဖွင့်ခြင်း၊ လိုဏ်အတွင်း   ဖုန်မှုန့်၊သဲမှုန့်၊ ငှက်ချေးများရှင်းလင်းခြင်း၊ ဘုရား အမှတ် ၆၂၉ နှင့်  ဘုရားအမှတ် ၆၂၈ အပြင်     ပတ်ဝန်းကျင်ရှိ သစ်ပင်၊ ပေါင်းမြက်များ  ရှင်းလင်း မီးရှို့ခြင်းများ        ဆောင်ရွက်ခဲ့ ကြောင်း  ဆင်စခန်းတာဝန်ခံက ပြောသည်။ 

 


အဆိုပါ ဘုရားအမှတ် ၆၂၉ သည် သယံဇာတနှင့်      သဘာဝ ပတ်ဝန်းကျင်        ထိန်းသိမ်းရေး ဝန်ကြီးဌာန၊    မြန်မာ့သစ်လုပ်ငန်း၊    အရာထမ်း၊ အမှုထမ်းများ ပြုပြင် လှူဒါန်းထားသည့်ဘုရားဖြစ်ပြီး အေဒီ ၁၂ ရာစု    လက်ရာဖြစ် ကြောင်း၊    မပြုပြင်မီအချိန်က    တိုက်မအရှေ့ဘက်နှင့်    တောင် ဘက်နံရံမှာ  အမြင့်ခုနစ်ပေခန့် ရှိပြီး  မြောက်ဘက်နံရံမှာ မြေပြင် မှ အမြင့်ပေ ၂၀ ခန့်နှင့်   အာရုံခံ ကောင်းစွာကျန်ရှိခဲ့ပြီး    အထူး သဖြင့်    အတွင်းဆင်းတုတော် ကြီးမှာ    ဉာဏ်တော်ကိုးပေခန့် ရှိပြီးပလ္လင်တော်မှာ အင်္ဂတေဖြင့် ပြုလုပ်ထားသော  ဧရာဝဏ် ဆင် ရုပ်တု၊  ခြ‌င်္သေ့ရုပ်တုနှင့်   ဦးခေါင်း နှစ်လုံးပါသော      ဂန  (GaNa) ရုပ်တုများ    လက်ရာကောင်းမွန် စွာ     ကျန်ရှိသေးသည့်       ဘုရား ဖြစ်ကြောင်း၊       ရှေးဟောင်း နည်းစနစ်၊  ရှေးဟောင်းသရွတ် စပ်နည်းများဖြင့်    ရှေးလက်ရာ မပျက် ပြန်လည်ပြုပြင်ထားသည့်    ဘုရားဖြစ်ကြောင်း        ဆင်စခန်း တာဝန်ခံ     ဦးမျိုးမင်းကိုထံမှ သိရသည်။    


မောင်မောင်ထိန်
(ကျောက်ပန်းတောင်း)