တောင်ကိုရီးယား၌ အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက် မြင့်တက်လာ

ဆိုလ်း  ဒီဇင်ဘာ  ၁၃


တောင်ကိုရီးယား၌ အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက် မြင့်တက် လာကြောင်း ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများက ပြောကြားသည်။ 
တောင်ကိုရီးယားနိုင်ငံ၌ ဒီဇင်ဘာ ၁၁ ရက်တွင် အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ် ကူးစက်ခံရသူ ၉၀  တွေ့ရှိခဲ့ရာ  ၆၇ ဦး(၇၀ ရာခိုင်နှုန်းကျော်)မှာ ပြည်တွင်း၌ အဆိုပါ ဗိုင်းရပ်စ်ကူးစက်ခံရသူများဖြစ်သည်။


ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၇၀၀၀ ကျော်ရှိလာခဲ့


 ထို့ပြင် လူအစုလိုက် အပြုံလိုက် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုများကို အင်ချွန်းမြို့ နှင့် နိုင်ငံအနောက်တောင်ပိုင်းရှိ  ဂျီအိုလာပြည်နယ်၌ အသီးသီးတွေ့ရှိခဲ့ရသည်။ ပြီးခဲ့သောသီတင်းပတ်အတွင်းက  နိုင်ငံအတွင်း နေ့စဉ် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၇၀၀၀ ကျော်ရှိလာခဲ့သည်။ 


ယခုသီတင်းပတ်အကုန်တွင် နိုင်ငံအတွင်းရှိဆေးရုံများ၌  ကိုဗစ်- ၁၉  ရောဂါ ကြောင့် ဆေးရုံတက်ရောက်သူ များပြားလာနိုင်သဖြင့် ဆေးရုံခုတင်များကို ၎င်းလူနာ များအတွက်သာ သုံးစွဲရနိုင်ကြောင်း တာဝန်ရှိသူများကပြောကြားသည်။ 


ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - စိုးသူရ