
နေပြည်တော် ဒီဇင်ဘာ ၁၁
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်း များမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန် နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေ ဟော် ကုန်သွယ်ရေးစခန်းမှ တင် သွင်းသည့်ကုမ္ပဏီနှစ်ခုမှ ယာဉ်စီး ရေ ငါးစီးဖြင့် နှာခေါင်းစည်း(Mask) ၃၇ တန် တင်သွင်းခဲ့သည်။
ဒီဇင်ဘာ ၁ ရက်မှ ၁၁ ရက် အတွင်း ကုမ္ပဏီ ၃၅ ခုမှ ယာဉ်စီး ရေ ၇၇ စီးဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ်ဖြင့် ၁၈၅ တန်၊ အောက်ဆီဂျင်(အိုးခွံ) ၄၉၂၀၊ Oxygen Plant တစ်ခု၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) ၅၁၄ ခုနှင့် နှာခေါင်းစည်း (Mask) ၃၉၄ တန် တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။
ဒီဇင်ဘာ ၁ ရက်မှ ၁၁ ရက် အတွင်း ပြည်ပမှတင်သွင်းသည့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်စုစုပေါင်း ၁၀ စီးမှာ ရန်ကုန် မြို့သို့ ခုနစ်စီး၊ မန္တလေးမြို့သို့ နှစ်စီးနှင့် မုံရွာမြို့သို့ တစ်စီးဖြစ်ပြီး Oxygen Plant တစ်ခုမှာ မန္တလေး မြိုသို့ ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်း များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့် အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါး နှင့်ဆက်စပ်ပစ္စည်းများ တင်သွင်း ခြင်းနှင့်ဆက်စပ်သည့် အသိပေး ကြေညာချက်များကိုလည်း အများ ပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထား ကြောင်း သိရသည်။
သတင်းစဉ်