သွေးချင်းတို့ရဲ့ ပွဲတော်ကို အစဉ်အလာမပျက် ကျင်းပနိုင်ခြင်းအားဖြင့် တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှု၊ ချစ်ခင်ရင်းနှီးမှု၊ အပြန်အလှန် လေးစားမှုများ ရရှိစေမည်ဟု ယုံကြည်

 

နေပြည်တော်   ဒီဇင်ဘာ   ၁၁

 


(၇၅)    နှစ်မြောက်    စိန်ရတု ပြည်ထောင်စုနေ့ကို     ကြိုဆို ဂုဏ်ပြုသောအားဖြင့်   တတိယ အကြိမ် “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ (၂၀၂၁) ”       ဖွင့်ပွဲအခမ်းအနား  ကို       ယနေ့   ညနေပိုင်းတွင် နေပြည်တော်     တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ Virtual   စနစ်ဖြင့်    ကျင်းပရာ နိုင်ငံတော်         စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊      နိုင်ငံတော် ဝန်ကြီးချုပ်     ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က       Video Message ပေးပို့၍   အဖွင့်အမှာ စကား ပြောကြားသည်။
ရှေးဦးစွာ     ဖွင့်ပွဲအခမ်းအနား ကို  သွေးချင်းတို့ရဲ့   ပွဲတော်ဆီ ဂုဏ်ပြုသီချင်းဖြင့်  စတင်ဖွင့်လှစ် သည်။

 


ဖဲကြိုးဖြတ်ဖွင့်လှစ်


ယင်းနောက်    တိုင်းရင်းသား လူမျိုးများရေးရာ     ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးစောထွန်း အောင်မြင့်၊    ပြန်ကြားရေးဝန်ကြီး ဌာန     ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊    တိုင်းရင်း သားလူမျိုးများရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင် နှင့်    မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များ   အသင်းဥက္ကဋ္ဌ ဦးယောဆက်တို့က    တတိယ အကြိမ် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၁) ”  ကို  Virtual   စနစ်ဖြင့်   ဖဲကြိုးဖြတ်၍     ဖွင့်လှစ်ပေးကြ သည်။

 


ထို့နောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ် မှူးကြီး   မင်းအောင်လှိုင်   ပေးပို့ သည့် Video Message  အဖွင့်အမှာ စကားကို ဖွင့်လှစ်ပြသသည်။

 


(နိုင်ငံတော်        စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်              ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏   အဖွင့်အမှာ စကား   အပြည့်အစုံကို   ရှေ့ဖုံးတွင် သီးခြားဖော်ပြထားပါသည်။)

 


ယင်းနောက်   တိုင်းရင်းသား လူမျိုးများရေးရာ     ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးစောထွန်း အောင်မြင့်က   ဝမ်းမြောက်စကား ပြောကြားရာတွင်   တိုင်းရင်းသား လူမျိုးများရေးရာ        ဝန်ကြီးဌာန သည်  တိုင်းရင်းသားအခွင့်အရေး များ  ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊  နည်းဥပဒေများနှင့်အညီ တိုင်းရင်းသားရေးရာ  ကိစ္စရပ်များ နှင့်  တိုင်းရင်းသားများ၏  ဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားများ၏ ရိုးရာဓလေ့ နှင့်  ယဉ်ကျေးမှုများ၊   အနုပညာ များ     ဖော်ထုတ်ပြသနိုင်ရေး၊ တိုင်းရင်းသားဒေသအသီးသီးတွင် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းများ   အကျိုးပြုမြှင့်တင်နိုင်ရေး၊ မိမိတို့     တိုင်းရင်းသားများ၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို တိုင်းရင်းသားများ အချင်းချင်း သာမက   အခြားနိုင်ငံများကပါ သိရှိလာစေရေး၊  တောတောင်ရေ မြေအလှများ  သိရှိလာစေရေး၊ တိုင်းရင်းသားများ၏         ဒေသ ထုတ်ကုန်များ၊    ရိုးရာအဝတ် အထည်များ  စသည်တို့ကို  နိုင်ငံ တကာ ဈေးကွက်သို့ တင်ပို့ဖြန့်ဖြူး နိုင်ရေး၊ တိုင်းရင်းသားဒေသများ တွင်  အလုပ်အကိုင်  အခွင့်အရေး များ      ပိုမိုရရှိလာစေရေးနှင့် တိုင်းရင်းသားများ၏   စုစည်းမှု၊ စည်းလုံးညီညွတ်မှု၊    ငြိမ်းချမ်းစွာ အတူလက်တွဲ   ပူးပေါင်းဆောင် ရွက်တတ်မှုနှင့်     ငြိမ်းချမ်းရေး ကို   အထောက်အကူဖြစ်စေရန် သွေးချင်းတို့ရဲ့ပွဲတော်ဆီ ပွဲတော် ကို  ကျင်းပဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါကြောင်း။

 


စုပေါင်းအားဖြင့် 
တိုင်းပြည်တည်ဆောက်ခဲ့


မြန်မာနိုင်ငံသည်   တိုင်းရင်း သား   လူမျိုးပေါင်းစုံ   စုပေါင်း နေထိုင်သည့်      နိုင်ငံဖြစ်သည့် အတွက်  တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် အလွန်အရေး ကြီးပါကြောင်း၊    တိုင်းရင်းသား စည်းလုံးညီညွတ်မှုဖြင့်သာ   မိမိ တို့၏   နိုင်ငံကို    ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအဖြစ် တည်ဆောက်    နိုင်မည်ဖြစ်ပါ ကြောင်း၊  မိမိတို့  တိုင်းရင်းသား လူမျိုးများသည်  မတူကွဲပြားသည့် နောက်ခံ    သမိုင်းကြောင်းများ ရှိသော်လည်း    စုပေါင်းအားဖြင့် တိုင်းပြည်   တည်ဆောက်ခဲ့ခြင်း များ ရှိပါကြောင်း၊ ထိုကဲ့သို့ မတူ ကွဲပြားမှုများကြောင့်   အတွေး အမြင်    ကွဲပြားခြားနားမှုလည်း ရှိနိုင်ပါကြောင်း။

 


တိုင်းရင်းသား   လူမျိုးများ အချင်းချင်း  မတူကွဲပြားမှုများကို လေးစားလိုက်နာပြီး          အတွေး အမြင်  မတူညီမှုများကို  ဘေးဖယ် ကာ မိမိတို့ တိုင်းရင်းသားများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏  မူဝါဒ၊ ဦးတည်ချက်များ၊  ရှေ့လုပ်ငန်းစဉ် များနှင့်အညီ     ဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း၊  ယနေ့အချိန် သည်  မြန်မာနိုင်ငံကို  ဒီမိုကရေစီ ဖက်ဒရယ်စနစ်   ပိုမိုခိုင်မြဲလာစေ ရေး   စုပေါင်းတည်ဆောက်ကြရ မည့်   အချိန်အခါဖြစ်ပါကြောင်း၊ ဒီမိုကရေစီစနစ်     ခိုင်မြဲမှသာ ဖက်ဒရယ်စနစ်ကို     မှန်ကန်စွာ ချဉ်းကပ်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊   ထို့ကြောင့်   တိုင်းရင်း သားပြည်သူများ      အချင်းချင်း အပြန်အလှန်ယုံကြည်မှု၊ လေးစား မှု၊ စည်းလုံးညီညွတ်မှု၊ အမျိုးသား ပြန်လည်      သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး  ပိုမိုခိုင်မာလာစေရန် တည်ဆောက်  ကြရမည်ဖြစ်ပါ ကြောင်း၊ ထိုသို့ တည်ဆောက်နိုင် မှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စုကြီး   တည်ဆောက် နိုင်မည်ဖြစ်ပါကြောင်း ပြောကြား သည်။

 


ဝမ်းမြောက်စကားပြောကြား


ထို့နောက်     ပြန်ကြားရေး ဝန်ကြီးဌာန     ပြည်ထောင်စု ဝန်ကြီး     ဦးမောင်မောင်အုန်းက    ဝမ်းမြောက်စကား ပြောကြားရာ တွင် မကြာမီကာလတွင် (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ ကျရောက်တော့မည်           ဖြစ်ပါ ကြောင်း၊  ယခုလို  အချိန်အခါတွင် တတိယအကြိမ်    သွေးချင်းတို့ရဲ့ ပွဲတော်ကို   အစဉ်အလာမပျက် ကျင်းပနိုင်ခြင်းအားဖြင့်  တိုင်းရင်း သားများ၏  စည်းလုံးညီညွတ်မှု၊ ချစ်ခင်ရင်းနှီးမှု၊  လေးစားမှုများ    ရရှိစေမည်ဟု ယုံကြည်ပါကြောင်း၊     တိုင်းရင်း သားသွေးချင်းများ၏  ယဉ်ကျေးမှု ရိုးရာဓလေ့    ထုံးတမ်းများကို အပြန်အလှန်  သိရှိခြင်းအားဖြင့် မိမိတို့၏ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊    ငြိမ်းချမ်းရေးနှင့် ဘက်စုံဖွံ့ဖြိုး  တိုးတက်ရေးတို့ကို ထိ‌ရောက်စွာ    အထောက်အကူ ဖြစ်ပါစေကြောင်းနှင့် မိမိတို့ တိုင်း ရင်းသားများအားလုံး    မျှော်မှန်း သည့်   ဒီမိုကရေစီနှင့်  ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင် စုကြီးအား    မိမိတို့အားလုံး၏ စစ်မှန်သည့်                ပြည်ထောင်စု စိတ်ဓာတ်ဖြင့်  တည်ထောင်နိုင် ကြပါစေကြောင်း       ပြောကြား သည်။

 


အောင်မြင်စွာ ကျင်းပ


ဆက်လက်၍          မြန်မာနိုင်ငံ တိုင်းရင်းသား   လုပ်ငန်းရှင်များ အသင်း   ဥက္ကဋ္ဌ    ဦးယောဆက်က   ဝမ်းမြောက်စကား  ပြောကြားရာ တွင်  သွေးချင်းတို့ရဲ့ပွဲတော်ဆီ - ၂၀၁၉  ကို   ကချင်တိုင်းရင်းသား လုပ်ငန်းရှင်များ      အသင်းက ဦးဆောင်၍     လည်းကောင်း၊ ဒုတိယအကြိမ်    သွေးချင်းတို့ရဲ့ ပွဲတော်ဆီ - ၂၀၂၀ ကို   ကယား တိုင်းရင်းသား       လုပ်ငန်းရှင် များအသင်းက ဦးဆောင်၍လည်း ကောင်း     ကျိုက္ကဆံကွင်း၌ အောင်မြင်စွာ         ကျင်းပခဲ့ပြီးဖြစ် ကြောင်း၊  ယခုနှစ်တွင်   ကရင် တိုင်းရင်းသားများက  ဦးဆောင်ရ မည်ဖြစ်သော်လည်း   ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်     မြေပြင်၌ ကျင်းပနိုင်ခြင်းမရှိသည့်အတွက် အစဉ်အလာမပျက်အောင်  ရုပ်သံ လိုင်းများမှ တစ်ဆင့် Virtual စနစ် ဖြင့် ကျင်းပရခြင်း ဖြစ်ပါကြောင်း။
ယခုကာလသည်   တစ်နိုင်ငံ လုံး  စီးပွားရေးနှင့်  ဘဝရပ်တည်မှု ဆိုင်ရာ   အခက်အခဲအမျိုးမျိုးနှင့် စိန်ခေါ်မှုများစွာကို   ရင်ဆိုင်ကျော် လွှားနေရသည့်  အချိန်ကာလဖြစ် ပါကြောင်း၊  ယခု မိမိတို့နိုင်ငံတွင် ဖြစ်နေသည့်        အရာအားလုံး မကြာမီ     အချိန်တိုအတွင်း ငြိမ်းချမ်းစွာ   ပြီးဆုံးပါစေဟု ဆုတောင်းအပ်ပါကြောင်း    ပြော ကြားသည်။

 


ထို့နောက်  တိုင်းရင်းသားများ ၏  ဒေသအလှအပနှင့်  စိတ်ဝင် စားဖွယ်နေရာများကို   ရိုက်ကူး ထားသည့် Video ကို   ပြသပြီး အခမ်းအနားကို   ရုပ်သိမ်းလိုက် သည်။

 


ရည်ရွယ်ချက်ကောင်းများ


သွေးချင်းတို့၏ ပွဲတော်ဆီ ပွဲတော်ကို    မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးကို အထောက်အကူ ပြုနိုင်စေရန်၊  နိုင်ငံအတွင်း မှီတင်း နေထိုင်ကြသည့်   တိုင်းရင်းသား လူမျိုးများအချင်းချင်း  တစ်ဦးနှင့် တစ်ဦး   နားလည်ယုံကြည်စွာ ချစ်ခင်ရင်းနှီးမှုများ    ရရှိလာစေ ရန်၊           တိုင်းရင်းသားများ၏ ယဉ်ကျေးမှုနှင့်      ရိုးရာဓလေ့ ထုံးတမ်း    အစဉ်အလာများကို တိုင်းရင်းသားများ   အချင်းချင်း သာမက   အခြားနိုင်ငံများကပါ  လေ့လာသိရှိနိုင်စေရန်၊    မြန်မာ နိုင်ငံ၏ လှပသော တော၊ တောင်၊ ရေ၊ မြေ သဘာဝ အလှတရားများ ကို    သိရှိခံစားနိုင်ကြစေရန်နှင့် မြန်မာနိုင်ငံ၏   ခရီးသွားလုပ်ငန်း များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် စသည့်  ရည်ရွယ်ချက်ကောင်းများ စွာဖြင့်     ကျင်းပပြုလုပ်ခြင်းဖြစ် ကြောင်း သိရသည်။ 

 


သွေးချင်းတို့ရဲ့     ပွဲတော်ဆီ ပွဲတော်ကို ၂၀၁၉ ခုနှစ်မှ  စတင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင် ရန်ကုန် မြို့  ကျိုက္ကဆံကွင်း၌   ကျင်းပခဲ့ သည်။ ယခုနှစ်တွင်   ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ   အခြေအနေ ကြောင့်  မြေပြင်တွင်  ကျင်းပနိုင် ခြင်းမရှိသည့်အတွက်  Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ် ကြောင်း သိရသည်။ 
   

သတင်းစဉ်