
နေပြည်တော် ဒီဇင်ဘာ ၁၀
NUG၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် အချို့သောဒေသများတွင် အေးချမ်းစွာနေထိုင်ကြသော ပြည်သူများကို အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲ သတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သော နေရာများ၌ မိုင်းထောင် ဖောက်ခွဲ မီးရှို့ဖျက်ဆီးခြင်းနှင့် ပစ္စည်းများ လုယက်ခြင်း၊ ပုံစံမျိုးစုံဖြင့် သွေးထိုးလှုံ့ဆော်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လုပ်ဆောင်လျက်ရှိသည်။
ဆန္ဒဖော်ထုတ်
ထိုသို့ အကြမ်းဖက်သမားများ၏ အကြမ်းဖက် လုပ်ရပ်များကို လက်မခံနိုင်သော အေးချမ်းစွာ နေထိုင်လိုသည့် ပြည်သူများက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိ သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် မြန်မာ့ တပ်မတော်အား ထောက်ခံပွဲကို ယနေ့တွင် ရန်ကုန် တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်နှင့် ကမာရွတ်မြို့နယ်တို့၌ ပြုလုပ်ကြပြီး ဆန္ဒဖော် ထုတ်ခဲ့ကြသည်။
ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံပါသည်၊ အမျိုး ဘာသာ သာသနာကိုစောင့်ရှောက်သော မြန်မာ့ တပ်မတော်အား ထောက်ခံပါသည်၊ NUG ၊ CRPH၊ PDF အကြမ်းဖက်သမားအလိုမရှိ၊ NUG ၊ CRPH၊ PDF အကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင်ကြ၊ ပြည်ထောင်စုမပြိုကွဲရေး ဒို့အရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး ဒို့အရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး ဒို့အရေး၊ ပြည်ပအားကိုး ပုဆိန်ရိုးများအား ဆန့်ကျင်ကြ၊ မြန်မာ့ပြည်တွင်းရေး ပြည်ပစွက်ဖက်မှုအလိုမရှိ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလုပ်ငန်းစဉ်(၅) ရပ်အား ထောက်ခံပါ သည်၊ ဒီမိုကရေစီ အရေခြုံကွန်မြူနစ်လုပ်ရပ်ကျဆုံးပါစေ၊ NUG ၊ PDF အကြမ်းဖက်မှု အမြစ်ဖြတ်၊NUG၊ PDF အကြမ်းဖက်မှုတွေ မြင်အောင်ကြည့်၊ NUG ၊ PDF ရဲ့ ပြည်သူ့အပေါ် အကြမ်းဖက်မှုချက်ချင်းရပ်’’ စသည့် စာသားပါ ဆိုင်းဘုတ်များ ကိုင်ဆောင် ကြွေးကြော်ခဲ့ကြသည်။
အကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင်
NUG၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက် အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ရွံရှာ စက်ဆုပ်ကြသည့် ပြည်သူလူထုက အကြမ်းဖက် အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင် သည့် လှုပ်ရှားမှုများကို ဆက်လက်ဆောင်ရွက်သွား ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်