အိန္ဒိယနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၈၂၂ ဦးရှိ

နယူးဒေလီ  ဒီဇင်ဘာ  ၇


အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၆၈၂၂ ဦး ရှိခြင်းကြောင့် လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၃၄၆၄၈၃၈၃ ဦးရှိလာကြောင်း အိန္ဒိယ ကျန်းမာရေး ဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်သည့် အချက် အလက်များအရ သိရသည်။
ထို့ပြင်  အိန္ဒိယနိုင်ငံ၌  လွန်ခဲ့သည့် တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသူ ၂၂၀  ထပ်တိုးလာခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၄၇၃၇၅၇   ဦးရှိလာကြောင်း သိရသည်။


အိန္ဒိယနိုင်ငံ၌  လက်ရှိတွင်  ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိဆဲလူနာစုစုပေါင်း  ၉၅၀၁၄ ဦး ရှိကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
အိန္ဒိယနိုင်ငံ၌   လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ  ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ ၁၀၀၀၄ ဦး ရှိခြင်း ကြောင့်   ကိုဗစ်-၁၉ ရောဂါမှ  ပြန်လည်ကျန်းမာ လာသူစုစုပေါင်း   ၃၄၀၇၉၆၁၂ ဦး  ရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။


          ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်