အဆင့်မြင့်စစ်မှုထမ်းဟောင်း အိမ်ရာ(ရန်ကုန်)တွင် နေထိုင်ကြမည့် စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များကို ဆဋ္ဌမအကြိမ် အိမ်ရာနေရာချထားပေးခြင်းနှင့် တိုက်ခန်းသော့များ လွှဲပြောင်းပေးအပ်

နေပြည်တော်   ဒီဇင်ဘာ    ၇


ရန်ကုန်တိုင်းဒေသကြီး   ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ   အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (ရန်ကုန်)တွင် နေထိုင်ကြမည့် စစ်မှုထမ်းဟောင်း များနှင့် မိသားစုဝင်များအား ဆဋ္ဌမအကြိမ် အိမ်ရာ နေရာချထားပေးခြင်းနှင့်   တိုက်ခန်းသော့များ လွှဲပြောင်းပေးအပ်ခြင်းကို   ယနေ့နံနက်ပိုင်းတွင် အဆိုပါအိမ်ရာ၌ ပြုလုပ်ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး အဆင့်မြင့်စစ်မှုထမ်းဟောင်း အိမ်ရာ(ရန်ကုန်)တွင် နေထိုင်ကြမည့် စစ်မှုထမ်းဟောင်းများနှင့် မိသားစု ဝင်များအား    အိမ်ရာနေထိုင်ခွင့်လက်မှတ်နှင့် တိုက်ခန်းသော့များ လွှဲပြောင်းပေးအပ်သည်။


ထို့နောက်    တိုင်းမှူးနှင့်   တာဝန်ရှိသူများက စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ အား ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးအပ် ကာ အိမ်ရာအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။


သတင်းစဉ်