
နေပြည်တော် ဒီဇင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး ချမ်းမြ သာစည်မြို့နယ်အတွင်း အကြမ်း ဖက်သမားများ၏ လက်ပစ်ဗုံး ပစ်ပေါက်မှုကြောင့် အသက် ၅နှစ် အရွယ် မိန်းကလေးငယ် တစ်ဦး သေဆုံးခဲ့ရကြောင်း သိရ သည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၆ ရက် ညနေ ၆ နာရီခွဲခန့်တွင် မန္တလေး တိုင်းဒေသကြီး ချမ်းမြသာစည် မြို့နယ် ၁၁၀ လမ်း ၄၅ x ၄၆ လမ်းကြားရှိ အောင်သာယာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အား အကြမ်းဖက်သမားများက ဆိုင်ကယ်နှစ်စီးဖြင့် လာရောက်၍ လက်ပစ်ဗုံး နှစ်လုံးဖြင့် ပစ်ပေါက် ထွက်ပြေးသွားခဲ့သည်။ ယင်းသို့ ပစ်ပေါက်ခဲ့ခြင်းကြောင့် ၁၁၀ လမ်းဘေးရှိ ကွမ်းယာဆိုင်အနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ကွမ်းယာ ဆိုင်အတွင်းရှိ အသက်ငါးနှစ်အရွယ် မိန်းကလေးငယ် တစ်ဦးတွင် ဗုံးစထိမှန်ဒဏ်ရာများ ပြင်းထန် စွာရရှိခဲ့သဖြင့် မန္တလေးပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ သော်လည်း ရရှိဒဏ်ရာများကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။
အသက် ၅ နှစ်အရွယ် အပြစ်မဲ့ မိန်းကလေးငယ် တစ်ဦး သေဆုံး သည်အထိ အကြမ်းဖက်လုပ်ရပ် များကို ဆောင်ရွက်ခဲ့သူများကို အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ ရှာဖွေမှုများ ဆောင်ရွက်လျက် ရှိကြောင်းနှင့် ရပ်ရွာအေးချမ်း သာယာရေးအတွက် ဒေသခံ ပြည်သူများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြပါရန် မေတ္တာ ရပ်ခံ တိုက်တွန်းထားကြောင်း သတင်းရရှိသည်။
သတင်းစဉ်