
နေပြည်တော် ဒီဇင်ဘာ ၇
CRPH နှင့် NUG အမည်ခံအကြမ်းဖက်အဖွဲ့များသည် အလုံးစုံ ပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံအကြမ်းဖက် အဖွဲ့ကို ဖွဲ့စည်း၍ အချို့သောဒေသများတွင် အေးချမ်းစွာနေထိုင်ကြသော ပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သော နေရာများအား မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခြင်းနှင့် ပစ္စည်းများအား လုယက်ခြင်းစသည့် အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာမြို့နယ်များအလိုက် အများပြည်သူများ
စိတ်အေးချမ်းသာစွာ နေထိုင်နိုင် ရေး အတွက် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ကော့မှူး မြို့နယ် ဝါးဘလောက်သောက် ကျေးရွာရဲကင်းစခန်း၌ လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိစဉ် ဒီဇင်ဘာ ၆ ရက် ည ၈ နာရီ ခန့်တွင် အကြမ်းဖက်သူများက ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာ ပြီး ရဲကင်းစခန်းဘေးရှိ ထရန် စဖော်မာအနီးမှ လက်လုပ်ဗုံးများ၊ လက်နက်ငယ်များဖြင့် ရဲကင်း စခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ငယ်ဖြင့် ခြောက်လှန့် ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သူများ ဒလမြို့နယ်ဘက်သို့ ထွက်ပြေး သွားခဲ့သည်။
အဆိုပါနေရာသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ လိုင်စင်မဲ့မော်တော် ဆိုင်ကယ် တစ်စီး၊ ကျည်ခွံများ နှင့်အတူ ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသား တစ်ဦးကို တွေ့ရှိခဲ့ရပြီး ထပ်မံစစ်ဆေးချက်အရ သေဆုံး သူ အမျိုးသားမှာ ဒေသခံမဟုတ် ဘဲ မျက်နှာစိမ်း တစ်ဦးဖြစ် ကြောင်း သိရသည်။
အလားတူ မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမ ကြီးရှိ ကံကောင်းရဲကင်းစခန်းကို ယနေ့နံနက် ၃ နာရီခွဲခန့် တွင် အကြမ်းဖက်သမားများက လက်ပစ်ဗုံးများ၊ လက်လုပ်မိုင်း များဖြင့် လာရောက်ပစ်ပေါက် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ခုခံ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်သမားများ ထွက်ပြေးသွား ခဲ့သည်။ ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင် အချို့ ကျဆုံး/ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
အထက်ပါ ဖြစ်စဉ်များမှ အကြမ်းဖက် လုပ်ရပ်များ ကျူးလွန်ခဲ့သူများကို အမြန်ဆုံး ဖမ်းဆီးရမိရေးနှင့် နယ်မြေ တည်ငြိမ်အေးချမ်းရေးအတွက် တာဝန်သိ ပြည်သူများဖြင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်း များ တိုးမြှင့်ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်