မြစ်ကြီးနား၊ ပူတာအိုမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် အိမ်တွင်းမှုကျောင်းများစစ်ဆေး

နေပြည်တော်   ဒီဇင်ဘာ   ၆     


နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး     ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး သည် ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး   ဗိုလ်မှူးကြီး အောင်ကြည်လင်း၊  တာဝန်ရှိသူများ နှင့်အတူ ဒီဇင်ဘာ ၃ ရက်က ပူတာအို မြို့   နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ    ဖွံ့ဖြိုးရေးသင်တန်း ကျောင်းနှင့် အမျိုးသမီး  သက်မွေး လုပ်ငန်းပညာသင်တန်းကျောင်းတို့ သို့     သွားရောက်ကြည့်ရှုစစ်ဆေး သည်။


ရှေးဦးစွာ  နယ်စပ်ရေးရာဝန်ကြီး ဌာန ဒုတိယဝန်ကြီးသည် ဝန်ထမ်း များ၊   အိမ်တွင်းမှုသင်တန်းသူများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ  အမှာစကားပြောကြားပြီး ဝန်ထမ်းများနှင့်   သင်တန်းသူများ၊ ကျောင်းသား ကျောင်းသူများအား ထောက်ပံ့ငွေများ    ပေးအပ်ကာ ကျောင်းဝင်းအတွင်း     ကွန်ကရစ် ရေမြောင်းဆောင်ရွက်မှုနှင့်  ကျောင်း သား ကျောင်းသူ အိပ်ဆောင်များကို လှည့်လှည်ကြည့်ရှုစစ်ဆေးသည်။


ကြည့်ရှုစစ်ဆေး


 ဒီဇင်ဘာ ၄ ရက်တွင်   ဒုတိယ ဝန်ကြီးသည် နယ်စပ်ဒေသတိုင်းရင်း သားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်း(ဟိုပင်) သို့  ရောက်ရှိကာ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံအမှာစကား   ပြောကြားပြီး ထောက်ပံ့ငွေများပေးအပ်ကာ ကျောင်း ဝင်းအတွင်း ကွန်ကရစ်ရေမြောင်း၊ ခြံစည်းရိုးကာရံ ဆောင်ရွက်နေမှုနှင့် ကျောင်းသား ကျောင်းသူ အိပ်ဆောင် များကို လှည့်လည် ကြည့်ရှုစစ်ဆေး သည်။


ဒီဇင်ဘာ ၅ ရက်တွင် အမှတ်(၁)၊  အမှတ်(၂)  နယ်စပ်ဒေသတိုင်းရင်း သား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်း(မြစ်ကြီးနား) သို့ ရောက်ရှိ ကာ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ   အမှာစကားပြောကြားပြီး ထောက်ပံ့ငွေများ   ပေးအပ်ကာ ကျောင်းဝင်းအတွင်း  သန့်ရှင်းရေး၊ ထမင်းချက်ဆောင်၊     စိုက်ပျိုးရေး ဆောင်ရွက်ထားမှုနှင့် ကျောင်းသား ကျောင်းသူ   အိပ်ဆောင်များအား လှည့်လှည်     ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား ကျောင်းသူများနှင့် အတူ နေ့လယ်စာ  စားသုံးခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်