
နေပြည်တော် ဒီဇင်ဘာ ၆
အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ (SEACEN Centre)နှင့် ဗီယက်နမ် ဗဟိုဘဏ်တို့ ပူးပေါင်းကျင်းပသည့် (၄၁) ကြိမ်မြောက် အရှေ့တောင် အာရှဗဟိုဘဏ်များအဖွဲ့ ဂါဗာနာဘုတ်အဖွဲ့(41st SEACEN Board of Governors-BOG) အစည်းအဝေးကို ဒီဇင်ဘာ ၆ ရက် နံနက် ၉ နာရီခွဲ တွင်လည်းကောင်း၊ (၅၇) ကြိမ်မြောက် အရှေ့တောင်အာရှ ဗဟိုဘဏ်များ အဖွဲ့ ဂါဗာနာများညီလာခံ (57th SEACEN Governors' Conference/ High Level Seminar) ကို ဒီဇင်ဘာ ၆ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် လည်းကောင်း ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
တက်ရောက်
အစည်းအဝေးနှင့်ညီလာခံသို့ SEACEN အဖွဲ့ဝင် ဗဟိုဘဏ် ၁၉ ဘဏ်တို့မှ ဗဟိုဘဏ်ဥက္ကဋ္ဌများနှင့်အတူ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိန်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးဝင်းသော်၊ ဒေါ်သန်းသန်းဆွေနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အဆင့်မြင့် အရာထမ်းများ တက်ရောက်ကြသည်။
(၄၁) ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ ဂါဗာနာ ဘုတ်အဖွဲ့(41st SEACEN Board of Governors-BOG) အစည်းအဝေးတွင် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သူ ဗီယက်နမ်နိုင်ငံဗဟိုဘဏ်ဥက္ကဋ္ဌ Madam Nguyen Thi Hong ၊ ယခင် နှစ်မှ အလှည့်ကျဥက္ကဋ္ဌဟောင်းဖြစ်သူ ဘရူနိုင်းဗဟိုဘဏ်မှ ဦးဆောင် ညွှန်ကြားရေးမှူး Ms. YM Dayang Hajah Rokiah binti Haji Badar နှင့် SEACEN အမှုဆောင်ဒါရိုက်တာ Dr. Mangal Goswami တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။
တင်ပြ
ဆက်လက်၍ SEACEN စင်တာ၏ ၂၀၂၀-၂၀၂၂ ခုနှစ်အတွက် နည်းဗျူဟာအစီအစဉ် အကောင်အထည်ဖော်မှုဆိုင်ရာ Update အခြေ အနေများကို SEACEN အမှုဆောင်ဒါရိုက်တာ Dr. Mangal Goswami က ကိုဗစ်-၁၉ ကာလအတွင်း SEACEN မှ ဆောင်ရွက်ခဲ့သော Online Learning Course များ / Research Progress များကို တင်ပြသည်။
ထို့နောက် ၂၀၂၁ ခုနှစ်တွင် ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ဆွေးနွေးပွဲများ၊ အစည်းအဝေးများကို Online အသုံးပြု၍ ကျင်းပပြီးစီးမှုအခြေအနေ၊ သင်တန်းသား တက်ရောက်မှု အခြေအနေ၊ ကဏ္ဍအလိုက် ဘဏ္ဍာငွေသုံးစွဲမှုအခြေအနေ၊ SEACEN ဝန်ထမ်းရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ Update အခြေအနေများ၊ ၂၀၂၁ ခုနှစ်အတွင်း SEACEN Additional Scholarships (SAS) အသုံးပြုမှုအခြေအနေတို့ကို ဗဟိုဘဏ်ဥက္ကဋ္ဌများထံ SEACEN အမှုဆောင် ဒါရိုက်တာ Dr.Mangal Goswami က တင်ပြသည်။
လမ်းညွှန်မှာကြား
ယင်းနောက် SEACEN Centre ၏ ၂၀၂၀-၂၀၂၂ ဘဏ္ဍာနှစ်အတွက် SEACEN စင်တာမှ ကြီးမှူးဆောင်ရွက်လျက်ရှိသည့် ICT မဟာ ဗျူဟာမြောက် စီမံကိန်းများ ဆောင်ရွက်မှုအခြေအနေ၊ လာမည့် ၂၀၂၂ ခုနှစ်အတွင်း ဆောင်ရွက်မည့်ဦးစားပေးလုပ်ငန်းများ၊ ၂၀၂၂ ခုနှစ်အတွက် ဘတ်ဂျက်လျာထားမှုအခြေအနေ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် SEACEN စင်တာမှ ICT Strategic Plan နှင့်စပ်လျဉ်း၍ အကောင်အထည် ဖော်ဆောင်ရွက်မှုအခြေအနေ၊ ၂၀၂၁ ခုနှစ် SEACEN စင်တာ၏ Organization Scorecard နှင့်စပ်လျဉ်းသည့်ကိစ္စရပ်များ၊ SEACEN စင်တာ၏ Senior Advisor ခန့်အပ်ခြင်းနှင့် ခေါင်းဆောင်မှုနှင့် အုပ်ချုပ်မှု ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဗဟိုဘဏ်ဥက္ကဋ္ဌများထံ လမ်းညွှန်မှု ခံယူရာ SEACEN အဖွဲ့ဝင်ဗဟိုဘဏ် ၁၉ ဘဏ်တို့မှ တက်ရောက်လာ ကြသည့် ဗဟိုဘဏ်ဥက္ကဋ္ဌများက ဆက်လက်ဆောင်ရွက်ရန်ကိစ္စရပ်များ ကို လမ်းညွှန်မှာကြားကြသည်။
ထို့နောက် (၅၇) ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ဂါဗာနာများ ညီလာခံ (57th SEACEN Governors' Conference/ High Level Seminar) တွင် “Digitalization of the Financial System – Implications for Central Banks” နှင့်စပ်လျဉ်း၍ အလှည့်ကျဥက္ကဋ္ဌ ဖြစ်သူ ဗီယက်နမ်ဗဟိုဘဏ်ဥက္ကဋ္ဌ Madam Nguyen Thi Hong က ဆွေးနွေးပြောကြားခဲ့ပြီး SEACEN အဖွဲ့ဝင်ဗဟိုဘဏ်အသီးသီးမှ ဥက္ကဋ္ဌ များက အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
ဆက်လက်၍ “Blockchain Technology Redefining Banking and Digitalization of Money and Payments”နှင့်စပ်လျဉ်း၍ J.P.Morgan မှ Global Head of Coin Systems ဖြစ်သူ Mr. Naveen Mellela၊ Mr. Jason Ekberg နှင့် Mr. Oliver Wyman တို့ကလည်းကောင်း၊ “The Future of Money: How the Digital Revolution is Transforming Currencies and Finance” နှင့်စပ်လျဉ်း၍ Cornell University မှ Tolani Senior Professor နှင့် Brookings Institution မှ senior fellow ဖြစ်သူ Professor Eswar Prasad ကလည်းကောင်း ဆွေးနွေးကြရာ Financial Times, Chair Editorial Board ဖြစ်သူ Ms. Gillian Tett က Moderator အဖြစ် ဆောင်ရွက်သည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
ထို့နောက် အပြည်ပြည်ဆိုင်ရာ စာရင်းရှင်းလင်းရေးဘဏ် BIS ၏ General Manager ဖြစ်သူ Mr. Agustin Carstens၊ ဟောင်ကောင် ငွေကြေးအာဏာပိုင်အဖွဲ့၏ Chief Executive Mr. Eddie Yue၊ ဖိလစ်ပိုင်ဗဟိုဘဏ်ဥက္ကဋ္ဌ Mr. Benjamin Diokno၊ နယူးဇီလန်ဗဟိုဘဏ် ဥက္ကဋ္ဌ Mr. Adrian Orr နှင့် အင်ဒိုနီးရှားဗဟိုဘဏ်ဥက္ကဋ္ဌ Dr. Perry Warjiyo တို့က အသီးသီးဆွေးနွေးကြရာ ဟောင်ကောင်တက္ကသိုလ်မှ Professor ဖြစ်သူ Mr. Doug Arner က Moderator အဖြစ် ဆောင်ရွက်သည်။ ထို့နောက် SEACEN အဖွဲ့ဝင်ဗဟိုဘဏ် ၁၉ ဘဏ် တို့မှ တက်ရောက်လာကြသည့် ဗဟိုဘဏ်ဥက္ကဋ္ဌများက အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
၂၀၂၂ ခုနှစ်တွင် (၄၂) ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ်များ အဖွဲ့ဥက္ကဋ္ဌများ အစည်းအဝေးနှင့် (၅၈) ကြိမ်မြောက် SEACEN ဗဟိုဘဏ် ဥက္ကဋ္ဌများညီလာခံကို ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။
သတင်းစဉ်