အရည်အချင်းပြည့်ဝသည့် ဝန်ထမ်းကောင်းများဖြစ်ရန်နှင့် ဝန်ကြီးဌာန၏ ဂုဏ်သိက္ခာ၊ နိုင်ငံတော်၏ ဂုဏ်သိက္ခာမြှင့်တင်နိုင်သော ဝန်ထမ်းကောင်းများဖြစ်ရန် ကြိုးပမ်းအားထုတ်သွားကြရန်လို

နေပြည်တော်   ဒီဇင်ဘာ   ၆


သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၌ တာဝန် ထမ်းဆောင်မည့် ပြည်ထောင်စုတိုင်းရင်းသားလူငယ် များ   စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်၊ စစ်ကိုင်း)တို့မှ ကျောင်းဆင်းဝန်ထမ်းများအတွက် ဖွင့်လှစ်သည့် ရက်တိုလုပ်ငန်းခွင်သင်တန်းအမှတ်စဉ် (၁/၂၀၂၁)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ တွင် အဆိုပါဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။


ကြိုးပမ်းအားထုတ်


အခမ်းအနားတွင်    ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက နိုင်ငံ့တာဝန်များကို တာဝန်ထမ်းဆောင်ရာ တွင်   ဝန်ထမ်းကျင့်ဝတ်၊  နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ရုံးလုပ်ငန်းလက်စွဲတို့အပြင် ဒေသန္တရ စည်းမျဉ်း၊  စည်းကမ်းများကို သိရှိထားရန်လိုအပ် ကြောင်း၊  ကျောင်းဆင်း   ဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာဌာနများ၌ တာဝန်ထမ်းဆောင်သည့်အခါ အရည်အချင်းပြည့်ဝသည့်   ဝန်ထမ်းကောင်းများ ဖြစ်ရန်နှင့် ဝန်ကြီးဌာန၏ ဂုဏ်သိက္ခာ၊ နိုင်ငံတော်၏ ဂုဏ်သိက္ခာမြှင့်တင်နိုင်သော ဝန်ထမ်းကောင်းများ ဖြစ်ရန် ကြိုးပမ်းအားထုတ်သွားကြရန်လိုကြောင်း။


ကျောင်းဆင်းဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာ ဌာနများ၌ တာဝန်ထမ်းဆောင်သည့်အခါ မည်သည့် ကိစ္စရပ်များကိုမဆို    စေတနာထား၍  လုပ်ကိုင် ဆောင်ရွက်ပြီး အခြေခံကျသည့် လိုက်နာဆောင်ရွက် ရမည့် အချက် ၁၂ ချက်ကို မှာကြားလိုကြောင်း၊ ၎င်းတို့မှာ မိသားစုစိတ်ဓာတ်မွေးရန်၊ အထက်အောက် ဆက်ဆံရေးမှန်ကန်ရန်၊ ရောက်သည့်နေရာ ကျရာ တာဝန်ကို အကောင်းဆုံးကြိုးစားလုပ်ဆောင်ရန်၊ စည်းမျဉ်းစည်းကမ်းနှင့်အညီ  လုပ်ဆောင်ခြင်းဖြင့် ဥပဒေကိုလေးစားလိုက်နာရန်၊ ကိုယ့်အလုပ်ကိုယ် လေးစားဂုဏ်ယူရန်၊ စာများများဖတ်ရန်၊ ကိုယ့်နိုင်ငံ သမိုင်းကိုသိရန်၊ ဘာသာသာသနာကို ရိုသေလေးစား ရန်၊ ကျန်းမာရေးဂရုစိုက်ရန်၊ ပါတီနိုင်ငံရေးကင်းရှင်း ရန်၊ တိုင်းရင်းသားချစ်စိတ်မှသည် အမျိုးသားချစ်စိတ် (မျိုးချစ်စိတ်) ထိုမှတစ်ဆင့် ပြည်ထောင်စုစိတ်ဓာတ် ရှိအောင်   ကြိုးစားရန်၊   တိုင်းရင်းသားအားလုံး ချစ်ကြည်စည်းလုံးစွာ    နေထိုင်ကြရန်လိုအပ်ပြီး တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာရှိသည်ဟု ယုံကြည်ရန်တို့ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍   ပြည်ထောင်စုဝန်ကြီးသည် သင်တန်းသား    သင်တန်းသူများကို    နှုတ်ဆက် အားပေးစကားပြောကြားပြီး     အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
သင်ကြားပို့ချသွားမည်အဆိုပါအခမ်းအနားသို့      ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့်  ဦးထွန်းအုံ၊  အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူ များ တက်ရောက်ကြပြီး သင်တန်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက် များနှင့်အညီ  ဒီဇင်ဘာ  ၆  ရက်မှ  ၁၀ ရက်အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


  သတင်းစဉ်