ထိုင်းနိုင်ငံ၌ ပထမဆုံးအိုမီခရွန် ဗိုင်းရပ်စ်သစ် ကူးစက်ဖြစ်ပွားသူတွေ့ရှိ

 

ဘန်ကောက် ဒီဇင်ဘာ ၆ 
ထိုင်းနိုင်ငံ၌   အိုမီခရွန်   ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးစိတ်သစ်   ပထမဆုံးကူးစက်ဖြစ်ပွားလျက်ရှိကြောင်း  တွေ့ရှိခဲ့ သည်ဟု    ဒီဇင်ဘာ    ၆     ရက်တွင်   သက်ဆိုင်ရာ     တာဝန်ရှိသူများက ပြောကြားခဲ့သည်။
စပိန်မှ   ပြန်လည်ရောက်ရှိလာ သော အမေရိကန်ခရီးသွားကို စစ်ဆေး ရာမှ     ထိုသို့တွေ့ရှိခဲ့ခြင်းဖြစ်သည်။ 
အသက် ၃၅ နှစ်ရှိ အမေရိကန် ခရီးသွားသည်       ဒူဘိုင်းမှတစ်ဆင့် လေယာဉ်ကူးပြောင်းစီးခဲ့ပြီး    စပိန်မှ    ပြန်လာသူဖြစ်ကြောင်းနှင့် စစ်ဆေးမှု များအရ  အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ် သစ်ကို     တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း   ကျန်းမာရေးဝန်ကြီးဌာနက  ဒီဇင်ဘာ ၆ ရက်တွင် ကြေညာခဲ့သည်။ 
အဆိုပါခရီးသွားသည် လက်ရှိတွင်  ဘန်ကောက်ဆေးရုံတွင်    ဆေးကုသမှု ခံယူလျက်ရှိသည်။ 
ဒီဇင်ဘာ  ၆ ရက်က    ထိုင်းနိုင်ငံ၌  ကိုဗစ်-၁၉  ထပ်မံကူးစက် ဖြစ်ပွားသူ ၄၀၀၀  တွေ့ရှိခဲ့ပြီး လွန်ခဲ့သည့်   ၂၄  နာရီအတွင်း နောက်ထပ် ၂၂ ဦး ထပ်မံ သေဆုံးခဲ့ရာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား သူပေါင်း  ၂  ဒသမ  ၁၄  သန်းကျော်ရှိ လာပြီး   သေဆုံးသူပေါင်းမှာလည်း ၂၀၉၆၆ဦးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ‌ဖော်ပြထားသည်။      ဆင်ဟွာ