အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၂၃၃) ဖွင့်လှစ်


 

နေပြည်တော်   ဒီဇင်ဘာ   ၆
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်၊ သင်တန်းကျောင်း၌ ဖွင့်လှစ်သည့် အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း(Grade-1 သင်တန်း) အမှတ်စဉ်(၂၃၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ ကိုဗစ်- ၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနား တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပါမောက္ခ    ဒေါက်တာ  ကံဇော်က ယခုသင်တန်းကို    နိုင်ငံ့ဝန်ထမ်း များ၏ ရုံးလုပ်ငန်းကျွမ်းကျင်မှုများ တိုးတက်    မြင့်မားလာစေရန်နှင့် လုပ်ငန်းတာဝန်များကိုစွမ်းဆောင် ရည်ပြည့်ဝစွာ   ဆောင်ရွက်နိုင် စေရန် ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ် ကြောင်း၊ အစိုးရဌာန၊ အဖွဲ့အစည်း များရှိ အရာထမ်း၊ အမှုထမ်းများ အတွက်  အခြေခံအဆင့်၊ အလယ် အလတ်အဆင့်နှင့်      အဆင့်မြင့် သင်တန်းများကို အဆင့် (၃)ဆင့် ခွဲခြား၍    ဖွင့်လှစ်သင်ကြားပေး လျက်ရှိကြောင်း၊ အခြေခံစာရင်း ကိုင်နှင့်  ရုံးလုပ်ငန်း ကျွမ်းကျင်မှု သင်တန်းကို ယခင်စာရင်းစစ်ချုပ် ရုံး (ရုံးချုပ်)   ရန်ကုန်၊   သင်တန်း ကျောင်း၌ ၁၉၆၀ ပြည့်နှစ်မှ စတင် ဖွင့်လှစ်ခဲ့ပြီး      နေပြည်တော်၌ ၂၀၀၇-၂၀၀၈  ခုနှစ်၌     စတင် ဖွင့်လှစ်ခဲ့ရာ  သင်တန်းအမှတ်စဉ် (၁ မှ ၂၃၂)အထိ  သင်တန်းသား  ၄၀၁၆၈   ဦး   မွေးထုတ်ပေးနိုင်ခဲ့ပြီး   ဖြစ်ကြောင်း။ 
လုပ်ငန်းတာဝန်များ ကျေပွန် စွာ ထမ်းဆောင်နိုင်ရေးအတွက်  ဗဟုသုတနှင့် ကျွမ်းကျင်မှုအရည် အသွေးများ ပြည့်ဝစေရန် လေ့လာ သင်ယူမှုသည် အရေးကြီးကြောင်း၊ ပြည်သူ့အကျိုးစီးပွား ဆောင်ရွက် ရာတွင်    နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီမှ  ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည် ချက် (၉) ရပ်တို့ကို သိရှိပြီး ဌာန၊ အဖွဲ့အစည်းအတွက် ကောင်းမွန် သော   စီမံခန့်ခွဲမှုကို   အထောက် အကူပြုနိုင်သူများဖြစ်ရန် လိုအပ် ကြောင်း၊    နိုင်ငံ့ဝန်ထမ်းများဖြစ် သဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်း ဥပဒေများ၊ အမိန့်၊ ညွှန်ကြားချက် များကို    လိုက်နာ၍    ဌာန၊  အဖွဲ့ အစည်းနှင့် နိုင်ငံတော်အပေါ်သစ္စာ ရှိစွာဖြင့်  ပေးအပ်သည့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြစေလို ကြောင်း၊   တိကျပြည့်စုံမှန်ကန် သည့် စာရင်းရေးဆွဲမှတ်တမ်းတင် မှုများကို   အများလက်ခံကျင့်သုံး နေသော     စာရင်းကိုင်မူများနှင့် အညီ     လိုက်နာကျင့်သုံးနိုင်စေ ရန်    သင်ကြားပေးသွားမည်ဖြစ် ကြောင်း မှာကြားပြီး အခမ်းအနား ကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ      သင်တန်းတွင် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာန/ အဖွဲ့အစည်း ၃၈ ခုမှ သင်တန်း သား ၁၀၂ ဦး တက်ရောက်ကြပြီး  စာရင်းကိုင်ပညာ၊       ဘဏ္ဍာရေး စည်းမျဉ်း၊    ဝန်ထမ်းစည်းမျဉ်း၊ ဦးစီးဌာနစာရင်းထားနည်း၊ စတို ပစ္စည်းစာရင်း      ထားနည်းနှင့် အမှုတွဲထိန်း   ဘာသာရပ်များကို ဒီဇင်ဘာ   ၆ ရက်မှ   ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၄ ရက်အထိ စာမေးပွဲ ရက်     အပါအဝင်    တစ်လကြာ သင်ကြား ပို့ချသွားမည်ဖြစ်သည်။
 သတင်းစဉ်