ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ပြုလုပ်

 

 

နေပြည်တော်    ဒီဇင်ဘာ   ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ဆောင်ရွက်လျက် ရှိသည့်    ကိုဗစ်-၁၉  ရောဂါ   ကာကွယ်၊  ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို အရှေ့ မြောက်တိုင်း စစ်ဌာနချုပ် တိုင်းအစည်းအဝေးခန်းမ ၌လည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်း ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းအစည်းအဝေးကို ကျိုင်းတုံမြို့  ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန (ရှမ်းအရှေ့)ရုံး၌  လည်းကောင်း   ယနေ့တွင်  ပြုလုပ်ကြရာ     သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးများနှင့်    ဌာနဆိုင်ရာ    တာဝန်ရှိသူများ၊  ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြ သည်။
ဦးစွာ   တိုင်းမှူးများက   အဖွင့်အမှာစကားများ ပြောကြားကြသည်။ ထို့နောက် အစည်းအဝေးတွင် တက်ရောက်လာကြသူများက ပြည်နယ် များအတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများနှင့်   ပတ်သက်၍  ဆွေးနွေးတင်ပြကြရာ    တိုင်းမှူးများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။              သတင်းစဉ်