ကင်ညာနိုင်ငံ ဘတ်စ်ကားမတော်တဆမှု၌ သေဆုံးသူ ၂၄ ဦးရှိလာ

အန်ဝင်ဂီ   ဒီဇင်ဘာ  ၅


ကင်ညာနိုင်ငံအရှေ့ပိုင်း ကီတူခရိုင် အန်ဇူမြစ်အတွင်းသို့ ယမန်နေ့က ဘတ်စ်ကားတစ်စီး    ထိုးကျသွား ခဲ့ရာ        အဆိုပါဖြစ်စဉ်ကြောင့်     လက်ရှိအချိန်အထိ သေဆုံးသူ ၂၄ ဦး ရှိကြောင်း သိရသည်။


အဆိုပါဖြစ်စဉ်အတွင်း သေဆုံး ခဲ့သူများ၏       မိသားစုများထံသို့ ကင်ညာသမ္မတ အူရူကင်ယက်တာ က ဝမ်းနည်းကြောင်း အကြောင်း ကြားစာများပေးပို့ခဲ့သည်။ အဆိုပါ ဖြစ်စဉ်အတွင်း    ဘတ်စ်ကားပေါ် တွင်      လိုက်ပါစီးနင်းသူများမှာ ခရစ်ယာန်ဘာသာဝင်များဖြစ်ကြ ပြီး  နူးနယ်မြေ   အန်ဝင်ဂီမြို့၌ ကျင်းပသော လက်ထပ်ပွဲအခမ်းအနားသို့သွားရောက်ရန်   ထွက်ခွာ လာခြင်းဖြစ်သည်။ 


အဆိုပါဘတ်စ်ကားမှ    ယာဉ် မောင်းသည်  ကီတူခရိုင်ရှိ ရေလွှမ်း မိုးနေသော    တံတားတစ်စင်းကို ဖြတ်ကျော်မောင်းနှင်ရန် ကြိုးစား စဉ်  ရုတ်တရက်ရေတိုက်စားခံရပြီး ကားမှာ      အန်ဇူမြစ်အတွင်းသို့ ထိုးကျသွားခဲ့ကြောင်း   အန်ဝင်ဂီ ခရိုင်ခွဲမှ တပ်မှူး  ဂျိုးဇက်ယန်ကန် က ပြောကြားသည်။ လက်ရှိအချိန် အထိ အဆိုပါဖြစ်စဉ်၌ သေဆုံးခဲ့သူ ၂၄ ဦး၏   အလောင်းကိုပြန်လည် ရရှိခဲ့ကြောင်းနှင့်     ကလေးငယ် လေးဦးအပါအဝင်   အသက်ရှင် ကျန်ရစ်သူ ၁၂ ဦးရှိကြောင်း သိရ သည်။

 
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ