နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်ဩဝါဒါစရိယ၊ အင်းစိန်ရွာမ ဆရာတော်ဘုရားကြီးအား သွားရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၊ ဗုဒ္ဓဘာသာ သာသနာတော်ထွန်းကားပြန့်ပွားရ

နေပြည်တော်   ဒီဇင်ဘာ   ၅


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊      နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်သည်    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်  ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊  ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့်  ဦးမောင်မောင်အုန်း၊ ဦးကိုကို၊ ဒေါက်တာသက်ခိုင်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ လိုက်ပါ ၍  ယနေ့နံနက်ပိုင်းတွင်  ရန်ကုန်တိုင်းဒေသကြီး  အင်းစိန်မြို့နယ်ရှိ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ အင်းစိန်ရွာမ ဆရာတော်ဘုရားကြီးအား ဖူးမြော်ကြည်ညိုကာ စာသင်တိုက်ကြီးတွင် သီတင်းသုံးတော်မူလျက်ရှိသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ် များနှင့် စာသင်သားသံဃာတော်များအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ လှူဒါန်းသည့် ဆန်၊ ဆီ၊ ဆားနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။


ဦးစွာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်  နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေတိဂုံ စေတီတော်ဂေါပကအဖွဲ့                 ဩဝါဒါစရိယ  အင်းစိန်ရွာမဆရာတော် အဂ္ဂမဟာပဏ္ဍိတ   ဘဒ္ဒန္တတိလောကာ ဘိဝံသအား     ဖူးမြော်ကြည်ညိုကြသည်။ 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က အင်းစိန်ရွာမဆရာတော်ဘုရားကြီးထံ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓ ဥယျာဉ်တော်အတွင်း၌       ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာ မည့်      “မာရဝိဇယ”    ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေးလုပ်ငန်းဆိုင်ရာများကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာ တော်ကြီးများ၏ ဩဝါဒများ၊  သာသနာ တော်ထုံး၊       ရုပ်ပွားဆင်းတုတော်ထုံး၊ မြန်မာ့ရိုးရာတည်ထုံးများနှင့်အညီ ထုဆစ် ပူဇော်လျက်ရှိသည့်အခြေအနေ၊ ထို့ပြင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဘုရားဖူးလာ မိဘပြည်သူများဖူးမြော်ရာ၌ ပိဋကတ်သုံးပုံပါဠိတော် အဋ္ဌကထာဋီကာ ကျမ်းစာမြတ်ကိုပါ တစ်ပါတည်း ဖူးမြော် ကြည်ညိုပူဇော်နိုင်ရေး၊   ဗုဒ္ဓသာသနာ တော်  ထွန်းကားပြန့်ပွားရေး၊    ခေတ် အဆက်ဆက်    မှတ်တမ်းကျန်ရှိစေရေး တို့အတွက်       ပိဋကတ်သုံးပုံ  ပါဠိတော် အဋ္ဌကထာဋီကာကျမ်းစာများကို စကျင် ကျောက်တော်များ၌ ထွင်းထုပူဇော်၍ ဗုဒ္ဓ ဥယျာဉ်တော်အတွင်း၌   စိုက်ထူနိုင်ရေး အတွက်လည်း စီစဉ်ဆောင်ရွက်လျက် ရှိသည့်အခြေအနေ၊   အဆိုပါ ပိဋကတ် သုံးပုံပါဠိတော် အဋ္ဌကထာဋီကာကျမ်းစာ များကို   ဗုဒ္ဓသာသနာတော်ထွန်းကား ပြန့်ပွားစေရန်ရည်ရွယ်ကာ ပါဠိဘာသာ နှင့် Romanize Language ယှဉ်တွဲ၍ စာအုပ်ရိုက်နှိပ်ထုတ်ဝေပြီး နိုင်ငံတကာရှိ ဗုဒ္ဓတက္ကသိုလ်များ၊ စာသင်တိုက်များ၊ ကျောင်းတော်ကြီးများသို့ အခမဲ့ဖြန့်ချိပေး သွားမည့် အခြေအနေ၊   ပြည်တွင်း၌ သာမက ပြည်ပနိုင်ငံများတွင်လည်း ဗုဒ္ဓ သာသနာတော်  ထွန်းကားပြန့်ပွားရေး ဆိုင်ရာများကို ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို       ဦးစွာတင်ပြ လျှောက်ထားသည်။


မေးမြန်းလျှောက်ထား


ဆက်လက်၍  ဆရာတော်ဘုရားကြီး ၏ ကျန်းမာရေးဆိုင်ရာများနှင့် ပတ်သက် ၍ မေးမြန်းလျှောက်ထားပြီး  ဆေးစစ်မှု များနှင့် ကြိုတင်ကာကွယ်စစ်ဆေးခြင်း များကို ဆောင်ရွက်နိုင်မည့် အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများကို အစိုးရ အဖွဲ့တာဝန်ရှိသူများ၊       ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပြည်သူလူထုတို့ တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်မှုများကြောင့် ကူးစက်မှုရာခိုင် နှုန်းကို       အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်ခဲ့သည့်       အခြေအနေနှင့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ယခုနှစ်အပြီးတွင် ဆေးထိုးနှံရန်လိုအပ် သည့် လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်အထိ ထိုးနှံပြီးစီးနိုင်ရေး   ဆောင်ရွက်လျက်ရှိ သည့် အခြေအနေများနှင့် ပတ်သက်၍ တင်ပြလျှောက်ထားသည်။ 


တင်ပြလျှောက်ထားမှုများအပေါ် ဆရာတော်ဘုရားကြီးက တိုင်းပြည်နှင့် လူမျိုးဖွံ့ဖြိုးတိုးတက်ရေး၊        ဘာသာ သာသနာတော်   ထွန်းကားပြန့်ပွားရေး များကို    လုပ်ဆောင်နေခြင်းဖြစ်သည့် အတွက် ဝမ်းမြောက်မိကြောင်း၊  အမျိုး၊ ဘာသာ၊ သာသနာတော်ကို ယခုထက်ပိုမို ထိန်းသိမ်း စောင့်ရှောက်နိုင်ပါစေကြောင်း နှင့် အခြားလိုအပ်သည်များကို ပြန်လည် မြွက်ကြားသည်။


ဆက်ကပ်လှူဒါန်း


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် သည် အင်းစိန်ရွာမဆရာတော်ဘုရားကြီးထံသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်းသည့် ပရိက္ခရာ ရှစ်ပါးစုံ လှူဖွယ်ပစ္စည်းများ၊   နဝကမ္မ အလှူငွေများ၊ ဆွမ်းဆန်တော် အိတ် ၁၀၀၊ ဆီ ပိဿာ ၁၀၀၊ ဆား တစ်အိတ်၊ အာဟာရ ဖြည့် စားသောက်ဖွယ်ရာများနှင့်   ဆေး ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးများက ဆရာတော်ဘုရားကြီးထံသို့    လှူဖွယ် ပစ္စည်းများ      ဆက်ကပ်လှူဒါန်းကြ သည်။


 ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် အင်းစိန်ရွာမဆရာတော်ဘုရားကြီးထံမှ    ငါးပါးသီလခံယူ ဆောက်တည်ကြပြီး အနုမောဒနာတရား နာယူကာ     လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။        
         

သတင်းစဉ်