
နေပြည်တော် ဒီဇင်ဘာ ၅
နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းပြည် တာဝန်ထမ်းဆောင်ရင်း အသက်ပေးကျဆုံးသွားခဲ့ သည့် ခေတ်အဆက်ဆက်မှ ကျဆုံးစစ်သည်များအား အောက်မေ့ဖွယ်ဂါရဝပြုဆုတောင်းပွဲနှင့် အလေးပြု ခြင်း အခမ်းအနားကို အဋ္ဌမအကြိမ်မြောက်အဖြစ် ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာ သီရိမြို့နယ်ရှိ သူရဲကောင်းဗိမာန်(နေပြည်တော်)၌ ကျင်းပသည်။
အဆိုပါဂါရဝပြုဆုတောင်းပွဲတွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံ စစ်မှုထမ်း ဟောင်းဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ် ကြီး စိန်ဝင်း (အငြိမ်းစား) နှင့် စစ်မှုထမ်းဟောင်းအဖွဲ့ ဝင်များ၊ နိုင်ငံရေးပါတီများမှ ပါတီခေါင်းဆောင်များ၊ ရောင်နီဦးနှင့် မိတ်ဆွေများပရဟိတအဖွဲ့၊ ရွှေပြည် တော်သို့ဆုံမှတ် ပရဟိတအဖွဲ့နှင့် တပ်မတော် ချစ်မြတ်နိုးသူများ တက်ရောက်ကြသည်။
ဦးစွာ အောက်မေ့ဖွယ်ဂါရဝပြု ဆုတောင်းပွဲနှင့် အလေးပြုခြင်းအခမ်းအနားကို တက်ရောက်လာကြ သူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံတော် သီချင်းအား သီဆိုခြင်း၊ နိုင်ငံတော်အလံအား အလေး ပြုခြင်း၊ ခေတ်အဆက်ဆက်က တိုင်းပြည်အတွက် အသက်ပေးလှူသွားကြသည့် သူရဲကောင်းစစ်သည် များအား အလေးပြုခြင်း၊ သစ္စာအဓိဋ္ဌာန်လေးချက် ရွတ်ဆိုခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ထို့နောက် တိုင်းပြည်အတွက် အသက်ပေးလှူ သွားခဲ့ကြသည့် သူရဲကောင်းစစ်သည်များအား ရည်စူး ၍ ဝမ်းနည်းခြင်းအထိမ်းအမှတ် ၂ မိနစ်ငြိမ်သက်ခြင်း၊ သူရဲကောင်းစစ်သည်များ မြင့်မြတ်သောကောင်းမွန် ရာဘုံဘဝရောက်ရှိစေရန် မိုးပျံပူဖောင်းများလွှတ်တင် ခြင်း ၊ ထာဝရငြိမ်းချမ်းရေးရရှိစေရန် ရည်မှန်း၍ အထိမ်းအမှတ်ချိုးဖြူငှက်များ လွှတ်ခြင်း တို့ကို ဆောင်ရွက်ကြသည်။
ယင်းနောက် တက်ရောက်လာကြသူများက ကျဆုံးစစ်သည်များအတွက် လွမ်းသူ့ပန်းခွေနှင့် ပန်းခြင်းများဖြင့် ဂါရဝပြုခြင်းကို အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။ထို့ပြင် ယနေ့နံနက်ပိုင်းတွင်လည်း ကျဆုံးစစ်သည်များအားရည်စူး၍ ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာ အုပ်စုပေါက်တောကျေးရွာ သဒ္ဒါရုံ ကျောင်းတိုက်၌ သံဃာတော်များအား အရုဏ်ဆွမ်း နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်း၍ ရေစက် သွန်းချအမျှပေးဝေခြင်းတို့ဆောင်ရွက်သည်။
အဆိုပါအခမ်းအနားကို ရောင်နီဦးနှင့်မိတ်ဆွေ များ ပရဟိတအဖွဲ့ကဦးဆောင်၍ ၂၀၁၄ ခုနှစ်မှ စတင်ကာ ဒီဇင်ဘာလ၏ ပထမပတ် တနင်္ဂနွေနေ့ တိုင်းတွင် နှစ်စဉ် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခင် နှစ်များက ရန်ကုန်မြို့ရှိ သူရဲကောင်းစစ်သည်ဗိမာန် တွင် ကျင်းပပြုလုပ်ခဲ့ရာမှ ယခုနှစ်တွင် သူရဲကောင်း ဗိမာန် (နေပြည်တော်)တွင် ပထမဆုံးအကြိမ်အဖြစ် စတင်ကျင်းပပြုလုပ်ခြင်းဖြစ်သည်။
သတင်းစဉ်