
ရန်ကုန် ဒီဇင်ဘာ ၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်၊ ရန်ကုန်အဝေးသင် တက္ကသိုလ် များသို့ သွားရောက်၍ ပါမောက္ခ ချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများနှင့် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည် ထောင်စုဝန်ကြီးက ဘာသာရပ် အလိုက် သင်ကြားနိုင်ရန် ဆရာ ဆရာမလိုအပ်ချက်ကို ဖြည့်ဆည်း ခန့်ထားနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဘာသာဗေဒ ကို စိတ်ဝင်စားသည့်သူများ ဆရာ ဆရာမ လျှောက်ထားနိုင်ရေး အတွက်လည်း စီစဉ်ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံခြား ကျောင်းသား ကျောင်းသူ များ အဆောင်ကိုလည်း တက္ကသိုလ် မှ တိုက်ရိုက်စီမံခန့်ခွဲနိုင်ရေး စီစဉ် ပေးသွားမည်ဖြစ်ပါကြောင်း။
တက္ကသိုလ်များတွင် မြန်နှုန်း မြင့် အင်တာနက် ဝိုင်ဖိုင်ရရှိရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကိုဗစ်ကာလတွင် သင်ကြားပေး လျက်ရှိသည့် အွန်လိုင်းသင်ကြား ခြင်းများအတွက် လိုအပ်ချက်များ ကိုလည်း ဖြည့်ဆည်းပေးသွား မည်ဖြစ်ပါကြောင်း၊ တက္ကသိုလ် များတွင် လိုအပ်သည့် စာသင် ဆောင်များ ဖြည့်ဆည်းပေးမည် ဖြစ်ပါကြောင်း၊ ရေသန့်စက် များ ဖြည့်ဆည်းပေးမည်ဖြစ်ပါ ကြောင်း၊ လျှပ်စစ်မီးလုံလောက်စွာ ရရှိစေရေး ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် မိမိ တို့၏ လိုအပ်ချက်များကို ပွင့်ပွင့် လင်းလင်း တင်ပြပေးကြစေလို ကြောင်း၊ သို့မှသာ မိမိအနေဖြင့် ဆရာဆရာမများ၏ အဓိကလိုအပ် ချက်များနှင့် တင်ပြချက်များကို တတ်နိုင်သမျှ ဖြေရှင်းဆောင်ရွက် ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများ အပေါ်တွင် စေတနာထားပြီး သင်ကြားပေးကြ စေ လိုကြောင်းနှင့် အပြန်အလှန် လေးစားမှုဖြင့် ဆက်ဆံကာ ပညာရေးလုပ်ငန်းများကို လက်တွဲ ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာ ကြသည့် ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ ပါမောက္ခ ဌာနမှူး များက ဘာသာစကားသင် ဆရာ ဆရာမများ သင်ကြားသင်ယူခြင်း နည်းစနစ်များ ပိုမိုကောင်းမွန် လာစေရေးအတွက် မိတ်ဖက် တက္ကသိုလ်များသို့ အလှည့်ကျ စေလွှတ်ပေးရေး၊ ဆရာဆရာမ များ၏ အပြောင်းအရွှေ့ကိစ္စရပ် များ စဉ်းစားပေးရေး၊ နိုင်ငံခြား ကျောင်းသား ကျောင်းသူများ အဆောင်ကို အဆောင်လခနှင့် ညီမျှသည့် အထောက်အပံ့များ ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရေး၊ ဆရာ ဆရာမများ၏ ဝန်ထမ်းအိမ်ရာများ တွင် လိုအပ်ချက်များ ဖြည့်ဆည်း ပေးရေး၊ တက္ကသိုလ်စာကြည့် တိုက်များ ဖြည့်ဆည်းရေး၊ကျောင်း ဆောင်အသစ် ဆောက်လုပ်ရေး၊ ဝန်ထမ်းအိမ်ရာများ ဖြည့်ဆည်းပေးရေးကိစ္စရပ်များနှင့် စပ်လျဉ်း ၍ ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် တွေ့ဆုံပွဲသို့ တက် ရောက်လာကြသည့် ပါမောက္ခ ချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်