အိန္ဒိယနိုင်ငံသို့ အသည်း၊ ကျောက်ကပ် အစားထိုးကုသမှုဆိုင်ရာ ပညာတော်သင်များ နိုင်ငံတော်အစီအစဉ်ဖြင့် စေလွှတ်မည်

 

ရန်ကုန်    ဒီဇင်ဘာ   ၅ 


ကျန်းမာရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး    ဒေါက်တာသက်ခိုင်ဝင်း သည်   ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ်  ဒေါက်တာကျော်ရွှေ၊   ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ပါမောက္ခချုပ် ဒေါက်တာသီတာလှ (ဆေးရုံအုပ်ကြီး/ကုသရေး)နှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 


ထိုသို့    ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ဆေးရုံ အုပ်ကြီးနှင့် ပါမောက္ခများ၊အထူးကု ဆရာဝန်ကြီးများ၊  ဆရာဝန်များ၊ သူနာပြုများနှင့်    ရင်းရင်းနှီးနှီး တွေ့ဆုံပြီး အထူးကုသမားတော် ကြီးများအနေဖြင့် ပြည်သူလူထု အကျိုးကို  ရှေးရှု၍  ကျန်းမာရေး စောင့်ရှောက်မှု   လုပ်ငန်းများကို ကြိုးစား  ဆောင်ရွက်ပေးစေလို ကြောင်း၊  အချို့ဆေးရုံများတွင် လက်ခံကုသမှုပေးနိုင်သော အခြေ  အနေရှိသော်လည်း   လက်ခံကုသ မှု     အားနည်းလျက်ရှိနေသေး ကြောင်း၊ သို့သော် အချို့တိုက်နယ် ဆေးရုံများ၊   မြို့နယ်ဆေးရုံများ တွင် ဆရာဝန်တစ်ယောက်တည်း ရှိသော်လည်း   ပြည်သူ့ကျန်းမာ ရေး   စောင့်ရှောက်မှုလုပ်ငန်းများ အပြင်      ခွဲစိတ်ကုသမှုပေးခြင်း၊ ကလေးမွေးဖွားပေးခြင်းလုပ်ငန်းများကို       ဆောင်ရွက်လျက်ရှိပါကြောင်း။

 


ခွဲစိတ်မှုများ ဆောင်ရွက်နိုင် ရေးအတွက် လိုအပ်ပါက Pack-age အလိုက် ကန်ထရိုက်စနစ်ဖြင့်  ငှားရမ်းဆောင်ရွက်နိုင်ရန် ခွင့်ပြု ပေးမည်ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ သို့     အသည်း၊    ကျောက်ကပ် အစားထိုးကုသမှုဆိုင်ရာ   ပညာ တော်သင်များ     စေလွှတ်ရေး အတွက် သက်ဆိုင်ရာ ဘာသာရပ် အသီးသီးမှ အထူးကုဆရာဝန်များ ကို    နိုင်ငံတော်အစီအစဉ်ဖြင့် စေလွှတ်နိုင်ရန် စီစဉ်သွားမည်ဖြစ် ပါကြောင်း၊  အသည်းအစားထိုး ခွဲစိတ်ကုသမှုနှင့်    ကျောက်ကပ် အစားထိုး   ခွဲစိတ်ကုသမှုများကို အမြန်ဆုံး  ပြန်လည်ဆောင်ရွက် နိုင်အောင်     ကြိုးစားစေလိုပါ ကြောင်း၊  ပြည်သူများ၏ အကျိုး ကို ရှေးရှု၍ စေတနာထက်သန်စွာ ဖြင့်    ဆေးကုသမှုလုပ်ငန်းများ ကို ဆောင်ရွက်စေလိုပါကြောင်း ပြောကြားသည်။

 


ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် မြောက်ဥက္က လာပ အထွေထွေရောဂါကုဆေးရုံ ကြီးသို့ ရောက်ရှိကြပြီး ကိုဗစ်-၁၉ ရောဂါ ပြင်းထန်လူနာများကုသ ရန်    ပြင်ဆင်ဆောင်ရွက်ထားရှိ သည့် အထူးကြပ်မတ်ကုသဆောင်၊ လူနာဆောင်များ၊     အရေးပေါ်၊ ပြင်ပလူနာဌာနနှင့် ဓာတ်မှန်ဌာန သို့ သွားရောက်ကြည့်ရှု စစ်ဆေး ပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းပေးကာ   ပြည် ထောင်စုဝန်ကြီးသည် ဆေးရုံအုပ် ကြီးနှင့် ပါမောက္ခများ၊ အထူးကု ဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများနှင့်      ရင်းရင်းနှီးနှီး တွေ့ဆုံကာ     မြောက်ဥက္ကလာပ အထွေထွေရောဂါကု   ဆေးရုံကြီး သည်    ဗဟိုအဆင့်    ဆေးရုံများ အနက်   လူနာအများဆုံး လက်ခံ ကုသပေးနေရ၍   အတွင်းလူနာ စုစုပေါင်း ၅၀၀ ခန့် လက်ခံကုသမှု ပေးနေသည်ဟု သိရှိရပါကြောင်း၊ မြောက်ဥက္ကလာပ    အထွေထွေ ရောဂါကု ဆေးရုံကြီးသည် ဆေး ပညာသင်ကြားရေး ဆေးရုံကြီးဖြစ် သည်နှင့်အညီ မကြာခင်ပြန်လည် ဖွင့်လှစ်တော့မည့်  နောက်ဆုံးနှစ် အပိုင်း(ခ)ပုံမှန်နှင့် နောက်ဆက်တွဲ အတန်းများအတွက် သင်ကြားရေး လုပ်ငန်းများ ပြန်လည်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊       အလုပ် ပြန်လည်ဝင်ရောက်      လိုသော ဆရာဝန်၊ သူနာပြုများ၊ ကျွမ်းကျင် ဝန်ထမ်းများအား ကြိုဆိုလျက်ရှိ ပါကြောင်း၊ လုပ်ငန်းခွင်မှ ဝေးကွာ လျက်ရှိသော     ကျန်းမာရေး ဝန်ထမ်းများ သက်ဆိုင်ရာ အလုပ် ဌာနများသို့  ပြန်လည်ဝင်ရောက် ပါက        ပြည်သူလူထုအတွက် လွန်စွာအကျိုးရှိပါကြောင်း ပြော ကြားသည်။              

သတင်းစဉ်