ခရီးသွားလုပ်ငန်းသည် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များကိုပါ ထိန်းသိမ်းရာတွင် အရေးပါသော လုပ်ငန်းတစ်ခုဖြစ်

 

နေပြည်တော်   ဒီဇင်ဘာ   ၄


မြန်မာနိုင်ငံ    ခရီးသွားလုပ်ငန်း စဉ်ဆက်မပြတ်      ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေး     အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် စနစ်တကျရှိစေရန်   ရည်ရွယ်၍ မြန်မာနိုင်ငံ      ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့   ဖွဲ့စည်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို     ယနေ့ နံနက်ပိုင်းတွင်      ဟိုတယ်နှင့် ခရီးသွားလာရေး     ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌      ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။ 

 


အလုပ်ရုံ    ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ ဌေးအောင်က  ခရီးသွားလုပ်ငန်း သည် အခြေခံအားဖြင့် ဝန်ဆောင် မှုပေးရသော    လုပ်ငန်းဖြစ်သည့် အပြင်     ကျယ်ပြန့်နက်နဲသော သဘောသဘာဝရှိကြောင်း၊ထို့ပြင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး နှင့်       သဘာဝအရင်းအမြစ်၊ ယဉ်ကျေးမှုအမွေအနှစ်များကိုပါ ထိန်းသိမ်းရာတွင် အရေးပါသော လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ခရီး သွားလုပ်ငန်း    လုပ်ကိုင်ခြင်းဖြင့် အကျိုးကျေးဇူးများ ရရှိနိုင်သော် လည်း       ဖြစ်ပေါ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးများအတွက်ပါ ကြိုတင်မျှော်တွေးပြီး     စီမံကိန်း များ၊ စီမံချက်များ ရေးဆွဲရာတွင် နိုင်ငံအဆင့်၊ နိုင်ငံတကာအဆင့် ရေးဆွဲထားသော   လေ့လာချက် များနှင့်အညီ ထည့်သွင်းတွက်ချက် ထားရန် လိုအပ်ပါကြောင်း။

 


ယနေ့   အလုပ်ရုံဆွေးနွေးပွဲ တွင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် ဆွေးနွေးပြင်ဆင်ကြရာ၌ ဝန်ကြီး ဌာနနှင့်   နိုင်ငံတကာမှ   လေ့လာ ထားရှိသည့်    အချက်များကိုပါ ထည့်သွင်းစဉ်းစားပြီး       တင်ပြ ဆွေးနွေးကြရန်       ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုအပိုင်း ထည့်သွင်း စဉ်းစားကြရာတွင် စီးပွာရေးကဏ္ဍ တစ်ခုတည်းအတွက်   သာမက လူမှုအသိုက်အဝန်း     တစ်ခုလုံး တိုးတက်ရေးအတွက်ကိုပါ လွှမ်းခြုံ နိုင်သော    အစီအမံကောင်းများ ပေါ်ထွက်လာရေးအတွက်   ခြုံငုံ သုံးသပ်ကြရန် လိုအပ်ပါကြောင်း၊ ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပုဂ္ဂလိက၊ အစိုးရ၊ ပြည်သူအားလုံး ပူးပေါင်း ၍ ဟန်ချက်ညီညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 


ဆက်လက်၍    မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း      အဖွဲ့ချုပ် ဥက္ကဋ္ဌက    မြန်မာနိုင်ငံ     ခရီးသွား လုပ်ငန်း ဘုတ်အဖွဲ့ ဖွဲ့စည်းနိုင်ရေး အခြေအနေနှင့်    ဆက်စပ်သော လုပ်ငန်းကိစ္စရပ်များကို    ရှင်းလင်း တင်ပြပြီး ဝန်ကြီးဌာနမှ ညွှန်ကြား ရေးမှူး ဦးနောင်နောင်လင်းအောင် က  နိုင်ငံတကာတွင်   ခရီးသွား လုပ်ငန်းဘုတ်အဖွဲ့များ  ဖွဲ့စည်း ထားရှိမှု    အခြေအနေများနှင့် ၎င်းဘုတ်အဖွဲ့များမှ ဆောင်ရွက် နေသာ လုပ်ငန်းဆောင်တာများကို ရှင်းလင်းတင်ပြသည်။

 


ထို့နောက် မြန်မာနိုင်ငံ ခရီး သွားလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးက   မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း     ဘုတ်အဖွဲ့ ဖွဲ့စည်းရာတွင်    ပုဂ္ဂလိကအခန်း ကဏ္ဍပါဝင်မှုနှင့်  ဖွဲ့စည်းတည် ထောင်လိုသော   ရည်ရွယ်ချက် များ၊  လိုအပ်ချက်များ၊ အကောင် အထည်ဖော်ရန် လျာထားပြင်ဆင် ချက်များကို ဆွေးနွေးတင်ပြပြီး နောက် ဥပဒေနှင့် မူဝါဒပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ ဘုတ်အဖွဲ့၏လုပ်ငန်း တာဝန်များ၊      ဘဏ္ဍာရေးနှင့် ဘုတ်အဖွဲ့       ဖွဲ့စည်းပုံ      စသည့် ခေါင်းစဉ် လေးခုကို အဖွဲ့ လေးဖွဲ့ ခွဲကာ တက်ရောက်လာကြသူများ က      စားပွဲဝိုင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြပြီး အဖွဲ့လေးဖွဲ့မှ ကိုယ်စားလှယ်များက သက်ဆိုင် ရာ   ခေါင်းစဉ်အလိုက်    Panel Discussion ပြုလုပ်ကြသည်။ 

 


ထို့နောက်  အလုပ်ရုံဆွေးနွေးပွဲ မှ   ထွက်ပေါ်လာသော    ရလဒ် များအပေါ်      ညွှန်ကြားရေးမှူး၊ ဦးဇေယျာမျိုးအောင်က အကျဉ်း ချုပ်    ရှင်းလင်းတင်ပြပြီး    ပြည် ထောင်စုဝန်ကြီးက    နိဂုံးချုပ် အမှာစကားပြောကြားသည်။

 


ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် Asian Ecotourism Network – AEN မှ ကြီးမှူး၍ တည်းခိုနေင်မှုဆိုင်ရာ    ကဏ္ဍ အတွက်   အာရှသဘာဝ  အခြေခံ ခရီးသွားလုပ်ငန်း   စံနှုန်းဆိုင်ရာ နည်းပြသင်တန်း  “Training for the    trainers    for   the    Asian Ecotourism Standard forAcco- mmodations  -  AESA” ဖွင့်လှစ် ခြင်း အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားသည်။

 

ယခု   ဆရာဖြစ်သင်တန်းသို့  နိုင်ငံတကာမှ    သင်တန်းသား သင်တန်းသူပေါင်း       ၉၈ ဦး တက်ရောက်ကြပြီး ဟိုတယ်နှင့် ခရီးသွားလာရေး   ဝန်ကြီးဌာနမှ အရာထမ်းသင်တန်းသား  ၂၉ ဦး ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။                 
 

သတင်းစဉ်