
ရန်ကုန် ဒီဇင်ဘာ ၄
ရန်ကုန်မြို့အတွင်း YBS ယာဉ်များ ဖြင့် မဖြစ်မနေ သွားလာလှုပ်ရှား နေသော ခရီးသွားပြည်သူများ ကိုဗစ်-၁၉ ကပ်ရောဂါ ပြန့်ပွားမှု ပိုမိုကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှ နှာခေါင်းစည်းများကို ယနေ့ နံနက်ပိုင်းတွင် အခမဲ့ဖြန့်ဝေပေးသည်။
စတုတ္ထလှိုင်း ပျံ့နှံမှုမရှိရေး
ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) သည် ယနေ့တွင် ရန်ကုန်မြို့ အတွင်း မဖြစ်မနေသွားလာ လှုပ်ရှားနေကြရသည့် ခရီးသွား ပြည်သူများအား ကိုဗစ်-၁၉ ကပ်ရောဂါ စတုတ္ထလှိုင်း ပျံ့နှံမှု မရှိရေး ကြိုတင်ကာကွယ်နိုင်ရန် အတွက် အသိပညာပေးမှုများ နှင့်အတူ နှာခေါင်းစည်းများကို ပြည်သူများအကြား အခမဲ့ဖြန့်ဝေ ပေးခဲ့သည်။ ယင်းသို့ ဖြန့်ဝေပေး ရာတွင် ရန်ကုန်မြို့အတွင်း ဆူးလေ မှတ်တိုင်နှင့် ကမ္ဘာအေးဘုရား လမ်း နေရာနှစ်ခုခွဲကာ စုစုပေါင်း နှာခေါင်းစည်း ခြောက်သောင်း ကျော်ကို ဖြန့်ဝေပေးသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသ ကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင် ရေး ကြီးကြပ်မှုကော်မတီ (YRTC) သည် ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့မှု ကာကွယ်ထိန်းချုပ်ရေး အသိ ပညာပေးခြင်းနှင့် နှာခေါင်းစည်း များ ရန်ကုန်မြို့တွင်း အခမဲ့ ဖြန့်ဝေပေးခြင်းသည် ယခုအကြိမ် တွင် (၁၀) ကြိမ်မြောက် ပြုလုပ် ပေးခြင်းဖြစ်ကြောင်း သိရသည်။
မြင့်မိုရ်