
နေပြည်တော် ဒီဇင်ဘာ ၄
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ခေတ်မီစံပြကျေးရွာများ အကောင်အထည် ဖော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၃ ရက်က နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကျေးလက်နေပြည်သူများ လူနေမှုမြင့်မားရန်
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက မြို့ပြနှင့် ကျေးလက် ဖွံ့ဖြိုးမှုကွာဟချက်များ ကျဉ်းမြောင်းစေရန် မျှော်မှန်း၍ လူနေမှုအဆင့်အတန်းမြင့်မားပြီး စီးပွားရေးခိုင်မာအားကောင်းကာ အစိမ်းရောင် ဖွံ့ဖြိုးမှုဖြစ်စဉ်ကို အားပေးသည့် ခေတ်မီစံပြ ကျေးရွာများ ထူထောင်နိုင်ရန် ရည်မှန်းချက် ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကျေးရွာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးစေခြင်း ဖြင့် ကျေးလက်နေပြည်သူများ၏ လူနေမှု အဆင့်အတန်း မြင့်မားလာစေရန်၊ သွင်းအားစု၊ ငွေကြေးဝန်ဆောင်မှုနှင့် နည်းပညာများ ပံ့ပိုး ပေးခြင်းဖြင့် ကျေးလက်စီးပွားရေး မြင့်မားလာ စေရန်၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေရှိသော နေချင့်စဖွယ် စံပြကျေးရွာများ ဖြစ်ပေါ်လာစေရန်၊ ကျေးရွာသူ ကျေးရွာသား များနှင့် ကျေးရွာအသင်းအဖွဲ့များ စွမ်းဆောင် ရည် မြင့်မားလာစေခြင်းဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုကို ဖော်ဆောင်ရန်စသည့် ရည်ရွယ် ချက်များဖြင့် အကောင်အထည်ဖော် ဆောင် ရွက်ရမှာဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာများက မိမိတို့နှင့် သက်ဆိုင်ရာ ကဏ္ဍများကို ဆွေးနွေး ပေးစေလိုကြောင်း ပြောကြားသည်။
ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ ရှင်းလင်း
ထို့နောက် နေပြည်တော်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးမျိုးက နေပြည်တော်အတွင်း ခေတ်မီစံပြ ကျေးရွာများ အကောင်အထည်ဖော်ဆောင်ရွက် မည့် လုပ်ငန်းစဉ်များကို ပါဝါပွိုင့်ဖြင့် ရှင်းလင်း တင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍများ အလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း က ဆွေးနွေးချက်များအပေါ် လိုအပ်သည် များကို ဖြည့်စွက် ဆွေးနွေးသည်။
ခေတ်မီစံပြကျေးရွာများ ဆောင်ရွက်မည်
ပြည်ထောင်စုနယ်မြေ နေပြည်တော် အတွင်း ခေတ်မီစံပြကျေးရွာများအဖြစ် ပျဉ်းမနားမြို့နယ် ကျွန်းဦးကျေးရွာ၊ လယ်ဝေး မြို့နယ် သော်မော်ကုန်းကျေးရွာနှင့် တပ်ကုန်း မြို့နယ် ဂွေးပင်ကျေးရွာတို့ကို အကောင် အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ပြန်/ဆက်)