စာပေသည် နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုမျက်နှာစာ ဖြစ်သကဲ့သို့ နိုင်ငံနှင့်လူမျိုး တိုးတက်ဖွံ့ဖြိုးရေးတွင် အရေးပါလှသည့် ယဉ်ကျေးမှုဆိုင်ရာ နယ်ပယ်ကြီးတစ်ခုဖြစ်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင် ၂၀၂၀ ပြည့်နှစ် 
အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု  ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

 

နေပြည်တော်   ဒီဇင်ဘာ   ၄


၂၀၂၀ ပြည့်နှစ်  အမျိုးသားစာပေတစ်သက်တာဆု၊  အမျိုးသားစာပေ ဆု နှင့်   စာပေဗိမာန်စာမူဆု ဆုချီးမြှင့်ပွဲအခမ်းအနားကို  စာဆိုတော်နေ့ ဖြစ်သည့်   ယနေ့နံနက်ပိုင်းတွင်  ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် ရှိ မြဝတီမီဒီယာစင်တာ၌  ကျင်းပပြုလုပ်ရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊   နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်      တက်ရောက်ဂုဏ်ပြုအမှာစကားပြောကြားပြီး  ဆုများချီးမြှင့်ပေးအပ် သည်။


အဆိုပါ    အခမ်းအနားသို့     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့်    ဗိုလ်ချုပ်ကြီး   မောင်မောင်ကျော်၊   ဒုတိယ ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊
မန်းငြိမ်းမောင်၊         ဒေါ်အေးနုစိန်၊   ကောင်စီတွဲဖက်   အတွင်းရေးမှူး   ဒုတိယဗိုလ်ချုပ်ကြီး        ရဲဝင်းဦး၊ ပြည်ထောင်စု           ဝန်ကြီးများ၊          ရန်ကုန်တိုင်းဒေသကြီး   ဝန်ကြီး ချုပ် ဦးလှစိုး၊    ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ  တပ်မတော်အရာရှိကြီး များ၊ ရန်ကုန်တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့်  တာဝန်ရှိသူများ၊ ၂၀၂၀  ပြည့်နှစ်    အမျိုးသားစာပေ   တစ်သက်တာ ဆု၊ အမျိုးသားစာပေဆုနှင့် စာပေ ဗိမာန်စာမူဆု    ရရှိကြသူများနှင့်  မိသားစုဝင်များ၊ ဖိတ်ကြားထားသူ များ   တက်ရောက်ကြသည်။


ကြည့်ရှုလေ့လာ


ဦးစွာ   နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊    နိုင်ငံတော် ဝန်ကြီးချုပ်နှင့်  အဖွဲ့ဝင်များသည် အခမ်းအနားကျင်းပမည့်နေရာသို့ရောက်ရှိကြပြီး ၂၀၂၀-၂၀၂၁ ခုနှစ် အတွင်း   ထုတ်ဝေခဲ့သည့်   သုတ၊ ရသ၊     အထွေထွေ     စာအုပ်များ၊ အထူးထုတ် စာအုပ်များ၊ နှစ်ချုပ် စာအုပ်များ၊   ၂၀၂၀   ပြည့်နှစ် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့်          စာပေ ဗိမာန်စာမူဆု ဆုရရှိကြသူများ၏ အတ္ထုပ္ပတ္တိနှင့်   ဆုရစာအုပ်များ ခင်းကျင်းပြသထားရှိမှုကို ကြည့်ရှု လေ့လာရာ   ပြန်ကြားရေးဝန်ကြီး ဌာန              ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်   တာဝန်ရှိ သူများက ရှင်းလင်းပြသကြသည်။ ထို့နောက်  အခမ်းအနား   စတင် ကျင်းပကြောင်း       ကြေညာပြီး စာပေဆုနှင်းသဘင်   ဂုဏ်ပြုတေး သီချင်း Video Clip ကိုပြသသည်။
ယင်းနောက်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဂုဏ်ပြု အမှာစကား   ပြောကြားရာတွင် “ဂုဏ်ပြုချီးမြှင့်ထိုက်သူကို ဂုဏ်ပြု ချီးမြှင့်ခြင်းသည်  မင်္ဂလာမည်၏” ဟူသည့်   မြန်မာတို့၏ဆိုရိုးစကား ကို  လေးလေးမြတ်မြတ်  လိုက်နာ ကျင့်သုံးပြီး           မြန်မာ့ယဉ်ကျေးမှု အစဉ်အလာ     တစ်ခုဖြစ်သော နတ်တော်လဆန်း ၁ ရက် စာဆို တော်နေ့တွင် ကျင်းပသည့်  ယနေ့ ဆုနှင်းသဘင်  အခမ်းအနားတွင် အမှာစကား  ပြောကြားခွင့်ရသည့် အတွက်  ကြည်နူးဝမ်းမြောက်ရပါ ကြောင်း။ 


အပြန်အလှန် အကျိုးပြု


စာပေသည်   နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှု      မျက်နှာစာဖြစ် သကဲ့သို့ နိုင်ငံနှင့်လူမျိုး တိုးတက် ဖွံ့ဖြိုးရေးတွင်   အရေးပါလှသည့် ယဉ်ကျေးမှုဆိုင်ရာ    နယ်ပယ်ကြီး တစ်ခုဖြစ်သည်ကို မြန်မာ့သမိုင်း ၏  ဖြစ်ပေါ်တိုးတက်မှုများတွင် အထင်အရှား   တွေ့နိုင်မည်ဖြစ်ပါ ကြောင်း၊ မြန်မာလူမျိုးနှင့် မြန်မာ စာပေသည်   ခေတ်အဆက်ဆက် မကင်းမကွာရှိနေခဲ့ပြီး   အမျိုးသား ရေးနှင့်   နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိစ္စများတွင် စာပေနှင့်ပြည်သူတို့ အပြန်အလှန် အကျိုးပြုနိုင်ခဲ့သည့် သာဓကများစွာရှိခဲ့ပါကြောင်း။
မိမိတို့          မြန်မာစာပေ၏ သက်တမ်းသည် ပုဂံခေတ် ၁၂ရာစု အစမှ  မျက်မှောက်ခေတ်အထိဆို ပါက နှစ်ပေါင်း ၁၀၀၀ နီးပါးရှိပြီ ဖြစ်ပါကြောင်း၊    မြန်မာဘာသာ စကားနှင့်   မြန်မာစာပေသည် မြန်မာ့သမိုင်းရေစီးကြောင်းတွင် ခိုင်မာတည်တံ့စွာ    ထင်လင်းခဲ့ သည့်    ယဉ်ကျေးမှုအမွေအနှစ် တစ်ခုဖြစ်ပါကြောင်း၊  မိမိနိုင်ငံနှင့် လူမျိုးအတွက် အသိဉာဏ် အမြော် အမြင်နှင့်   စိတ်ဓာတ်အင်အားကို ဖွံ့ဖြိုးစေလိုသည့်   စေတနာဖြင့် သုတရသ          စာပေအဖြာဖြာကို အားထုတ်ရေးဖွဲ့ခဲ့သည့်     စာပေ ကလောင်ရှင်ကြီးများ၊ စာဆိုတော် ကြီးများ၏            ကျေးဇူးတရားကို အလေးအမြတ်  ဂုဏ်ပြုရမည်ဖြစ် ပါကြောင်း၊ အဆိုပါ ရဟန်းစာဆို၊ လူပုဂ္ဂိုလ်စာဆိုကြီးများကို ဂုဏ်ပြု ချီးကျူးသောအားဖြင့်   မြန်မာနိုင်ငံ အဝန်း နှစ်စဉ်နှစ်တိုင်း  နတ်တော် လဆန်း ၁ ရက်နေ့တွင်   “စာဆို တော်နေ့”အခမ်းအနားကိုကျင်းပခဲ့ကြခြင်းဖြစ်ပါကြောင်း။


၇၇နှစ်   ရှိခဲ့ပြီဖြစ်


၁၉၄၄  ခုနှစ်တွင်    ပထမ အကြိမ် စာဆိုတော်နေ့ကို ကျင်းပ ခဲ့သည့်အတွက်   ယခုနှစ်ဆိုပါက နှစ်ပေါင်း  ၇၇နှစ်   ရှိခဲ့ပြီဖြစ်ပါ ကြောင်း၊ စာရေးဆရာများ၊ စာပေ ချစ်မြတ်နိုးသူများအတွက် မြန်မာ နိုင်ငံ    တစ်နံ   တစ်လျားတွင် နတ်တော်လဆန်း ၁ ရက် စာဆို တော်နေ့    ဝန်းကျင်အချိန်သည် စာပေဆိုင်ရာ   လှုပ်ရှားမှုများဖြင့် ဝေစည်နေသည့်   ကာလဖြစ်ပါ ကြောင်း၊ စာဆိုတော်နေ့အကြိုနှင့် စာဆိုတော်နေ့  နောက်ပိုင်းအချိန် အထိ   စာဆိုတော်နေ့   အထိမ်း အမှတ်  သက်ကြီးဝါကြီး  စာရေး ဆရာကြီးများ   ကန်တော့ပွဲများ၊ စာပေဟောပြောပွဲများ၊ စာပေပြိုင် ပွဲများ၊    စာအုပ်စာပေပြပွဲများ ကျင်းပလေ့ရှိပြီး စာဆိုတော်နေ့ အထိမ်းအမှတ် စာစောင်၊ မဂ္ဂဇင်း များလည်း ထုတ်ဝေကြပါကြောင်း။


နိုင်ငံတော်  အစိုးရအနေဖြင့် လည်း       မြန်မာ့ယဉ်ကျေးမှုအနု ပညာ  နယ်ပယ်အသီးသီးဖြာထွက် ရာ ပင်မ မဏ္ဍိုင်ဖြစ်သည့် မြန်မာ စာပေနယ်ပယ် ဖွံ့ဖြိုးတိုးတက်ရေး ကို   ရည်သန်မျှော်မှန်းပြီး   စာဆို တော်ကြီးများ၏     အကောင်းဆုံး စာပေလက်ရာများကို     ရွေးချယ် ကာ   အမျိုးသားစာပေဆုအဖြစ် နှစ်စဉ်                    စာဆိုတော်နေ့တွင် ချီးမြှောက်    ဂုဏ်ပြုပေးလျက်ရှိပါ ကြောင်း၊   ဒုတိယကမ္ဘာစစ်အပြီး စစ်ဘေးစစ်ဒဏ်ခံခဲ့ရသည့် မြန်မာ နိုင်ငံကို အဘက်ဘက်ကပြန်လည် ထူထောင်ရေးအတွက်     ၁၉၄၇ ခုနှစ် ဇွန်လ ၆ ရက်မှ ၇ ရက်နေ့ အထိ    ရန်ကုန်မြို့    ပြည်လမ်း “ဆိုရန် တိုဗီလာ အဆောက်အအုံ” ၌ “မြန်မာပြည် ပြန်လည်ထူထောင် ရေးလုပ်ငန်းကွန်ဖရင့်” ကို ကျင်းပ ခဲ့ပါကြောင်း၊ ယင်းကွန်ဖရင့်တွင် လွတ်လပ်ရေးဖခင်ကြီး    ဗိုလ်ချုပ် အောင်ဆန်းက “လူအများအတွက် အရေးကြီးသည့်        စာအုပ်တွေ၊ အသုံးကျမည့် စာအုပ်တွေကို ပုံနှိပ် ထုတ်ဝေရမယ်၊    ဘာသာပြန်ဌာန ကြီးတစ်ခု ဖွင့်ရမယ်” ဟု မိန့်ခွန်း တွင်      ထည့်သွင်းမြွက်ကြားခဲ့ပါ ကြောင်း။


အမျိုးမျိုးပြောင်းလဲချီးမြှင့်


ထို့ကြောင့်   ၁၉၄၇  ခုနှစ် ဩဂုတ်လတွင်    “မြန်မာနိုင်ငံ ဘာသာပြန်  စာပေအသင်း” နှင့် “စာပေဗိမာန်” ကိုစတင်  တည် ထောင်ခဲ့ပါကြောင်း၊     ကမ္ဘာကို မြန်မာကသိအောင်   ဘာသာပြန် စာအုပ်များ   ထုတ်ဝေခဲ့သကဲ့သို့ ပြည်သူအများ             ဗဟုသုတနှင့် ဉာဏ်ပညာဖွံ့ဖြိုးစေမည့် စာအုပ် စာပေများကိုလည်း ထုတ်ဝေခဲ့ပါ ကြောင်း၊ ထို့ပြင် မြန်မာစာပေ ဖွံ့ဖြိုးရေးအတွက်   စာပေဆုများ ချီးမြှင့်သည့်             လုပ်ငန်းကိုပါ ဆောင်ရွက်        လာခဲ့ပါကြောင်း၊ ၁၉၄၈ ခုနှစ်တွင်   “စာပေဗိမာန် ကာလပေါ်ဝတ္ထုဆု” ကို         စတင် ချီးမြှင့်ခဲ့ပါကြောင်း၊ “စာပေဗိမာန် ဆု”၊ “အနုပညာစာပေဆိုင်ရာဆု”၊ “ အမျိုးသားစာပေဆု” စသည်ဖြင့် ဆုအမည်ကို ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲ    ချီးမြှင့်ခဲ့ပါကြောင်း၊ ဆုချီးမြှင့်မည့်  ဘာသာရပ်များကို လည်း တိုးတက်ချီးမြှင့်ခဲ့သည်မှာ ၂၀၂၀ ပြည့်နှစ်အတွက်  အမျိုးသား စာပေဆုတွင်    ဆုချီးမြှင့်မည့် ဘာသာရပ် ( ၁၉ )မျိုးအထိ ရှိလာ ခဲ့ပြီဖြစ်ပါကြောင်း၊    ထို့အပြင် မြန်မာစာပေအကျိုးကို တစ်သက် တာလုံး      အားထုတ်ကြိုးပမ်း ဆောင်ရွက်ခဲ့ပြီး တစိုက်မတ်မတ် စာပေရေးသားပြုစုခဲ့သည့် စာပေ ပညာရှင်ကြီးများကို  အသိအမှတ် ပြုချီးမြှောက်သည့်          အနေဖြင့် “အမျိုးသား   စာပေတစ်သက်တာ ဆု” ကို ၂၀၀၁ ခုနှစ်တွင် စတင်ပြီး ချီးမြှင့်ခဲ့ပါကြောင်း။


ထို့ပြင် အကြောင်းအမျိုးမျိုး ကြောင့် ပုံနှိပ်ထုတ်ဝေခြင်း မပြု နိုင်သည့်   ကလောင်ရှင်များ၏ စာမူကောင်းများကို စာအုပ်ဖြစ်စေ ရန်ရည်ရွယ်ပြီး  ပြိုင်ပွဲဝင်စနစ် ဖြင့် “စာပေဗိမာန်စာမူဆု”အဖြစ် ရွေးချယ်ကာ ဘာသာရပ် ၁၃ မျိုး အထိ          ဆုချီးမြှင့်နိုင်ခဲ့ပြီဖြစ်ပါ ကြောင်း၊ ယခုနှစ်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ၏  စေတနာဖြင့်   စာပေပညာရှင်ကြီး များကို   ဂုဏ်ပြုချီးမြှောက်လိုမှု၊ စာပေပညာရှင်ကြီးများ၏   လူမှု ဘဝ ပိုမိုဖူလုံစေမှုတို့ဖြင့် ဆုချီးမြှင့် ငွေများကို     ယနေ့ဆုနှင်းသဘင် တွင်     ပိုမိုတိုးမြင့်    ချီးမြှင့်သွား မည်ဖြစ်ပါကြောင်း၊           ယခင်က အမျိုးသား စာပေတစ်သက်တာဆု ကို ငွေကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ရာမှ ယခုနှစ်တွင်   ငွေကျပ်သိန်း  ၁၀၀ ချီးမြှင့်မည်ဖြစ်ပြီး အမျိုးသားစာပေ ဆုတွင် ယခင်က ငွေကျပ် ၂၅ သိန်း ချီးမြှင့်ရာမှ ယခုနှစ်တွင် ငွေကျပ် သိန်း  ၃၀ အထိ   တိုးမြှင့်ပြီးလည်း ကောင်း၊ စာပေဗိမာန် စာမူဆုများ ကိုလည်း   ပထမဆု  ငွေကျပ် ၁၀ သိန်း၊ ဒုတိယဆု ငွေကျပ် ၇ သိန်း၊ တတိယဆု ငွေကျပ် ၅ သိန်းမှ ယခုပထမဆု ငွေကျပ် ၁၅ သိန်း၊ ဒုတိယဆု   ငွေကျပ်  ၁၀  သိန်း၊ တတိယဆု   ငွေကျပ်   ၇   သိန်း တိုးတက်ချီးမြှင့်   သွားမည်ဖြစ်ပါ ကြောင်း၊ စာပေလောကသားများ အားလုံး   ကြည်နူးဝမ်းမြောက်ကြ မည်ဟုလည်း မျှော်လင့်ပါကြောင်း။


စာပေဆုများကို ရွေးချယ်ရာ တွင်လည်း   စာပေအတွေ့အကြုံ ပြည့်ဝသည့်  ပညာရှင်ကြီး ၂၈ဦး ပါဝင်သည့် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး   ကော်မတီ၊ ပညာရှင်    ၂၄  ဦး  ပါဝင်သည့်    စာပေဗိမာန်စာမူဆု ရွေးချယ်ရေး အဖွဲ့တို့ကို          ဖွဲ့စည်းပေးခဲ့ပါ ကြောင်း၊            အမှန်တကယ် ထိုက်တန်သော စာအုပ်များ၊ စာမူ များကိုရွေးချယ်    ချီးမြှင့်နိုင်ရန် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်၊ အတည်ပြုအဆင့်ဆိုပြီး ပညာရှင် များက    အဆင့်ဆင့်  စိစစ်ရွေး ချယ်ခဲ့ကြသည်ကို            တွေ့ရပါ ကြောင်း၊  ယနေ့              အခမ်းအနားတွင် အမျိုးသားစာပေဆုအတွက် ၂၀၂၀ ပြည့်နှစ်အတွင်း    ပထမအကြိမ်  ပုံနှိပ်ထုတ်ဝေခဲ့သည့်              စာအုပ် ပေါင်း   ၁၁၂၂    အုပ်အတွင်းမှ ဘာသာရပ် ၁၉ ခုအနက် ဘာသာ ရပ် ၁၂ခု၊  စာပေဗိမာန်စာမူဆုတွင် ပြိုင်ပွဲဝင်စာမူ ၂၅၉ စောင်အတွင်းမှ ဘာသာရပ် ၁၃ ခုအနက် ဆုချီးမြှင့် ရန်   ထိုက်တန်သည့်  စာမူပေါင်း ၂၇ ခုကို ဆုများ   ချီးမြှင့်သွားမည် ဖြစ်ပါကြောင်း။


နိုင်ငံတိုးတက်ရေးဆောင်ရွက်


စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် စသည့်   အနုပညာအဖွဲ့အစည်း များသည်   ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက်   ပြောင်းလဲခဲ့ ချိန်တွင်လည်း   အစိုးရ၏  မူဝါဒ အပေါ်မူတည်ပြီး   နိုင်ငံတိုးတက် ရေးအတွက် ဆောင်ရွက်ခဲ့ကြသည် ကို တွေ့ရပါကြောင်း၊   အနုပညာ ရှင်ဆိုသည်မှာ              ပြည်သူများ အားလုံး၏    စိတ်ခံစားမှုများကို တက်ကြွအောင်   ဆောင်ရွက်ပေး ပြီး ခေတ်ရေစီးကြောင်းတွင် ပါဝင် လာအောင်  ဆောင်ရွက်ပေးနိုင်ကြ သူများ  ဖြစ်ပါကြောင်း၊  ပြည်သူ လူထုကို    အသိပညာပေးခြင်း၊ ဖျော်ဖြေမှု  ရသပေးခြင်းများနှင့် အတူ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် အမျိုးသားရေး  စရိုက်လက္ခဏာ များကို   ထိန်းသိမ်းပြီး   နိုင်ငံ၏ ရေစီးကြောင်းပေါ်တွင်          ပါလာ အောင်  စည်းရုံးလှုံ့ဆော်နိုင်ခဲ့ကြ သူများဖြစ်ပါကြောင်း။


လွန်ခဲ့သည့် နိုဝင်ဘာ ၁ ရက် က စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာ       ရပ်ဝန်းအသီးသီးမှ အနုပညာရှင်များနှင့်     တွေ့ဆုံ အားပေးခဲ့ပြီး စားသောက်ဖွယ်ရာ များနှင့် ရန်ပုံငွေကျပ်သိန်း ၄၀၀၀ ကို   မတည်ငွေအဖြစ်  ပေးအပ် ထောက်ပံ့ခဲ့ပါကြောင်း၊ အနုပညာ ရှင်များအပေါ်              ထားရှိသည့် နိုင်ငံတော်၏            စေတနာနှင့် အလေးထားမှုကို    ဖော်ပြခဲ့ခြင်း လည်း  ဖြစ်ပါကြောင်း၊       မိမိတို့ ဦးတည်ဆောင်ရွက်နေသည့်  ဒီမို ကရေစီနှင့်         ဖက်ဒရယ်စနစ်ကို အခြေခံသည့်     ပြည်ထောင်စု တည်ဆောက်နိုင်ရေးတွင်   စွမ်း ရည်ထက်မြက်သည့်  လူချွန်လူမွန် များ၊ အရည်အချင်းနှင့် အရည် အသွေးပြည့်ဝသည့် လူငယ်များကို မွေးထုတ်ပေးနိုင်ရန်      လိုအပ်ပါ ကြောင်း၊ နိုင်ငံ၏ မျိုးဆက်သစ် လူငယ်များ၏           နှလုံးရည်၊ ဉာဏ်ရည်များ   မှန်ကန်စွာဖွံ့ဖြိုး ရေးအတွက်   စာပေလေ့လာဖတ်ရှု မှု   အလေ့အထကို   တိုးမြှင့်ပေးရန် လိုအပ်ပါကြောင်း၊   လူငယ်များ စာပေလေ့လာမှုနှုန်း   မြင့်မားလာ သည်နှင့်အမျှ  ခေတ်မီလူ့စွမ်းအား အရင်းအမြစ်များ  ပြည့်စုံကြွယ်ဝ လာမည် ဖြစ်ပါကြောင်း။


စာကောင်းပေမွန်များလို


မိမိတို့၏   နိုင်ငံသူနိုင်ငံသား များ    စာပေလေ့လာဖတ်ရှုမှု  အရှိန်အဟုန်   မြင့်မားလာစေရန် အတွက်      စာကြည့်တိုက်များကို လည်း           ခေတ်မီဖွံ့ဖြိုးအောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ စာကြည့်တိုက်မှတစ်ဆင့် သမိုင်း ဆိုင်ရာများ၊    ဘာသာရပ်ပိုင်း ဆိုင်ရာများ၊ လူမှုအသိုင်းအဝိုင်း ဆိုင်ရာ ဗဟုသုတများကို ပေးစွမ်း နိုင်သည့်အတွက် စာကြည့်တိုက် များတွင်    စာကောင်းပေမွန်များ ပြည့်စုံအောင်ထားရှိရန်   လိုအပ် သကဲ့သို့ စာဖတ်သူများ  လွယ်ကူ စွာလေ့လာဖတ်ရှုနိုင်ရေး၊ စာအုပ် စာတမ်းများ   ရေရှည်တည်တံ့စွာ ထိန်းသိမ်းနိုင်ရေးတို့ကို   နည်း ပညာအကူအညီနှင့်   ဆောင်ရွက် သွားကြရန် သက်ဆိုင်ရာဝန်ကြီး ဌာနများက   ဖြည့်ဆည်းကူညီဆောင်ရွက်လျက်ရှိပါကြောင်း။


နိုင်ငံ့သမိုင်း    ရေစီးကြောင်း တွင် စာပေပညာရှင်ကြီးများသည် နိုင်ငံတိုးတက်  ဖွံ့ဖြိုးရေးလုပ်ငန်း စဉ်များတွင် ခေတ်၏လိုအပ်ချက် အတိုင်း   ကလောင်လက်နက်ဖြင့် အင်တိုက်အားတိုက်      ပါဝင်ကြိုး ပမ်းခဲ့ကြသည်ကို    အထင်အရှား တွေ့ရပါကြောင်း၊ နိုင်ငံသူ/နိုင်ငံ သားများ   အတွေးအခေါ်မှန်ကန် စေရန်၊   နည်းလမ်းမှန်ကန်သော အသိဉာဏ် ဗဟုသုတတိုးပွားစေ ရန်၊ အကျင့်စာရိတ္တနှင့် ကိုယ်ကျင့် တရား ကောင်းမွန်စေရန်၊ လူသား အရင်းအမြစ်             အရည်အသွေး တိုးတက်  တောက်ပြောင်စေရန် “စာပေ” အားဖြင့်  ထိန်းကျောင်း တည့်မတ်ပေးသွား   ရမည်ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် စာပေပညာ ရှင်များ၊ စာရေးဆရာများကလည်း နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင်   တစ်တပ်တစ်အား ပါဝင်ကြရန် နှိုးဆော်တိုက်တွန်းလိုပါကြောင်း။


ကမ္ဘာပေါ်တွင်ရှိသည့်   မည် သည့်နိုင်ငံ၊  မည်သည့်လူမျိုးမဆို စာပေနှင့် ယဉ်ကျေးမှုကို အထူး တန်ဖိုးထားကြရပါကြောင်း၊ တစ် နိုင်ငံနှင့်  တစ်နိုင်ငံကူးလူးဆက်ဆံ မှုမှ စာပေယဉ်ကျေးမှုများဖလှယ် နိုင်ပြီး စာပေမှတစ်ဆင့် ဘာသာ ရေး၊   စီးပွားရေး၊    ယဉ်ကျေးမှု စသည်တို့   ပြန့်ပွားဖလှယ်နိုင်ကြ သည်ကိုလည်း  တွေ့ရမည်ဖြစ်ပါ ကြောင်း၊    မြန်မာစာဆိုကြီးများ သည် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် ဖြင့်    ရေးခဲ့သည့်   စာပေများ ပေါ်ပေါက်ခဲ့ခြင်းကြောင့်   မြန်မာ နိုင်ငံသည် ခေတ်ကာလအမျိုးမျိုး ကြားက            နိုင်ငံရေးစနစ်များ မည်သို့ပင်ပြောင်းစေကာမူ ကမ္ဘာ့ အလယ်တွင်    စာပေယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်သည့်  နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ပါကြောင်း၊ မိမိတို့ ခေတ်၊ နောင်မျိုးဆက်သစ်များ၏ ခေတ်တွင်လည်း တန်ဖိုးမဖြတ်နိုင် သည့်   ဤမွန်မြတ်သည့်  အစဉ် အလာများကို      ဆက်လက် ထိန်းသိမ်းရန် တာဝန်ရှိသကဲ့သို့ နှိုးဆော်မှုများ၊ ရေးသားစပ်ဆိုမှု များကို စာပေပညာရှင်များ၊ စာပေ သုတေသီများက   မျိုးဆက်သစ် ကလောင်ရှင်များကို    စေတနာ ကောင်းနှင့်   လက်ဆင့်ကမ်းခဲ့ကြ ရန်   တိုက်တွန်းလိုပါကြောင်း၊ ထပ်မံဖော်ထုတ် ထိန်းသိမ်းရမည့် မြန်မာမှု၊    မြန်မာ့အတွေးအမြင်၊ မြန်မာ့ယဉ်ကျေးမှုများကို ဆက် လက်ဖော်ထုတ် တင်ပြနိုင်ကြပါ စေရန်လည်း          နှိုးဆော်အပ်ပါ ကြောင်း။


နိုင်ငံ၏ပုံရိပ်ကို မြှင့်တင်


ယနေ့ဆုချီးမြှင့်ခံခဲ့ကြရသည့် စာပေပညာရှင်ကြီးများကလည်း အမျိုးဘာသာ သာသနာကောင်း ကျိုးကို         သယ်ပိုးဆောင်ရွက်နိုင် သည့်  နိုင်ငံ၏ပုံရိပ်ကို  မြှင့်တင် ဖော်ပြနိုင်သည့်  စာကောင်းပေမွန် များကို ဆက်လက်ရေးသားဖွဲ့ဆို နိုင်ကြပါစေ၊           ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ    ကြပါစေဟု ဆုမွန်ကောင်း    တောင်းအပ်ပါ ကြောင်း။
ယနေ့     အခမ်းအနားသို့ တက်ရောက်လာကြသည့်  စာပေ ပညာရှင်ကြီးများ၊ စာပေဆုရရှိသူ များ၊ အထူးသဖြင့် ယခုကဲ့သို့စာပေ ဆုများ အောင်မြင်စွာ ချီးမြှင့်နိုင်စေ ရန်အချိန်ကုန်၊   လူအားစိုက်ထုတ် ပြီး    စာပေစေတနာ   အပြည့်အဝ ဖြင့်    ဆောင်ရွက်ပေးခဲ့ကြသည့် အမျိုးသားစာပေဆု  စိစစ်ရွေးချယ် ရေးကော်မတီနှင့်        စာပေဗိမာန် စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့တို့မှ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ၊ ပညာရှင် များ အားလုံးကို အထူးကျေးဇူးတင် ရှိပါကြောင်းနှင့်          မြန်မာစာပေ လောက   ခိုင်မြဲစည်ပင်ဖွံ့ဖြိုးရေး အတွက်     ဆက်လက်ပါဝင်ကူညီ ပေးကြရန်          မေတ္တာရပ်ခံအပ်ပါ ကြောင်း  ပြောကြားသည်။
ထို့နောက်       နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး  မင်းအောင်လှိုင်က ၂၀၂၀ ပြည့်နှစ်    အမျိုးသားစာပေတစ် သက်တာဆု   ရရှိသူများဖြစ်သည့် ဆရာကြီး    ဦးမောင်မောင်လတ် (နောင်)၊  ဆရာကြီး   ဦးစိန်လှိုင် (သူရဇော်)နှင့် ဆရာမကြီး ဒေါ်ချို ချိုတင်  (မစန္ဒာ)တို့ကို   လည်း ကောင်း၊  အမျိုးသား   စာပေဆု ရရှိသူများဖြစ်ကြသည့်   ဝတ္ထုရှည် ဆုရ             “ပျောက်ဆုံးသွားသော နှင်းစက်များ (သို့မဟုတ်) နှင်းစက် ပုံပြင်” စာအုပ်ကို     ရေးသားသူ ဆရာမ မခြူးပွင့်၊ ဂန္ထဝင်ကဗျာဆုရ “မြင်းမိုရ်စိတ်ကူး      ကဗျာများ” စာအုပ်ကိုရေးသားသူ    ဆရာချစ် စုအောင်နှင့်      မြန်မာ့ယဉ်ကျေးမှု နှင့်        အနုပညာဆိုင်ရာဆုရ “ရှေးဟောင်းယဉ်ကျေးမှု    အစဉ် အလာ  အမွေအနှစ်   တက္ကသိုလ်  ပညာ သင်ကြားခဲ့ရာများ”    စာအုပ်ကို ရေးသားသူ        ဆရာနိုင်ဇော် တို့ကိုလည်းကောင်း   ဆုများကို ပေးအပ်ချီးမြှင့်ရာ ဆုရရှိသူများနှင့် ၎င်းတို့၏            မိသားစုဝင်များက လက်ခံရယူကြသည်။


ဆုများပေးအပ်ချီးမြှင့်


ယင်းနောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေး   ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က               အမျိုးသား စာပေဆုရရှိသူများ  ဖြစ်ကြသည့် အင်္ဂလိပ်ဘာသာ    (ရသ)    ဆုရ   “A Motley Collection of My Works” စာအုပ်ကို   ရေးသားသူ ဆရာမ အေးဖြူ၊ စာပဒေသာဆုရ “ပါမောက္ခချုပ်           ဆရာတော် ဒေါက်တာ  အရှင်နန္ဒမာလာဘိဝံသ ၏ ဘဝခရီးနှင့် ဓမ္မဆီမီး” စာအုပ် ကို  ရေးသားသူ   ဆရာမြသန်းစံ၊ သုတပဒေသာ (အသုံးချသိပ္ပံ)ဆုရ “ကလေးကျန်းမာဖွံ့ဖြိုးရေး၊ နိုင်ငံ တိုးတက်မှုနှင့်  ခဲဆိပ်အန္တရာယ်” စာအုပ်ကို    ရေးသားသူ   ဆရာ ဒေါက်တာ ဦးလှကြည် (ကလေး ကျန်းမာရေး)၊  ဘာသာပြန်(သုတ)ဆုရ   “ပစ်မှတ်”   စာအုပ်ကို ရေးသားသူ    ဆရာ   ရဲမင်းဝင်း၊  နိုင်ငံရေး  စာပေဆုရ  “ဗိုလ်ချုပ် အောင်ဆန်း၏ နိုင်ငံရေး သဘော တရားအမြင်များ”      စာအုပ်ကို ရေးသားသူ ဆရာမ မနွဲ့ရီ (မဟာ ဝိဇ္ဇာ)နှင့် သုတပဒေသာ(ဝိဇ္ဇာ)ဆုရ “စာပေပင်လယ်ထဲက  ကဗျာလှိုင်း ကလေး” စာအုပ်ကို ရေးသားသူ ဆရာ ဒေါက်တာ  အောင်မြင့်ဦးတို့ ကို   ဆုများ  ပေးအပ်ချီးမြှင့်ရာ ဆုရရှိသူများနှင့်         ၎င်းတို့၏ မိသားစုဝင်များက လက်ခံရယူကြ သည်။


ထို့နောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    အဖွဲ့ဝင် ဒေါ်အေးနုစိန်က အမျိုးသားစာပေ ဆုရရှိသူများ          ဖြစ်ကြသည့် အင်္ဂလိပ်ဘာသာ  (သုတ)  ဆုရ “Papers from My Shoulder Bag” စာအုပ်ကို ရေးသားသူ ဆရာ စည်သူ ဒေါက်တာသော်ကောင်း၊ ခေတ်ပေါ်ကဗျာဆုရ  “ဒီနေ့ပန်း တွေပွင့်တယ်” စာအုပ်ကိုရေးသား သူ   ဆရာအောင်ကောင်းမြစ်နှင့် ရသစာတမ်း  (အက်ဆေး) ဆုရ “မြို့ကလေးရဲ့    အော်ပရာ အက် ဆေးများ” စာအုပ်ကို ရေးသားသူ ဆရာ     နိုင်ဝင်းသီတို့ကိုလည်း ကောင်း၊ စာပေဗိမာန်စာမူဆုရသူများဖြစ်ကြသည့် ဝတ္ထုရှည် ပထမ ဆုရ “မလင်း   ဘယ်ခါရှိပါ့မယ်”  စာမူကို ရေးသားသူ   ဆရာညိမ်း ညို၊   ဝတ္ထုရှည်    ဒုတိယဆုရ “မေတ္တာရှိရင်းစွဲမို့ လွဲနိုင်ပါဘူးရှင်” စာမူကို   ရေးသားသူ    ဆရာကံ မြင့်မော်နှင့်   ဝတ္ထုရှည်  တတိယ ဆုရ “လေဆန်သည့်ငှက်၊ လှိုင်း ထက်ကလှေ” စာမူကို ရေးသားသူ ဆရာတင်လင်းဇော်တို့ကိုလည်း ကောင်းဆုများကို  ပေးအပ်ချီးမြှင့် ရာ    ဆုရရှိသူများနှင့်  ၎င်းတို့၏ မိသားစုဝင်များက လက်ခံရယူကြ သည်။


ယင်းနောက်     ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက        စာပေ ဗိမာန်စာမူဆု  ရရှိသူများဖြစ်ကြ သည့် ဝတ္ထုတိုပေါင်းချုပ် ပထမ ဆုရ “ဖားဝိဇ္ဇာနှင့် ကျေးရွာအလှ ဝတ္ထုတိုများ” စာမူကိုရေးသားသူ ဆရာသိန်းဇော်(ရွှေလီဦး)၊ ဝတ္ထုတို ပေါင်းချုပ်   ဒုတိယဆုရ  “မိုးယံ ထက်က အလှပန်းများနှင့် အခြား ဝတ္ထုတိုများ” စာမူကို ရေးသားသူ ဆရာမင်းလပြည့်(ဟားခါး)၊ ဝတ္ထု တိုပေါင်းချုပ်           တတိယဆုရ “ပဲ့ကိုင်ရှင်တို့၏  နှလုံးသားအလှ နှင့် ဝတ္ထုတိုများစုစည်းမှု” စာမူကို ရေးသားသူ     ဆရာတင်တော်၊ ကဗျာပေါင်းချုပ်         ပထမဆုရ “ရာသီမြုံလုံးချင်း    ကဗျာများ” စာမူကို            ရေးသားသူဆရာ ကောင်းနွဲ့၊       ကဗျာပေါင်းချုပ် ဒုတိယဆုရ    “မြန်မာဂန္ထဝင်ရနံ့ လက်ရွေးစင်ကဗျာများ” စာမူကို ရေးသားသူ   ဆရာကျော်သက်ခိုင် (မုံရွာ)နှင့်     ကဗျာပေါင်းချုပ် တတိယဆုရ   “နေနှင့်  လမင်း အလင်းသစ္စာ ကဗျာများ” စာမူကို ရေးသားသူ      ဆရာကနောင် နိုင်နွယ်ဦးတို့ကို   ဆုများပေးအပ် ချီးမြှင့်ရာ ဆုရရှိသူများနှင့် ၎င်း တို့၏ မိသားစုဝင်များက လက်ခံ ရယူကြသည်။


ထို့နောက်     သာသနာရေး နှင့်       ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက စာပေဗိမာန်စာမူဆုရရှိသူများဖြစ် ကြသည့် စာပဒေသာ ပထမဆုရ “ဆိုင်းဂီတဖြင့်    တိုင်းပြည်အလှ ဆင်ခြင်း(သို့)အလင်္ကာကျော်စွာ စိန်စတင်း”  စာမူကို   ရေးသားသူ ဆရာ မြေလတ်မင်းလွင်၊   စာပ ဒေသာ ဒုတိယဆုရ “ဆည်းဆာ ရသ    စာတမ်းများ”   စာမူကို ရေးသားသူ  ဆရာ  ဇာတ်ညွှန်း အကယ်ဒမီ   ကိုကိုလေး၊  စာပ ဒေသာ တတိယဆုရ “နာပေါင်း ကုဋေ   ဆရာမြေဝယ်”  စာမူကို ရေးသားသူ    ဆရာမ   နန္ဒခင် (သက္ကလမြေ)၊  မြန်မာ့ယဉ်ကျေးမှု နှင့်   အနုပညာဆိုင်ရာ   စာပေ ပထမဆုရ  “မြန်မာနိုင်ငံအတွင်း ရှိ    အရှေ့ပိုးကရင်လူမျိုးတို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံနှင့်စာပေ” စာမူကို  ရေးသားသူ   အရှင်ပညာ သာမိ၊     မြန်မာ့ယဉ်ကျေးမှုနှင့်  အနုပညာဆိုင်ရာ    စာပေဒုတိယ ဆုရ “ကွက်စိပ် ဗေဒသုခုမ” စာမူ ကိုရေးသားသူ   ဆရာမင်းသျှင် အောင် (တွံတေး)နှင့်      မြန်မာ့ ယဉ်ကျေးမှုနှင့်  အနုပညာဆိုင်ရာ စာပေတတိယဆုရ  “မြန်မာ့ ယဉ်ကျေးမှု         ဆယ့်နှစ်လရာသီ ဓလေ့ထုံးစဉ်လာ”       စာမူကို ရေးသားသူ         ဆရာအောင်စိုး (တိရစ္ဆာန်ဆေးကုဆရာဝန်) တို့ကို ဆုများပေးအပ်ချီးမြှင့်ရာ ဆုရရှိ သူများနှင့် ၎င်းတို့၏ မိသားစုဝင် များက လက်ခံရယူကြသည်။


ယင်းနောက်   သိပ္ပံနှင့်  နည်း ပညာဝန်ကြီးဌာန     ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော် က စာပေဗိမာန်စာမူဆုရရှိသူများဖြစ်ကြသည့် သုတပဒေသာ(ဝိဇ္ဇာ) ပထမဆုရ “ဒွတ္တပေါင်မင်းကြီးနှင့် ကမ္ဘာ့အမွေအနှစ်     စာရင်းဝင် သရေခေတ္တရာ” စာမူကိုရေးသား သူ       ဆရာမယဉ်ယဉ်မွန် (ရှေးဟောင်း သုတေသန)၊ သုတပ ဒေသာ   (ဝိဇ္ဇာ)    ဒုတိယဆုရ “မြန်မာ့သုတ  ပညာရေးမှတ်တိုင် များ” စာမူကို ရေးသားသူ ဆရာ ဦးညွန့်ဝေ(ဘီအေ ဘီအီးဒီ)၊ သုတ ပဒေသာ(ဝိဇ္ဇာ)    တတိယဆုရ “ပအိုဝ်းရိုးရာ ဒုံးလွှတ်ခြင်း ဓလေ့ နှင့် ဗမာဒုံးချင်း ကဗျာများ”စာမူကို ရေးသားသူ    ဆရာလွင်မြန်မာ (မန်းတက္ကသိုလ်)၊  သုတပဒေသာ (ရိုးရိုးသိပ္ပံနှင့် အသုံးချသိပ္ပံ) ပထမ ဆုရ “အရိပ်ရပင်နှင့် ပန်းအလှပင် များ”စာမူကို   ရေးသားသူ  ဆရာ အောင်စိုး(စိုက်ပျိုး/၁၀၇)၊ သုတ ပဒေသာ  (ရိုးရိုးသိပ္ပံနှင့်  အသုံးချ သိပ္ပံ)ဒုတိယဆုရ “သက်စွန့်ဆံဖျား တောင်တက်ခြင်း    အားကစား” စာမူကို ရေးသားသူ   ဆရာမဆွေ ဆွေအုန်း (ရန်ကုန်တက္ကသိုလ်)နှင့် သုတပဒေသာ    (ရိုးရိုးသိပ္ပံနှင့် အသုံးချသိပ္ပံ)             တတိယဆုရ “သားရေခွာရုပ်လုံးသွင်း အတတ် ပညာ မိတ်ဆက်”စာမူကို ရေးသား သူ   ဆရာကိုတူး (သာယာမြိုင်) တို့ကို  ဆုများ  ပေးအပ်ချီးမြှင့်ရာ ဆုရရှိသူများနှင့်                ၎င်းတို့၏ မိသားစုဝင်များက လက်ခံရယူကြ သည်။


လက်ခံရယူ


ထို့နောက်   အားကစားနှင့် လူငယ်ရေးရာ       ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး           ဦးမင်း သိန်းဇံက   စာပေဗိမာန်စာမူဆုရ ရှိသူများဖြစ်ကြသည့်   ကလေး စာပေ ပထမဆုရ  “မြန်မာ့မေတ္တာ စွမ်း ကမ္ဘာကို  လွှမ်းစေရမည်နှင့် ကလေးဝတ္ထုတိုများ”    စာမူကို ရေးသားသူ ဆရာမ ဝတ်ရည်ခင် (ပဲခူး)၊ ကလေးစာပေ ဒုတိယဆုရ “ဖူးစီဝေလန်းရောင်စုံပန်း ကလေး ကဗျာများ” စာမူကို‌ရေးသားသူ ဆရာမ သက်ဦးခင်၊ ကလေးစာပေ တတိယဆုရ     “တို့လေးလေး စားစား   သီဆိုမယ်နှင့်    အခြား ဝတ္ထုတိုများ” စာမူကို ရေးသားသူ ဆရာညွန့်ဝင်း(နတ္တလင်း)၊ လူငယ် စာပေပထမဆုရ    “ကြယ်မကြွေ သော ထိုကောင်းကင်” စာမူကို ရေးသားသူ  ဆရာမ   ယဉ်ယဉ် (ဘတ်ရဲ)၊ လူငယ်စာပေ ဒုတိယ ဆုရ “ပန်းတစ်ပွင့် လန်းစွင့်ခဲ့ပြီ” စာမူကို    ရေးသားသူ    ဆရာမ သက်ဦးခင်နှင့်      လူငယ်စာပေ တတိယဆုရ   “သားသို့   ပေးစာ များ” စာမူကို ရေးသားသူ ဆရာ နွေကံ့ကော်(မြို့လှ) တို့ကို ဆုများ ပေးအပ်ချီးမြှင့်ရာ ဆုရရှိသူများက လက်ခံရယူကြသည်။


ကျေးဇူးတင်စကားပြောကြား


ဆက်လက်ပြီး ဆုရရှိသူများ ကိုယ်စား     အမျိုးသားစာပေ တစ်သက်တာစာပေဆုရှင် ဆရာ ကြီး  ဦးစိန်လှိုင်  (သူရဇော်)က ကျေးဇူးတင်စကားပြောကြားရာ ယနေ့သည်    စာပေသမားများ အတွက်   ထူးခြားသည့်နေ့တစ်နေ့ ဖြစ်သည့်   စာဆိုတော်နေ့ဖြစ်ပါ ကြောင်း၊   ယနေ့ကျင်းပပြုလုပ် သည့်  ဆုချီးမြှင့်ပွဲတွင်    ဆုရရှိခဲ့ သည့် စာရေး ဆရာကြီးများနှင့် ဆရာမကြီးများအနေဖြင့် စာပေ ရေးသားမှုများကို မိမိတို့တတ်စွမ်း သမျှ    ပါဝင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်အတွက်  စာပေအသီး အပွင့်များ   ဝေဝေဆာဆာဖူးပွင့် လာနိုင်ရေးအတွက်          တစ်ဖက် တစ်လမ်းမှ ဆောင်ရွက်နိုင်ခဲ့ပြီဖြစ် ပါကြောင်း၊ ယခုအခါတွင် စာပေ ဆိုင်ရာဆုများချီးမြှင့်  ပေးအပ်ရာ တွင် ဆုငွေများ တိုးတက်ပေးအပ်ခဲ့ သည့်အတွက် စာပေပညာရှင်များ အတွက်           ချီးမြှင့်ပေးမှုပင်ဖြစ် ကြောင်း၊ ယခုကဲ့သို့ ဆုများကိုပေးအပ်ချီးမြှင့်မှုအတွက်   နိုင်ငံတော် အကြီးအကဲများနှင့်   တာဝန်ရှိသူ များအား ကျေးဇူးတင်ရှိပါကြောင်း ဖြင့် ပြောကြားသည်။
ထို့နောက်   ခေတ်အဆက် ဆက် မြန်မာစာပေဖွံ့ဖြိုးတိုးတက် လာမှုနှင့်     နိုင်ငံတော်အစိုးရက ကဏ္ဍပေါင်းစုံမှ  ပံ့ပိုးဆောင်ရွက် ပေးခဲ့မှု            အခြေအနေများနှင့် ပတ်သက်သည့် Video Clip ကို ပြသသည်။


မှတ်တမ်းတင်ဓာတ်ပုံရိုက်


ယင်းနောက်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ       ဥက္ကဋ္ဌ၊ နိုင်ငံတော်    ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ၂၀၂၀ ပြည့်နှစ် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသား              စာပေဆုနှင့် စာပေဗိမာန်စာမူဆု ရရှိကြသူများ နှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြပြီး  ဆုရရှိသည့်  စာရေး ဆရာကြီးများနှင့်  ဆရာမကြီးများ၊ မိသားစုဝင်များအား နေ့လယ်စာ ဖြင့်   တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်