
မိုးမိတ် ဒီဇင်ဘာ ၃ ရက်
ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်မြို့နယ် မြို့မဈေး၌ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် ယနေ့ နံနက် ၉ နာရီက မြို့နယ်စည်ပင် သာယာဦးစီးဌာန၊ မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ် လျှပ်စစ်ဦးစီးဌာနတို့ ပူးပေါင်း၍ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာ အမှု ဆောင်အရာရှိ ဦးတင်ရှိန်၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ ဝင်များနှင့်၊ မြို့နယ်လျှပ်စစ်ဦးစီး ဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် မြို့မ ဈေးအတွင်း အပြင်ရှိ မီးသတ်ရေ ကန်များ ရေအပြည့်ထားရှိရေးနှင့် ရေစုပ်စက်များ ပြင်ဆင်ထားရှိ ၍ အဆင်သင့် မောင်းနှင်နိုင် ရေး၊ မီးသတ်ရေငုတ်များ၏ ရေထွက်မှု အခြေအနေများ၊ ဈေးဆိုင်ခန်းများ၏ လျှပ်စစ်မီး သုံးစွဲမှုအခြေအနေနှင့် မီးဘေး လုံခြုံမှု ရှိ မရှိ၊ ဈေးဆိုင်ခန်းများ တွင် ထားရှိသော မီးသတ်ဆေး ဘူးများ ကောင်းမကောင်း စသည့် အချက်များဖြင့် တိုက်ဆိုင်စစ်ဆေး ခဲ့ကြောင်း သိရသည်။
စည်သူဌေး (ခရိုင်ပြန်/ဆက်)