
ဖနောင်ပင် ဒီဇင်ဘာ ၂
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆန်ဒက်တက်ချိုဟွန်ဆန်က ၂၀၃၀ ပြည့်နှစ်တွင် ဝန်ကြီးချုပ်ရာထူးမှ အနားယူ ပြီးနောက် ၎င်း၏ သားကြီး ဟွန်မာနက်သည် ဝန်ကြီးချုပ်လောင်းတစ်ဦး ဖြစ်လာလိမ့်မည်ဟု ဒီဇင်ဘာ ၂ ရက်က ထုတ်ဖော်ပြောကြားလိုက်သည်။
အသက် ၆၉ နှစ်ရှိ ဟွန်ဆန်က ၎င်းသည် ၂၀၃၀ ပြည့်နှစ်အထိ ဝန်ကြီးချုပ်ရာထူးတွင် ဆက်လက် ရှိနေဦးမည် ဖြစ်ကြောင်းနှင့် တာဝန်မှ အနားယူပြီးနောက်ပိုင်း တွင်လည်း မာနက်ကို ဝန်ကြီးချုပ် လောင်း တစ်ဦးအနေဖြင့် အထွေထွေ ရွေးကောက်ပွဲတွင် အမည်စာရင်းတင်သွင်းသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဟွန်မာနက်သည် ဝန်ကြီးချုပ် လောင်းလျာတစ်ဦး ဖြစ်လာလိမ့် မည်ဟု မိမိအနေဖြင့်ကြေညာလို ကြောင်း ဟွန်ဆန်က ပြောကြား လိုက်သည်။ ဝန်ကြီးချုပ်ရာထူး အတွက် ၎င်းကို အပြည့်အဝ ထောက်ခံပါကြောင်း ဟွန်ဆန်က ဆက်လက်ပြောကြားခဲ့သည်။
အသက် ၄၄ နှစ်ရှိ မာနက် သည် လက်ရှိတွင် အာဏာရ ကမ္ဘောဒီးယား ပြည်သူ့ပါတီ၏ အမြဲတမ်း ကော်မတီအဖွဲ့ဝင် တစ်ဦးဖြစ်သည်။ ထို့အပြင် ၎င်းသည် တော်ဝင်ကမ္ဘောဒီးယား လက်နက်ကိုင်တပ်ဖွဲ့တွင် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်နှင့် တော်ဝင်ကမ္ဘောဒီးယား စစ်တပ် တွင် တပ်မှူးတစ်ဦးလည်း ဖြစ်သည်။
ဆင်ဟွာ