ဘဝနတ်ထံ ပျံလွန်တော်မူ

 

 

နေပြည်တော် နိုဝင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ဒက္ခိဏာရာမဘုရား ကြီးတိုက်၊ ရတနာ မဉ္ဇူကျောင်း ဦးစီးပဓာနနာယက၊ နိုင်ငံတော် ဩဝါဒါ စရိယဆရာတော်ဘဒ္ဒန္တသီရိန္ဒာဘိဝံသ (အဂ္ဂမဟာ ပဏ္ဍိတ)မဟာထေရ် မြတ်ကြီးသည် သက်တော်(၉၂)နှစ်၊  သိက္ခာတော်(၇၂)ဝါအရ ၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၁)ရက်၊ (၂၉-၁၁-၂၀၂၁)၊ တနင်္လာ နေ့၊ မွန်းတည့်(၁၂:၀၀)နာရီအချိန် တွင် ဘဝနတ်ထံပျံလွန်တော်မူကြောင်း နှင့် ဆရာတော်ကြီး၏ အန္တိမ အဂ္ဂိဈာပနကို (၃၀-၁၁-၂၀၂၁)ရက်၊ မွန်းလွဲ(၁:၀၀)နာရီအချိန်တွင် ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းများနှင့်အညီ  ကျင်းပပြုလုပ်ခဲ့ ကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိပါ သည်။    
                                                                  သတင်းစဉ်