
ရန်ကုန် နိုဝင်ဘာ ၃၀
မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေး ရှင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်း အမှတ်(၂၂၈)ရှိ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေး ရှင်း အစည်းအဝေးခန်းမ၌ ကျင်းပရာ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြ သည်။
အခမ်းအနားတွင် ဥက္ကဋ္ဌ ဦးညွန့်ဆွေ က မိမိတို့ဖောင်ဒေးရှင်းသည် ပြည်သူ များ ဗဟုသုတတိုးပွားစေရေးအတွက် စာအုပ်စာစောင်များ ထောက်ပံ့ခြင်း၊ စာကြည့်တိုက်များ တည်ထောင်ခြင်းတို့ ကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ နိုင်ငံရေးအရောင်အသွေး ကင်းရှင်းသည့် လူမှုရေးအဖွဲ့အစည်းအဖြစ် ဆောင်ရွက် နေကြခြင်းဖြစ်ကြောင်း၊ ပြည်သူများ အတွက် အကျိုးရှိစေမည့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေး စေလိုကြောင်း ပြောကြားသည်။
ယင်းနောက် အစည်းအဝေး တက်ရောက်သည့် အဖွဲ့ဝင်များက တိုင်း ဒေသကြီး၊ ပြည်နယ်များအလိုက် ဆောင် ရွက်ချက်များကို ဆွေးနွေးတင်ပြကြ ကြောင်း သိရသည်။ သတင်းစဉ်