ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းနှင့်  ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာစိုးဦး တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

 

 

နေပြည်တော်    နိုဝင်ဘာ     ၃၀    
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းနှင့် တာဝန်ရှိသူများအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေးအရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက် အရ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ရုံးစိုက်ထား သည့်   အဖွဲ့အစည်းမှ   မြန်မာနိုင်ငံသို့  WHO  နှင့် UNICEF  တို့မှတစ်ဆင့် ထောက်ပံ့ငွေများ ပေးအပ် ကြောင်း၊ ယင်းအဖွဲ့အစည်းမှ GAVI HSS 2 Grant (Global Alliance  for  Vaccines  and  Immuni-zation-Health System Strengthening 2) ကူညီ ငွေများကို     တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ   တင်ပြသည့်   စီမံချက်များအလိုက် ကျန်းမာရေး ဝန်ကြီးဌာန၊         ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊       ငွေစာရင်းသို့ ထောက်ပံ့ပေးအပ်ကြောင်း။
တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများအတွက်  စီမံချက်မန်နေဂျာအဖြစ် ဒေါက်တာ ထားထားလင်း ကိုခန့်ထားပြီး    စီမံချက်မန်နေဂျာက    Quarter အလိုက် သုံးစွဲရန် Work Plan လုပ်ငန်းစီမံချက်ကို ဝန်ကြီးဌာနမှ ဖွဲ့စည်းပေးသော ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ  စိုးဦး  ဥက္ကဋ္ဌအဖြစ်  ဆောင်ရွက်သော အလုပ်အမှုဆောင်ကော်မတီ (Executive Working Group)   သို့   တင်ပြပြီး   အတည်ပြုချက်ရရှိပါက ရန်ပုံငွေထုတ်ရန်အတွက်     ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ  စိုးဦး  ဥက္ကဋ္ဌအဖြစ်  ဆောင်ရွက်သော ပြင်ပထောက်ပံ့ကော်မတီ (External Aid Com-mittee-EAC)မှ ထပ်မံစိစစ်အတည်ပြုပြီး ခွင့်ပြုချက် ထုတ်ပေးကြောင်း၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း များအတွက်    စီမံချက်မန်နေဂျာ    ဒေါက်တာ ထားထားလင်းသည်  ဗဟိုအဆင့်အတွက် ၂၀၁၉-၂၀၂၀    ဘဏ္ဍာနှစ်တွင်    ရရှိသည့်     ပံ့ပိုးရန်ပုံငွေ  ငွေကျပ်သန်း ၁၆၉၀၀ ကျော်အနက် ငွေကျပ်သန်း ၆၉၉၀ ကျော်နှင့်  ၂၀၁၈-၂၀၁၉  Non Budget  လက်ကျန်မှ ငွေကျပ်သန်း ၁၁၃၀ ကျော်၊ စုစုပေါင်း ငွေကျပ်သန်း  ၈၁၂၀  ကျော် ထုတ်ယူခဲ့ပြီး၊ တိုင်း ဒေသကြီး/ပြည်နယ်များအတွက်     ငွေကျပ်သန်း ၁၀၅၀၀ ကျော်ကို ခွဲဝေချထားပေးခဲ့ကြောင်း။
ငွေသားလက်ကျန်များကို သုံးစွဲခြင်းမပြုရန် 
ညွှန်ကြားချက် လိုက်နာဆောင်ရွက်ခြင်းမရှိ
၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လမှစ၍ COVID-19 ရောဂါပျံ့နှံ့မှုကြောင့် စီမံချက်အတိုင်း ကာကွယ်ဆေး ထိုးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုမရှိသဖြင့် ဗဟို အဆင့်တွင် ငွေသားလက်ကျန် ငွေကျပ် ၁၆၁ ဒသမ  ၁၉၈ သန်းနှင့် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊  မြို့နယ်များတွင် ငွေသားလက်ကျန် ငွေကျပ်သန်း  ၈၄၀  ကျော်   ကျန်ရှိသဖြင့်   ငွေစာရင်းခေါင်းစဉ် ပြောင်းလဲအသုံးပြုရန် တင်ပြခြင်းအပေါ် ကျန်းမာ ရေးနှင့်   အားကစားဝန်ကြီးဌာနက  ၂၀၂၁  ခုနှစ် ဇန်နဝါရီ ၂၆ ရက်စွဲပါစာဖြင့် စီမံကိန်း၊ ဘဏ္ဍာရေး နှင့်  စက်မှုဝန်ကြီးဌာနသို့  သဘောထားမှတ်ချက် တောင်းခံခဲ့စဉ်ကာလအတွင်း  ငွေသားလက်ကျန် များကို သုံးစွဲခြင်းမပြုရန်နှင့် ဌစ-၆ ဖြင့် ထိန်းသိမ်း ထားရန်   ညွှန်ကြားချက်ကို   လိုက်နာဆောင်ရွက် ခြင်းမရှိဘဲ  ဒေါက်တာ ထားထားလင်းသည်  ဗဟို အဆင့်  ငွေသားလက်ကျန်  ငွေကျပ်  ၁၆၈  ဒသမ ၁၉၈ သန်းအား UNICEF Account သို့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင်  ငွေပေးသွင်းခဲ့ခြင်းဖြင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကြေး ပိုင်ဆိုင်မှုကို  နစ်နာ ဆုံးရှုံးစေခဲ့ကြောင်း။
Global Alliance for Vaccines and Imm-unization-Health System Strengthening 2 ဖြင့် ဆောင်ရွက်သည့် စီမံချက်ပါလုပ်ငန်းများ ဆောင် ရွက်ရန်အတွက် ငွေထုတ်ယူခွင့်ပြုသူ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးဦး သည် GAVI HSS 2 Grant ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများတွင် တာဝန်ယူကြီးကြပ်ပြီး စီမံခန့်ခွဲ ရသူဖြစ်သည့်အလျောက်  နိုင်ငံတော်၏  ငွေကြေး ပိုင်ဆိုင်မှု     နစ်နာဆုံးရှုံးစေသည့်      ဒေါက်တာ ထားထားလင်း၏    ဆောင်ရွက်မှုတွင်    ကြီးကြပ် စစ်ဆေးရန် ပျက်ကွက်ခြင်း၊ စီမံခန့်ခွဲရန် ပျက်ကွက် ခြင်းတို့သည် နိုင်ငံတော်ဘဏ္ဍာငွေများ နစ်နာဆုံးရှုံး ရန်အတွက်  အားပေးကူညီခြင်းဖြစ်ကြောင်း။ 
တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို 
အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ
စစ်ဆေးပေါ်ပေါက်ချက်အရ            ဒေါက်တာ ထားထားလင်းအပေါ် အဂတိလိုက်စားမှု တိုက်ဖျက် ရေး ဥပဒေပုဒ်မ  ၅၆ အရလည်းကောင်း၊ ဒေါက်တာ စိုးဦးအပေါ်    အဂတိလိုက်စားမှု     တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆/၆၃ အရလည်းကောင်း နေပြည်တော် ဘုရားကုန်း    မြို့မရဲစခန်းတွင်     ယနေ့ရက်စွဲဖြင့် ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရား စွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး      ကော်မရှင်မှ သိရသည်။                                           သတင်းစဉ်