
နေပြည်တော် နိုဝင်ဘာ ၂၉
အကြမ်းဖက် သမားများသည် အေးချမ်းစွာ နေထိုင်သော ပြည်သူလူထုများနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင် ရွက်နေသော အုပ်ချုပ်ရေးတာဝန် ရှိသူများကို ထိခိုက်ဒဏ်ရာ ရရှိစေရန် ရည်ရွယ်ချက်များဖြင့် အချို့နေရာများတွင် အကြမ်းဖက် ဖောက်ခွဲ ဖျက်ဆီးခြင်းများကို လုပ်ဆောင်လျက်ရှိသည့် အပြင် ကလေးသူငယ်များ ပညာ သင်ကြားနေသည့် စာသင်ကျောင်း များကိုပါ လက်လုပ်ဗုံးများ၊ လက် လုပ်မိုင်းများဖြင့် ဖောက်ခွဲဖျက်ဆီး လျက်ရှိသည်။
ထိုသို့ အကြမ်းဖက်လုပ်ရပ် များ ပြုလုပ်လျက်ရှိရာ နိုဝင်ဘာ ၂၈ ရက် ညနေ ၅ နာရီခန့်တွင် မဟာအောင်မြေမြို့နယ် ရဲမွန် တောင်ရပ်ကွက် ၃၅ လမ်း၊ ၃၆ လမ်း၊ ၅၆ လမ်းနှင့် ၅၇ လမ်းကြား ရှိ အမှတ်(၂၇)အခြေခံပညာ အထက်တန်း ကျောင်းခွဲသို့ ဆိုင်ကယ် မောင်းနှင်လာသည့် အကြမ်းဖက်သူ အမျိုးသားနှစ်ဦး က လက်လုပ်ဗုံးဖြင့် ပစ်ပေါက် ထွက်ပြေးခဲ့ရာ လက်ပစ်ဗုံးမှာ ကျောင်းဝင်းအတွင်းရှိ အေးမြ မေတ္တာ ကျောင်းဆောင်နှင့် ကျောင်းအုတ်နံရံကြားသို့ ကျ ရောက် ပေါက်ကွဲခဲ့သဖြင့် ကျောင်းဆောင် မျက်နှာကြက်နှင့် သွပ်မိုးတစ်ချပ် ပျက်စီးခဲ့ကြောင်း သိရသည်။ (အပေါ်ပုံ)
အထက်ပါ ဖြစ်စဉ်မှ အကြမ်းဖက်မှု လုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူ နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက စုံစမ်းဖော်ထုတ်လျက် ရှိကြောင်း သတင်းရရှိပါ သည်။
သတင်းစဉ်