
နေပြည်တော် နိုဝင်ဘာ ၂၈
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ တာဝန်ရှိသူများ နှင့်အတူ နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ သင်တန်းကျောင်းများအား ကြည့်ရှုစစ်ဆေးသည်။
ဖြည့်ဆည်းဆောင်ရွက်
ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့သည် နိုဝင်ဘာ ၂၆ ရက် ညနေပိုင်းတွင် ပုသိမ်မြို့ အမျိုး သမီး အိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်း သို့ ရောက်ရှိပြီး ဧရာဝတီတိုင်းဦးစီး ဌာနမှူးက သင်တန်းကျောင်း ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပြီး ဝန်ထမ်းများနှင့် နည်းပြများအား တွေ့ဆုံအမှာစကား ပြောကြား သည်။ ထို့နောက် သင်တန်းသူ များ၏ ချုပ်လုပ်ထားရှိသည့် လက်ရာများ၊ ကျောင်းဝန်းအတွင်း ရှိ အိပ်ဆောင်၊ စားရိပ်သာ၊ လျှပ်စစ် နှင့် Gas မီးဖိုများဖြင့် ချက်ပြုတ် နိုင်မှု၊ သင်တန်းခန်းမများ၊ စာကြည့်တိုက်၊ ဝန်ထမ်းအိမ်ရာ များနှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေး နှစ် ခြောက်လဘတ်ဂျက် တည် ဆောက်ရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်း တွင် ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးတင်မောင်ဝင်းနှင့်အတူ လပွတ္တာမြို့ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှု လက်မှု ပညာသင်တန်းကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်း များသို့ရောက်ရှိပြီး မော်တော် ယာဉ် စက်ပြင်သင်တန်း၊ လျှပ်စစ် သင်တန်း၊ ဂဟေသင်တန်း၊ လက်သမား၊ ပန်းရန်၊ သံချည် သံကွေးသင်တန်းနှင့် လက်ကိုင် ဖုန်းပြင်သင်တန်းများ ဖွင့်လှစ် သင်ကြားမှု အခြေအနေနှင့် ရေ/မီးရရှိမှုတို့ကို လည်းကောင်း၊ အမျိုးသမီး အိမ်တွင်းမှုသင်တန်း သူများ၏ ချုပ်လုပ်ထားရှိသည့် လက်ရာများ၊ သင်တန်းခန်းမ၊ မော်တာ စက်ချုပ်သင်တန်း ဆောင်၊ စားရိပ်သာ၊ သင်တန်းသူ အိပ်ဆောင်များနှင့် ရေ/မီးရရှိမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည် များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ကြည့်ရှုစစ်ဆေး
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် စက်မှုလက်မှု သင်တန်းကျောင်းမှ ကျောင်းအုပ်၊ နည်းပြများနှင့် သင်တန်းသားများ ကို တွေ့ဆုံအမှာစကား ပြောကြား ခဲ့ပြီး သင်တန်းသားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ ကျောင်းဝင်းအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့သည် ညနေပိုင်းတွင် ဘိုကလေးမြို့ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုး ရေး သင်တန်းကျောင်းသို့ ရောက်ရှိ ပြီး သင်တန်းကျောင်း ကျောင်းအုပ် က သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်း တင်ပြရာ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေး၍ ကျောင်းအုပ်နှင့် နည်းပြများ၊ ကျောင်းသား ကျောင်းသူများကို အမှာစကား ပြောကြားကာ ကျောင်းဝင်းအတွင်းရှိ အိပ်ဆောင်၊ စာကြည့်တိုက်၊ စတိုဆောင်၊ စားရိပ်သာတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ယနေ့နံနက်ပိုင်းတွင် ပြည် ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မအူပင်မြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုး ရေး သင်တန်းကျောင်းသို့ ရောက် ရှိပြီး သင်တန်းကျောင်း ကျောင်း အုပ်၏ ရှင်းလင်းတင်ပြချက်များ အပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးကာ ကျောင်းဝင်းအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
သင်ကြားလေ့ကျင့်ပေး
နယ်စပ်ရေးရာ ဝန်ကြီးဌာန သည် ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းအပြီးတွင် ဧရာဝတီ တိုင်းဒေသကြီးအတွင်း ပြန်လည် ထူထောင်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဘိုကလေးမြို့နှင့် မအူပင် မြို့တို့တွင် နယ်စပ်ဒေသတိုင်းရင်း သား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း တစ်ကျောင်းစီ၊ ပုသိမ်မြို့နှင့် လပွတ္တာမြို့တို့တွင် အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်း တစ်ကျောင်းစီနှင့် လပွတ္တာမြို့တွင် စက်မှုလက်မှု ပညာသင်တန်း ကျောင်း တစ်ကျောင်း စုစုပေါင်း ငါးကျောင်း တည်ထောင်ဖွင့်လှစ် ကာ ဒေသခံလူငယ်လူရွယ် အမျိုး သမီးငယ်များကို အခြေခံပညာနှင့် အသက်မွေးဝမ်းကျောင်း ပညာ များကို သင်ကြားလေ့ကျင့်ပေး ခဲ့ရာ ယခုအချိန်အထိ အခြေခံ ပညာကျောင်းသား ကျောင်းသူ ၄၆၆ ဦး၊ အသက်မွေးဝမ်းကျောင်း သင်တန်းသား သင်တန်းသူ ၂၂၉၂ ဦးတို့ကို သင်ကြားလေ့ကျင့်ပေး နိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်