ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

 

နေပြည်တော်   နိုဝင်ဘာ    ၂၈


ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်  အသီးသီးတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ နိုဝင်ဘာ ၂၇ ရက်တွင် ရှမ်း ပြည်နယ် (မြောက်ပိုင်း) လောက်ကိုင် မြို့သို့        ပြန်လည်ဝင်ရောက်လာသူ အမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦး၊ စုစုပေါင်း    နှစ်ဦးတို့ကို    လက်ခံခဲ့ကြသည်။

 


ထိုသို့လက်ခံရာတွင်  သက်ဆိုင်ရာ ပြည်သူ့ဆေးရုံများမှ     ကျန်းမာရေး ဆိုင်ရာ   တာဝန်ရှိသူများ၊   တပ်မတော် ဆေးတပ်ဖွဲ့ဝင်များက       ကိုဗစ်-၁၉ ရောဂါ စစ်ဆေးပေးခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက်အထား စာရွက်စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြား ချက်များကို ရှင်းလင်းပြောကြားခြင်း တို့ကို စနစ်တကျဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိ သူများ၊  ဌာနဆိုင်ရာ  တာဝန်ရှိသူများက လိုအပ်သည်များ    ကူညီဆောင်ရွက် ပေးကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက စီစဉ်ဆောင်ရွက်ပေးသည့် ခရီးသည်တင်မော်တော်ယာဉ်များဖြင့် ၎င်းတို့နေရပ်အသီးသီးသို့   လိုက်လံ ပို့ဆောင်ပေးခဲ့ကြောင်းနှင့်   ရောဂါပိုး တွေ့ရှိသူများကို    သက်ဆိုင်ရာနေရာ များတွင် သီးသန့်ထားရှိ၍ လိုအပ်သည့်  ကျန်းမာရေးဆိုင်ရာများနှင့် အုပ်ချုပ်မှု ဆိုင်ရာ  ကိစ္စရပ်များကို    အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်ပေးလျက် ရှိကြောင်းသတင်းရရှိသည်။
                               

သတင်းစဉ်