နိုဝင်ဘာ ၂၇ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၅၀၅ ဦး တွေ့ရှိ

 

ထပ်မံသေဆုံးသူ ၁၂ ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၉၀၇၉ ဦးရှိ

(၂၇-၁၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီ
 

 

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။

 


ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက် လျက်ရှိပြီး (၂၆-၁၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၇-၁၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂၄,၅၄၈) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၅၀၅) ဦးတွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၂.၁၀) ရာခိုင်နှုန်းရှိ ပါသည်။

 


သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၅၂၃,၀၉၇)ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း (၅၂၁,၂၁၁) ဦးရှိပြီ ဖြစ်ပါသည်။

 

ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၆၆၀) ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၄၉၅,၄၀၈) ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီး ဖြစ်ပါသည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ (၁၂) ဦး ရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉,၀၇၉) ဦး ရှိပါသည်။
 

l     ယခုဖြစ်ပွားနေဆဲဖြစ်သည့် တတိယလှိုင်းကာလအတွင်းတွင် ကိုဗစ်-၁၉ ရောဂါ  ကူးစက်ဖြစ်ပွားမှု မြင့်မားခဲ့သော  မြို့နယ် (၁၁၉) မြို့နယ်အား နေအိမ်တွင်နေထိုင်ရေး အစီအစဉ် (Stay at home) သတ်မှတ်ဆောင်ရွက်၍ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ခဲ့ ရာတွင် လူနာသစ်တွေ့ရှိရမှုနှင့် ပိုးတွေ့ရှိနှုန်းလျော့နည်းကျဆင်းလာသော မြို့နယ်များအား (Stay at home) မြို့နယ်အဖြစ်မှ ဖြေလျှော့ပေးလျက်ရှိရာ ယနေ့အထိ နေအိမ်တွင်နေထိုင်ရေး အစီအစဉ် တွင် ဆက်လက်အကျုံးဝင်နေသည့် မြို့နယ် (၁၁) မြို့နယ်သာ ကျန်ရှိပါသည်။

 


    l     ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခဲ့သည့်  လူမှုစီးပွားလုပ်ငန်းများ အမြန်ဆုံး ပုံမှန်ပြန်လည် လည်ပတ် နိုင်ရန်အတွက် ဖြေလျှော့မှုများ  ဆောင်ရွက်ပေးလျက်ရှိသော်လည်း  ကိုဗစ်-၁၉ ရောဂါ   ကူးစက်မှု ပြန်လည်မြင့်တက်လာနိုင်သည့် အခြေအနေကို သတိပြုကာကွယ်ရမည် ဖြစ်ပါသည်။ 

 


    l     သို့ဖြစ်ပါ၍ နေအိမ်တွင်နေထိုင်ရေးအစီအစဉ် (Stay at home) တွင် ဆက်လက်ပါဝင်သည့် မြို့နယ် များတွင် နေထိုင်သူများအနေဖြင့်လည်းကောင်း၊ နေအိမ်တွင်နေထိုင်ရေးအစီအစဉ် (Stay at home)တွင် ဆက်လက်ပါဝင်ခြင်းမရှိတော့သည့် မြို့နယ်များတွင်လည်းကောင်း၊ နေအိမ်တွင် နေထိုင်ရေး အစီအစဉ် (Stay at home)တွင် ပါဝင်ခဲ့ခြင်းမရှိခဲ့သည့် မြို့နယ်များတွင်လည်းကောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများကို ဆက်လက်၍  သတိပြုလိုက်နာဆောင်ရွက်ခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့် မပျက်မကွက်ခံယူခြင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပြည်သူလူထု အနေဖြင့် မိမိတို့ ကဏ္ဍအလိုက် ယခုထက် ပိုမိုပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်အပ် ပါသည်။ 

 


    l     ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင် အင်တာနက်စာမျက်နှာ www.moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။


ကျန်းမာရေးဝန်ကြီးဌာန