စစ်ကိုင်း PDF အကြမ်းဖက်အဖွဲ့ထံ ပို့ဆောင်မည့် လက်နက်/ခဲယမ်းများနှင့် ဆက်စပ်တရားခံများအား မြဝတီမြို့နှင့် မုံရွာမြို့တို့တွင် ဖမ်းဆီးရမိ

 

နေပြည်တော်  နိုဝင်ဘာ  ၂၇


NUG အကြမ်းဖက်အဖွဲ့အနေဖြင့်   နိုင်ငံတော် အစိုးရ၏ အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေရန် နှင့် နိုင်ငံ့ဝန်ထမ်းများ၊ အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်းများ          ပြုလုပ်နိုင်ရန် အတွက်   လိုအပ်သော  လက်နက်/ခဲယမ်း များအား  တိုင်းရင်းသားလက်နက်ကိုင်  အဖွဲ့ အစည်းအချို့နှင့်    ချိတ်ဆက်၍   သယ်ယူ ပို့ဆောင်ခြင်းများ      ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ   ၂၆ ရက်က   PDF   အကြမ်းဖက် အဖွဲ့ဝင်များ    မြဝတီမြို့နယ်   ဝှေ့ရှမ်း ကျေးရွာတွင် ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေး ခဲ့ရာ ဝှေ့ရှမ်းကျေးရွာအဝင် စားသောက်ဆိုင် (အမည်မရှိ)တွင် ကျော်ဇေယျာလင်း(၄၁)နှစ်၊ ဝေဖြိုးသန့်(၂၄)နှစ်တို့  နှစ်ဦးကို    ပွိုင့်-၂၂ ကျည်ဖြင့်ပစ်ရသော ပစ္စတို တစ်လက်၊ ၎င်း ကျည် တောင့် ၁၅၀ တို့နှင့်အတူ ဖမ်းဆီးရမိ ခဲ့သည်။

 


တရားခံများ၏     ထွက်ဆိုချက်အရ လက်နက်/ခဲယမ်း   သယ်ဆောင်သူများဖြစ် သည့် စိုးမင်းထွန်း(၃၉)နှစ်၊ သက်မောင်မောင်စိုး (၃၆)နှစ်တို့ နှစ်ဦးကို   သီရိမြဝတီ ဟိုတယ် အခန်းအမှတ်(၉၀၇)တွင်  ထပ်မံဖမ်းဆီးရမိခဲ့ ပြီး ၎င်းတို့၏ Super Custom အမျိုးအစား အဖြူရောင်ယာဉ်၏   တံခါးနှင့်    ဆီတိုင်ကီ အတွင်းမှ  M-22  ခြောက်လက်၊    AK-47 ခြောက်လက်၊ M-16 တစ်လက်၊ ပစ္စတို  ခုနစ်လက်၊ ကိုးလုံးကျည် ပြောင်းတိုသေနတ်   တစ်လက်၊ ကိုးလုံးကျည် ငါးတောင့်၊ ပွိုင့်-၂၂ ကျည် တောင့်  ၃၀၀၊     ပွိုင့်-၃၈ ကျည် တောင့် ၁၀၀ ၊   ပစ္စတိုကျည် (၇.၆၅ မမ) တောင့် ၅၀၊ ၉ မမ ကျည် တောင့် ၁၅၀၊ ၇.၆၂ ကျည်  တောင့်  ၅၀တို့အား သိမ်းဆည်း ရမိခဲ့သည်။

 


တရားခံ       စိုးမင်းထွန်း၏ ထွက်ဆိုချက်အရ နိုဝင်ဘာ၂၆ရက် တွင်  လုံခြုံရေးပူးပေါင်းအဖွဲ့သည် မုံရွာမြို့ ဘုန်းစိုးရပ်ကွက်“ဒေါ်ညို” ဆီတိုဟူးဆိုင်အနီး၌ သီဟ(၃၀)နှစ်၊ တနိုင်းကိုကို (၂၂)နှစ်၊ အိတုန် (၁၉)နှစ်တို့ သုံးဦးကို Bretta USA တံဆိပ်ပါ ပစ္စတို တစ်လက်၊ SIG Sauer တံဆိပ်ပါ  ပစ္စတို တစ် လက်၊ Cold တံဆိပ်ပါ လက်လုပ် ပစ္စတို တစ်လက်၊ ကျည်အိမ် နှစ်ခု၊ ၉ မမ ကျည် ၁၀ တောင့်၊ လက် လုပ်ဗုံး နှစ်လုံး၊ လက်လုပ်သေနတ် ပြောင်း သံပိုက်လေးချောင်းတို့နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။
တရားခံ  တနိုင်းကိုကိုနှင့် အိတုန်တို့  နှစ်ဦး၏ ထွက်ဆိုချက် အရ     နိုဝင်ဘာ    ၂၇ ရက် မွန်းလွဲပိုင်းတွင်    မုံရွာမြို့နယ် နဂါးပိုကျေးရွာအနီး  ယာခင်းများ အတွင်း၌ PDF အကြမ်းဖက်စခန်း တည်ရှိကြောင်း  ဖော်ထုတ်သိရှိရ သဖြင့်  လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းခဲ့ရာ  လက် လုပ်သေနတ်    ၂၃  လက်ကို သိမ်းဆည်းရမိခဲ့သည်။

 


ဖြစ်စဉ်တွင် တရားခံ ခုနစ်ဦး နှင့်အတူ  လက်နက်ငယ်မျိုးစုံ ၂၅ လက်၊    လက်လုပ်သေနတ်  ၂၃ လက်၊ ကျည်မျိုးစုံ ၈၁၅ တောင့်၊ လက်လုပ်ဗုံး       နှစ်လုံးတို့အား ဖမ်းဆီးရမိခဲ့သည်။ 

 


တရားခံ     စိုးမင်းထွန်း၏ ထွက်ဆိုချက်အရ  နိုဝင်ဘာ  ၁၆ ရက်တွင်   မူမူ၏   စေခိုင်းမှုဖြင့် ဖမ်းဆီးရန်ကျန်  တရားခံ  ရန်နိုင်၊ ယာဉ်မောင်း  သက်မောင်မောင်စိုး (ခ) ဖိုးထောင်တို့နှင့်အတူ  မြဝတီ မြို့သို့ လာရောက်ခဲ့ပြီး လေးကေ့ ကော်မြို့သစ်တွင်    နေထိုင်သော ကိုစော၏ ချိတ်ဆက်မှုဖြင့် KNLA တပ်မဟာ(၇)တွင်        နေထိုင်သူ ကိုတောက်ထံမှ AK-47 ခြောက် လက်ကို   လည်းကောင်း၊ ကိုစော ထံမှ M-16 (ပြောင်းတို) တစ်လက်၊ ကိုးလုံးကျည်     ပြောင်းတိုပစ္စတို တစ်လက်၊   ကိုးလုံးကျည်  ငါး တောင့်တို့ကို      လည်းကောင်း၊ မောင်သီထံမှ M 22 ခြောက်လက်၊ Glock ပစ္စတို ခုနစ်လက်နှင့် ပွိုင့်-၂၂ ကျည် တောင့် ၄၀၀ ၊ ပွိုင့်-၃၈ ကျည် တောင့် ၁၅၀ ၊ ၇.၆၅ ကျည် တောင့် ၅၀ ၊ ၉ မမကျည် တောင့် ၁၅၀၊ ၇.၆၂ AK   ကျည်  တောင့် ၅၀ (စုစုပေါင်း လက်နက်မျိုးစုံ ၂၁ လက်၊   ခဲယမ်းမျိုးစုံ   ၆၅၅ တောင့်)တို့အား   လည်းကောင်း ဝယ်ယူ၍ စူပါကာစတန်ယာဉ်၏ ဆီတိုင်ကီနှင့်    တံခါးချပ်ကာဗာ ကြားတို့တွင်      ထည့်သွင်းခဲ့ပြီး ခဲယမ်းများ       ထပ်မံရရှိပါက စစ်ကိုင်းတိုင်းဒေသကြီး၊    မကျီး ပုတ်ကျေးရွာရှိ   စစ်ကိုင်း   PDF အကြမ်းဖက်အဖွဲ့မှ    ကိုစိုင်းထံ ပို့ဆောင်ရန် စီစဉ်နေစဉ် ဖမ်းဆီး ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

 


အဆိုပါ    ဖမ်းဆီးရမိတရားခံ များအား   ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး             ဆက်လက် ဆောင်ရွက်        သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက်နေသူ များအား   ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြ ရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့      ပုန်းခိုရာနေရာများ၊  လှုပ်ရှားသွားလာနေထိုင်မှုသတင်း များရရှိပါက    သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြား နိုင်ပါကြောင်း၊  သတင်း ပေးသူနှင့်  ဖမ်းဆီးပေးသူများအား ထိုက်တန် စွာလျှို့ဝှက်၍    ဆုငွေများ   ချီးမြှင့် ပေးမည်ဖြစ်ကြောင်းနှင့်   မြို့ရွာ များ အမြန်ဆုံး အေးချမ်းတည်ငြိမ် ရေးအတွက်    ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်   ကြိုးပမ်းဆောင် ရွက်နိုင်ပါရန်      မေတ္တာရပ်ခံထား ကြောင်း  သက်ဆိုင်ရာမှ  သတင်း ရရှိသည်။                  

သတင်းစဉ်