ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

 

(၂၀၂၁ ခုနှစ် ၊ နိုဝင်ဘာလ ၂၈ ရက်)

 

ချစ်ခင်လေးစားရပါသော မြန်မာပြည်သူပြည်သားအပေါင်းတို့ ခင်ဗျား  


ယနေ့ မြန်မာသက္ကရာဇ်     ၁၃၈၃   ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်   ၁၀ ရက်နေ့တွင်  ကျရောက်သည့်  (၁၀၁) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အခါသမယ၌  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အတွင်း မှီတင်းနေထိုင်ကြသော  ပြည်ထောင်စုဖွား    တိုင်းရင်းသား ပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည်စုံကြပါစေကြောင်း နှုတ်ခွန်းဆက်သအပ်ပါသည်။

 


ယနေ့သည် အတိတ်ခေတ်မြန်မာ့ဂုဏ်ရည်ကို ပြန်ပြောင်းသတိရ  ဂုဏ်ယူကြရမည့်  အမျိုးသားအောင်ပွဲနေ့   ဖြစ်ပါသည်။ အနာဂတ် နိုင်ငံတော်ကြီး  ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်  ဆောင်ရွက်လိုသည့် အားသစ်အင်သစ်များတိုးပွားလာစေသည့် နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ အမျိုးသားအောင်ပွဲနေ့သည် မြန်မာတစ်မျိုးသားလုံး၏ မျိုးချစ်စိတ်နှင့် ဇာတိမာန်ကို ဖော်ကျူးပြသနိုင်သည့် နေ့တစ်နေ့လည်း ဖြစ်ပါသည်။

 


မြန်မာတို့သည်   ရှေးနှစ်ပေါင်းများစွာကပင် ကိုယ်ပိုင်ယဉ်ကျေးမှု     ဓလေ့ထုံးစံများနှင့်အညီ      ကိုယ့်ထီးကိုယ့်နန်း     ကိုယ့်ကြငှန်းဖြင့်   အုပ်ချုပ် နေထိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ သို့သော်  ၁၈၈၅ ခုနှစ်   နယ်ချဲ့ဗြိတိသျှ    ကိုလိုနီလက်အောက် ကျရောက်ခဲ့သည့်အချိန်မှစပြီး ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ မြန်မာ့ပညာရေးတို့သည် အောက်တန်း နောက်တန်း ကျရောက်ခဲ့ရပါသည်။    မျိုးချစ်စိတ်နှင့်    သူရသတ္တိရှိသူများက ဆန့်ကျင်တိုက်ပွဲများ ဆင်နွှဲ ကြသော်လည်း   နည်းပညာ၊   ခေတ်မီလက်နက်နှင့်   အတွေ့အကြုံများနည်းပါးခြင်း၊ စနစ်တကျ စုစည်း ဆောင်ရွက်မှု အားနည်းခြင်းတို့ကြောင့် အောင်မြင်မှု နှင့်  အလှမ်းဝေးခဲ့ကြရပါသည်။ ကိုလိုနီနယ်ချဲ့တို့ သည် ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရားနှင့် လိုက်လျော ညီထွေဖြစ်မည့် ကိုလိုနီပညာရေးစနစ်ကို စီမံဖန် တီးခဲ့ကြပါသည်။   ဤသို့ဖြင့်   မြန်မာ့ပညာရေး နိမ့်ပါးကာ ကျွန်ပညာရေးစနစ်အောက်တွင် မြန်မာ တစ်မျိုးသားလုံး   ဆင်းရဲဒုက္ခအတိ   ရောက်ခဲ့ကြပါသည်။

 


၁၉၂၀   ပြည့်နှစ်၊   ဒီဇင်ဘာလတွင်   ရန်ကုန် တက္ကသိုလ် အက်ဥပဒေကို မြန်မာပြည်သူများ အလို ဆန္ဒနှင့်ဆန့်ကျင်ပြီး  နယ်ချဲ့အစိုးရက  အတင်း အကျပ်   ပြဋ္ဌာန်းခဲ့ကြပါသည်။  ထိုသို့ဆောင်ရွက် ခြင်းကို   ၁၉၂၀ ပြည့်နှစ်၊   ဒီဇင်ဘာလ  ၅ ရက်        (မြန်မာသက္ကရာဇ် ၁၂၈၂ ခု၊ တန်ဆောင်မုန်းလပြည့် ကျော် ၁၀ ရက်) တွင်  ဆန့်ကျင်ကန့်ကွက်ခဲ့ရာမှ ထိုနေ့ကို ဂုဏ်ပြုသောအားဖြင့် အမျိုးသားအောင်ပွဲ နေ့ဟု သတ်မှတ်ခဲ့ခြင်း ဖြစ်ပါသည်။

 


ယနေ့သည်    အမျိုးသားရေး  စိတ်ဓာတ်ကို အခြေခံပြီး အမျိုးဂုဏ်၊   ဇာတိဂုဏ် မြင့်မားစေရန် အတွက် အမျိုးသားပညာရေးလှုပ်ရှားမှုကို စတင် ဆောင်ရွက်ခဲ့သည့် (၁၀၁) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့   ဖြစ်ပါသည်။  နိုင်ငံသားတိုင်းသည် မျိုးချစ်စိတ် မြင့်မားရေးနှင့် ပြည်ထောင်စုစိတ်ဓာတ် ခိုင်မြဲရေးအတွက်   ခိုင်မာသည့်ပညာရေးအခြေခံ ကောင်းများရှိရန် လိုအပ်ပါသည်။

 


ယနေ့ခေတ်သည်    သတင်းအချက်အလက် နည်းပညာခေတ်ဖြစ်သည့်အလျောက် ပြည်ပနိုင်ငံ များမှ ထိုးဖောက်ဝင်ရောက်လာသည့် ယဉ်ကျေးမှု များနှင့် အတွေးအခေါ်များကို နှိုင်းချင့်ဝေဖန်သုံးသပ် ပြီး အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက် ပျက်ရန်၊   ခိုင်မာသည့်   အမျိုးသားစိတ်ဓာတ်နှင့် စစ်မှန်သည့် ပြည်ထောင်စုစိတ်ဓာတ်၊ မှန်ကန်သော မျိုးချစ်စိတ်ဓာတ်များရှိရန်    အထူးလိုအပ်လျက်ရှိပါသည်။ 

 


နိုင်ငံတော်အနေဖြင့်    နိုင်ငံရေး၊   စီးပွားရေး၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှု အခြေခံအုတ်မြစ် များကိုချမှတ်နိုင်ခဲ့ပြီး    ပြုပြင်ပြောင်းလဲမှုများကို အစွမ်းရှိသမျှ     တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ပြုပြင်ပြောင်းလဲ မှုများတွင် ပညာရေးပြောင်းလဲမှုများသည် အဓိက အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည်  ပညာရေးဖွံ့ဖြိုးတိုးတက်မှု အပေါ် အမှီပြုလျက်ရှိနေသဖြင့်    ပညာရေးဖွံ့ဖြိုး တိုးတက်မှုလုပ်ငန်းများကို   အရှိန်အဟုန်ဖြင့်  စီမံ ဆောင်ရွက်လျက်ရှိပါသည်။ 

 


ထို့အတူ တိုင်းရင်းသားအားလုံး၏   ဘာသာ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့၊ သမိုင်းအမွေအနှစ်များ၏   အနှစ်သာရများကို တန်ဖိုးထား ထိန်းသိမ်းမြှင့်တင် ပေးလျက်ရှိပါသည်။ မှန်ကန်သော    အတွေးအခေါ်၊   ကောင်းမွန်သော အကျင့်စာရိတ္တတို့ဖြင့်   ပြည့်စုံသည့်   လူ့စွမ်းအား အရင်းအမြစ်များကို  ပြုစုပျိုးထောင်ပေးပြီး ခေတ် စနစ်၏ လိုအပ်ချက်များနှင့်အညီ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်သော ပညာရေးစနစ် ဖြစ်ပေါ်ရေးအတွက် အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်ပေးကြရန်      တိုက်တွန်းမှာကြားလို ပါသည်။

 


နိုင်ငံတော်၏ နိုင်ငံရေးတည်ငြိမ်မှု၊ အေးချမ်း သာယာမှု၊   စည်းလုံးညီညွတ်မှု၊   စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု၊    ပြည်သူများ   စားဝတ်နေရေးဖူလုံမှု၊ ယဉ်ကျေးမှုအမွေအနှစ်နှင့်   အစဉ်အလာကောင်း များကို ထိန်းသိမ်းစောင့်ရှောက်မှုသည် ပညာရေးမှ လေ့ကျင့်ပျိုးထောင်ပေးလိုက်သည့် မျိုးချစ်စိတ်ကို အခြေခံသည့် အသိပညာ၊ အတတ်ပညာများသာ ဖြစ်ပါသည်။

 


အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ နည်းပညာနှင့် သက်မွေးပညာတို့ကို      သင်ယူလေ့ကျင့်ရာတွင် မြန်မာ့ရေမြေသဘာဝနှင့် ကိုက်ညီပြီး နိုင်ငံတကာ အဆင့်မီစေရေးအတွက်  စီမံဆောင်ရွက်လျက်ရှိ သကဲ့သို့ အထူးပညာရေးအစီအစဉ်နှင့်  လူတိုင်း အကျုံးဝင် ပညာရေးအစီအစဉ်များဖြင့် နိုင်ငံသား တစ်ဦးတစ်ယောက်မကျန်    ပညာသင်ယူခွင့် ရရှိရေးကိုလည်း   အလေးပေး   ဆောင်ရွက်လျက် ရှိပါသည်။

 


တက္ကသိုလ်များတွင် ပညာရပ်ဝန်းကျင်ကောင်း များ ပေါ်ထွန်းရေးကို ဆောင်ရွက်ပေးပြီး စည်းကမ်း ရှိသော မျိုးချစ်စိတ်ရှိသော အခက်အခဲနှင့် စိန်ခေါ်မှု များကို ရင်ဆိုင်ကျော်လွှားနိုင်သည့် စွမ်းရည်ပြည့်ဝ နှလုံးလှသည့် ပညာတတ်များ ပေါများလာစေရန် လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပါသည်။ စွမ်းရည် ပြည့်ဝသော ခေတ်ပညာတတ် လူငယ်လူရွယ်များ ပေါ်ထွက်လာရေးအတွက် နိုင်ငံတော်သည် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်နေ ပါသည်။    ကျောင်းမှန်မှန်တက်၊   စာမှန်မှန်ကျက် စာမေးပွဲအောင်ရုံဖြင့် ပညာတတ်သည်ဟု အပြည့် အဝ မဆိုနိုင်ပါ။ အကောင်းအဆိုး အကြောင်းအကျိုး အမှားအမှန် ခွဲခြားနိုင်ပြီး လက်တွေ့နယ်ပယ်တွင် ဉာဏ်နှင့်ယှဉ်ကာ   အောင်မြင်အောင်  စွမ်းဆောင် နိုင်မှသာ တကယ့်ပညာတတ်အစစ်   ဖြစ်ပါမည်။

 

မိမိတို့ သင်ကြားတတ်မြောက်ထားသော ပညာရပ် ကို တိုင်းရင်းသား ပြည်သူများ၊ လူမှုဘဝတိုးတက် အောင် စွမ်းဆောင်ကြရမည်ဖြစ်ပါသည်။ တိုင်းရင်း သား   ပြည်သူတစ်ရပ်လုံး၏    လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့်    ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက်     နေ့စဉ်လူမှုဘဝတွင်    အသုံးချနိုင်မည့် အသက်မွေးဝမ်းကျောင်းပညာရပ်များ ပိုမိုလေ့လာ သင်ယူကြရပါမည်။ မိမိ၏ မှန်ကန်သော မျိုးချစ် စိတ်ဖြင့်   အမျိုးဂုဏ်၊   ဇာတိဂုဏ်မြင့်မားအောင် စွမ်းဆောင်နိုင်ကြရမည်ဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ရင်းနှီးချစ်ခင်ပြီး စိတ်ရင်းစေတနာ အမှန်ဖြင့် ကူညီစောင့်ရှောက်တတ်သူများ ဖြစ်လာ စေရန် ကြိုးပမ်းကြရမည်ဖြစ်ပါသည်။

 


ပြည်ထောင်စုသားတိုင်းက ၂၀၂၁ ခုနှစ် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ ဖြစ်သော -
(က)     တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး၊
( ခ )     ပြည်ထောင်စုတစ်ဝန်းလုံး  လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာ အဆင့် မြှင့်တင်ဆောင်ရွက်ရေး၊
( ဂ )     မျိုးချစ်စိတ်ဓာတ်ကို      အရင်းခံသည့် ပြည်ထောင်စုစိတ်ဓာတ်    ထာဝစဉ် ရှင်သန်ထက်မြက်ရေး၊
(ဃ)    တစ်နိုင်ငံလုံး    ထာဝရငြိမ်းချမ်းစွာဖြင့် တိုင်းရင်းသားပေါင်းစုံ     အတူတကွ ယှဉ်တွဲနေထိုင်ရေးတို့နှင့်အညီ အလေး ထား  ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ပါသည်။ 

 


တိုင်းရင်းသားပြည်သူများအနေဖြင့် အမိနိုင်ငံ တော်ကြီးကို အမှန်တကယ်ချစ်မြတ်နိုးပြီး အချင်း ချင်း သံသယစိတ်ကင်းရှင်းစွာဖြင့် အပြန်အလှန် လေးစားညီညွတ်လျက် အနာဂတ်နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက်  စိတ်ကောင်းစေတနာ အပြည့်    ဇွဲလုံ့လအပြည့်ဖြင့်   အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ 

 


အချုပ်အားဖြင့် ဤသို့ထူးခြားလေးမြတ်လှ သည့်    အမျိုးသားအောင်ပွဲနေ့    အခါသမယ၌ “နိုင်ငံတော် သာယာဝပြောဖို့၊ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စို့” ဟူသော (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့         ဆောင်ပုဒ်နှင့်အညီ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ဘိုးဘွားအမွေ ဖြစ်သော ပြည်ထောင်စုနိုင်ငံတော်ကြီးကို အမျိုး သားရေးစိတ်ဓာတ်ဖြင့်   အလေးထား  ကာကွယ် စောင့်ရှောက်ပြီး ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက် သွားကြရန်   လေးစားစွာ   တိုက်တွန်းနှိုးဆော်အပ် ပါသည်။